ကဲ....ဒီမှာ... ကြက်ခြေထောက်ပေါင်းနည်းနော်။
ကြက်ခြေထောက်ပေါင်းအတွက် လိုအပ်တာတွေက
ကြက်ခြေထောက် ၁ ကီလို
ကြက်သွန်နီဥကြီးသုံးဥ
ချင်းငါးကျပ်သား
မုန်လာဥနီအနည်းငယ်
ကြက်သွန်ဖြူ ၂ဥလောက်ကိုအလုံးလိုက်နွာထား
ငရုတ်သီးအပွအနည်းငယ်ကို ရေစိမ်ထား
ဆီအနည်းငယ်
ပဲငံပြာရည်
ခရုဆီ
တရုတ်ဟင်းမွှေးမတ်စလာ(စောင်ကော်၊ပါးကော်)
ဆား၊ အချိုမုန့်
နံနံပင်တို့ လိုအပ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
ကြက်ခြေထောက်တွေကိုရေဆေးပြီး ခြေထောက်ထိပ်ဖြားတွေကိုဖြတ် ချက်မိအိုးထဲထည့်မယ်။ ပြီးနောက် ဆား၊ အချိုမုန့်၊ ပဲငံပြာရည်၊ တရုတ်ဟင်းမွှေးမတ်စလာ၊ ဆီအနည်းငယ်၊ခရုဆီ တို့ကိုထည့်ပြီး အိုးကိုအဖုံးပိတ်ပြီး သမသွားအောင် လက်နှစ်ဖက်နှင့် နာနာလှုပ်ခါပေးပါ။ အားလုံးသမသွားပြီဆိုရင် နယ်ထားပြီးကြက်ခြေထောက်ပေါ်တွင် ကြက်သွန်နီကို အလုံးကြီးက နှစ်ခြမ်းခြမ်းထည့်၊ အလုံးသေးက အလုံးလိုက်ကိုအသာလေတင်ထားမယ်။ ကြက်သွန်ဖြူကိုလည်းအလုံးလိုက်၊ ချင်းကိုပါးပါးလှီးပြီးတင်မယ်။ မုန်လာဥနီကို ရေဆေးပြီးအလုံးလိုက်တင်မယ်။ နံနံပင်ကိုရေဆေးပြီး အပင်လိုက်အုပ်လိုက်ပါ။ စိမ်ထားတဲ့ ငရုတ်သီးအပွကိုလည်းအပေါ်မှာတင်ထားမယ်။ ပြီးတော့ ရေအနည်းငယ်ထပ်ထည့်ပါ။ အားလုံးပြီးပြီဆိုရင် အိုးအဖုံးကိုပိတ်ပြီး မီးဖိုပေါ်မီးပြင်းပြင်းနဲ့ တင်ထားလို့ရပါပြီ။ ကြက်ခြေထောက်တွေနူးသွားပြီ ဆိုရင်မီအရှိန်လျော့ပြီး ခဏလေး ဆက်တင်ထားမယ်။ အရသာလေးမွှေးပြီးစားချင်စိတ်တွေ ထိန်းမရဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပိုပြီးကောင်းအောင် ခဏလေးတော့ ဆက်စောင့်နော်။ စောင့်နေချိန်မှာကြက်ခြေထောက်ပေါင်းနှင့်တွဲစားဖို့ သခွားသီးကိုပါးပါးလှီးထားမယ်။ မန်ကျည်းမှည့်အချဉ်ရည်ကို စပ်စပ်လေးလုပ်ထားမယ်။ စားဖို့ပြင်တော့မယ်ဆိုရင် ပန်းကန်လုံးထဲတွင် ကြက်ခြေထောက်ပေါင်းကိုအသာလေး ခတ်ထည့်နော်။ ပန်းကန်ဘေးနားမှာ လှီးထားတဲ့သခွားသီလေးကို စီပြီးထည့်နော်။ အပေါ်မှာနှံနံပင်လေးအုပ်ပေးနော်။ ကဲ အချဉ်ပန်းကန်လေးကို ယူပြီးအားရအောင်စားပေတော့။
ရှလွတ်...ရှလွတ်....ထူးရှယ်အရသာ.. တကယ်ကိုကောင်း။
လာရောက်အားပေးကြတဲ့ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
ဂျာမုန်းဒန်

Type rest of post here