Saturday, May 30, 2009

သားလေးရဲ့တိုးတက်မူ (ငါးလပြည့်)


Family ဘလော့ဝ်လေးမို့ သားလေးအကြောင်းကို ပြောပြချင်တယ်၊ အခုဆိုရင် သားလေးငါးလပြည့်ပြီးသွားပါပြီ။ သားလေးက တစ်နေ့တခြားတိုးတက်လာတော့ မိဘနှစ်ပါးက အရမ်းကိုပီတိဖြစ်မိတယ်၊ အရမ်းကိုချစ်စရာကောင်းလာတယ်၊ အခုဆိုရင် အဖေအမေကို မှတ်မိနေပြီလေ။ နို့သောက်တဲ့အခါ နို့ဘူးကို သူ့လက်နဲ့ကိုင်ပြီးသောက်တတ်နေပြီ၊ လူကြီးတွေစကားပြောနေရင် သူပါ လိုက်ပြောနေပြီး တဟားဟားနဲ့ကိုရယ်နေတော့ဒါပဲ၊၊ သားလေးကတစ်ကယ်ကိုလူလည်တော့၊ မချို၊ မကောင်းတဲ့ အစားအစာကြွေးရင် လုံးဝကိုမစားပေးဘူး။ အခုကတည်းက အရသာခံတတ်နေပြီ။

သူ့ကြောင့်အဖေအမေ အားနာရဒါတစ်ခုရှိတယ်။ သူ့အဖေရဲ့ သူငယ်ချင်း နုတ်ခမ်းမွှေးရှည်ရှည် ကုလားနဲ့ လူကိုတော့ လုံးဝကိုပြုံးမပြဘူး၊ သူ့ကိုချစ်လို့ အိမ်လာလည်ရင်လည်း မြင်လိုက်ဒါနဲ့ တအားကိုအော်ငိုတော့ဒါဘဲ။ ကုလားရဲ့နုတ်ခမ်းမွေးကို ကြောက်ဒါ ထင်ပါရဲ့။
သားလေးကသိပ် ကံကောင်းတယ်၊ သူငယ်ချင်းတွေအားလုံးကလည်း အရမ်းကိုချစ်ပြီး ဂရုစိုက်ကြတယ်လေ။

သူငယ်ချင်းတစ်ယောက်ဆိုရင် သားလေးကို…..“ကရားပိုးတီးတူ…….ကရားပိုးတီးတူ…..” ဆိုပြီ လာလာစတော့ အဲဒီဦးကို အိမ်လာတိုင်း မှတ်မိပြီး ပြုံးပြနေဒါပဲ။ သူ့တီတီလေးတစ်ယောက်ကလည်း……“ကလေးလေးရယ်……အားရို…..အားရို.” ဆိုပြီးလာပြောတဲ့အခါ သားလေးကလည်း…….အူးဝါး…….အဲအူး…….ဆိုပြီးပြန်လိုက်ပြောတော့ …..သူ့တီတီကလည်းချစ်လို့မ၀ကို ဖြစ်နေတော့ဒါဘဲ။ နောက်တူငယ်ချင်းစုံတွဲ နှစ်ယောက်လည်း သားလေးကို သိပ်ဂရုစိုတာဘဲ…..တစ်ပတ်ကိုတစ်ခါတော့ အမြဲကိုလာကြည့်ကြတယ်၊ အခုလည်း ငါးလပြည့်တဲ့အထိမ်းအမှတ်နဲ့ အခုဝတ်ထားတဲ့ အင်္ကျီကိုလေးကို လက်ဆောင်လာပေးသွားတယ်။







ဖေဖေမေမေရဲ့ဆုတောင်းသံ

အဖေနဲ့အမေကတော့ ငါ့သားလေးကြီလာရင် ပညာတတ်ကြီးဖြစ်ပြီး မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ အဖိုးအဖွားအားလုံးကိုရိုသေလေးစားခြင်း၊ ဘုရားသခင်ကိုချစ်ကြောက်ရိုသေတဲ့ သားလိမ်မာလေး ဖြစ်ဖို့ အမြဲပဲဆုတောင်းပေးနေပါတယ်…….သားလေးရယ်……..။
သားလေးကိုချစ်တဲ့
ဖေဖေနဲ့မေမေ

Type rest of post here

4 comments:

မိုးကောင်းသူ said...

သားသားလေးက ချစ်စရာလေး။ သူများကလေးတွေ လိုက်ကြည့်နေရတာမမောနိုင် မပန်းနိုင်ပဲ။

မိုးခါး said...

သားလေးက ချစ်စရာလေးး))
ညီမလည်းဆုတောင်းပေးပါတယ်နော် ..

ညလေး said...

သားလေးက ချစ်စရာလေး ပြုံးနေပုံများ...
သားလေးတစ်ယောက် မေ့မေ့ဆန္ဒများကို ဖြည့်တင်းနိုင်သော သားလိမ္မာတစ်ယောက်ဖြစ်ပါစေ...

Anonymous said...

ချစ်ဖို့ ကောင်းတဲ့ သားလေး ဖေဖေ မေမေ ဆုတောင်းထက် ပိုပြီး ပြည့်စုံအောင်မြင်နိုင်တဲ့ သားလိမ္မာတစ်ယောက်အဖြစ် သက်ထက်ဆုံး အောင်မြင်ပျော်ရွှင်စွာ ရပ်တည်နိုင်ပါစေ ...
နေဒေးသစ်။