Friday, May 22, 2009

မိမိကိုကိုယ် ယုံကြည်ခြင်း

လူတိုင်းတွင် မိမိကိုယ်ကို ယုံကြည်ခြင်းသည် ဘ၀တွင် အင်မတန် အရေးကြီးပါသည်။ တကယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းသူသည် ဘ၀တွင် တိုးတက်အောင်မြင်မှု နည်းပါးမည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။ ကိုယ်ကိုကိုယ် ယုံကြည်ခြင်းသည်လည်း မိမိကိုယ်တိုင် အားကောင်းနေမှသာ ယုံကြည်နိုင်ပေသည်။

အရည်အချင်းမရှိသူ၊ ကိုယ်ကျင့်ဝတ်မူအားနည်းသူ၊ မရိုးသားသူသည် မိမိ၏ အားနည်းချက်ကို မိမိကိုယ်တိုင် သိနေသူဖြစ်သည်။ ကတိကို လွယ်လွယ်ပေးပြီး ပျက်ကွက်သူ သည် ကတိမတည်သူ၊ သစ္စာမဲ့သူဟု မိမိကိုယ်ကို ဖော်ထုတ်နေသူ ဖြစ်သည်။ ကတိ အကြိမ်ကြိမ် ဖျက်တတ်သူကို အခြားသူများက မယုံကြည်ခြင်းသည် အဆန်းမဟုတ်ပေ။

ထို့အတူ အလုပ်ကို ကြိုးစား လုပ်ဆောင်သူသည် ကြိုးစားမှုနှင့် စပ်လျဉ်းခြင်းဖြင့် အများက ယုံကြည်ပေလိမ့်မည်။ အမှန်ကို ပြောတတ်သူကို ရိုးသားမှုနှင့် ပတ်သက်ပြီး အခြားသူတို့က ယုံကြည်ကြပေလိမ့်မည်။ သို့သော် အပြင်စိတ်က မည်သို့ပင် ဖုံးဖိဟန်ဆောင်နေသ်ာလည်း အတွင်းစိတ်က အသိအမှတ်ပြုထားမည် ပင်ဖြစ်သည်။ လူတို့ လုပ်သမျှအားလုံး အတွင်းက မလွတ်တမ်း မှတ်တမ်း တင်ထားမည် ပင်ဖြစ်သည်။

1 comment: