Monday, June 8, 2009

အသားမှာဝက်၊ အသီးမှာသရက်


အသားမှာဝက်၊ အသီးမှာသရက် ဆိုတော့ဒီနေ့ အသီးရဲ့ဘုရင် သရက်သီးလေးခွဲစားကြမယ်နော်။ တိှု့ဆီမှာက ရှားရှားပါးပါး တခါတလေပဲ ရောင်းတယ်လေ၊ ဒါကြောင့် အမိအရ အားလုံးစားဖို့ ၀ယ်လာတာပါ။

တို့မိသားစုပဲ မစားရက်ဘူးလေ။ ဒါကြောင့် သူငယ်ချင်းတွေကိုပါ ခွဲကျွေးတာနော်။ တစ်ယောက်တစ်ဆိတ်စီစားကြမယ်။

အသားမှာဝက်ဆိုတော့ ဒါလေးပါမှီးသွားကြနော်၊ အဆီလုံးဝမပါ ဘူး၊ ကြက်သွန်လေးနဲ့ပဲ ဒီလိုလေးကြော်ထားတယ်။

ဒါလေးက ကြက်သားကချင်ချက်ဆိုပြီး ချက်ထားတယ်၊ ဒါပေမယ့် တို့ဆီမှာက အရွက်တွေ မစုံတော့ ဒီလိုလေးဖြစ်သွားတယ်၊ အရသာတော့ ရှယ်ပဲနော် မယုံရင် မှီးကြည့်နော်။ မမ မိုးကောင်းသူလည်း ဒီနေ့ ကြက်ကချင်ဟင်းချက်ထားတယ်လေ၊ သူ့ဟင်းက ပိုကောင်းတယ်။ ဒီမနက် အစောကြီး ကျွန်မသွားဝါးပြီးပြီ။

ဒါလေးက ဂေါ်ဖီချင်သုတ်နော်။ အအီပြေလေးသုပ်ထားပေးတာနော်။

ဒါလေးက ၀က်နှံရိုးကင်နော်၊ မဲပေမယ့် သိပ်နူးညံ့ပြီး စားလို့ကောင်းတယ်။

ကဲဒါလေးက ကြက်သားကာလသားချက်ပါ။ စပ်စပ်လေး ချက်ထားတာနော်။

ကဲ...ဂျာမုန်းဒန် ရဲ့ အစားအသောက်လေးကို စားရင်း ကောင်းမကောင်းလေးပြောသွားအုံးနော်။ နောက်လဲချက်ကြွေးအုံးမှာမို့ပါ။

လာရောက်စားသုံးကြတဲ့ မိတ်ဆွေအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေနော်။

ဂျာမုန်းဒန်

10 comments:

ဂျာမုန်းဒန် said...

လာရောက်စားသုံးကြတဲ့ မိတ်ဆွေအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေနော်။
နောက်လဲလာစားကြအုံးနော်

minsoesan said...

innn...sar lo a yan kg te bya..ko ama lat yar ka tot thi pi tar be'....always kg par te...pyaw nay sa yar ko ma lo tot dar....

လင်းကြယ်ဖြူ said...

ဝင်သားဟင်းကကောင်းမယ့်ပုံကြီးနော် ...
သရက်သီးကလည်း ၀င်းနေတာပဲ ....
ဗိုက်တောင်ဆာလာပြီခင်ဗျ။
ကျေးဇူး

မေလေး said...

မမ
သရက်သီး စားသွားတယ်နော်

မမ ကို ချစ်တဲ့
မေလေး

မြစ်ကျိုးအင်း said...

အံကိုက်ပဲအမရေ သရက်သီးလဲ ကြိုက်တယ် ၀က်သားဟင်းလည်းကြိုက်တယ်
အကြိုက်ဆုံးကတော့ ၀က်နံရိုးကင်ပဲ....။

Anonymous said...

မရေးးးးးးးးးးးးးးး
ချစ်ညီမလေးလာတယ်ရှင်
ဝက်သားကလွဲရင်အားလုံးစားသွားတယ်နော်
ကျေးဇူးပါ...တ့ာတာ

မိုးကောင်းသူ said...

သူများတွေများ ဟင်းချက်ကောင်းယုံတင်မဟုတ်ဘူး။ အလှအပပါ လုပ်တတ်တယ်နော်။
သရက်သီးတော့ ငါးပိထောင်းယူလာပြီးတို့စားသွားတယ်။
ဝက်နံရိုးကင်လဲ စားသွားတယ်။ ဘယ်လိုကင်လဲဟင်။ နည်းလေးပြောအုံးနော်။
ကာလသားဟင်း စပ်စပ်လဲ စားသွာတယ်။ ကျန်တာ နောက်ရက်မှ လာစားမယ်နော်။

မိုးခါး said...

လာစားပါတယ် မမရေ .. ခုတော့ပုံပဲပေါ့နော် .. နောက်တွေ့ရင်တော့ တကယ်ကြီး ၀ါးမှာပဲ .. :D
ခုတော့ မျက်စိအစာကျွေးသွားပါတယ် .. :P

Unknown said...

ဝက်သားကချင်ချက်ကို ကြိုက်၏။ သို့သော် အစပ်တော့ မစားနိုင်.....
စိတ်ညစ်တယ် ကြက်သား ကာလသားဟင်းကလဲ စပ်တယ်တဲ့ :D
သရက်သီးပဲ စားတော့မယ်...

Mr;smart said...

စောစော ဝက်သားကချင်ချက်ကိုစားသွားတယ်..,
ရွင်လန်းချမ်းမြေ့ပါစေ...,

Tztun