Thursday, June 25, 2009

စားကြမယ်ဟေ့ကောင်းကောင်း(၃)


ဟင်းတွေအစုံပဲနော်။ နိုက်စားသွားလို့ရပါတယ်။


ခုတလော ကန်းဇွန်းရွက်တွေပဲ စားဖြစ်တယ်။ ဒီတခါတော့မှိုလေးနဲ့ကြော်ထားတာပါ။


ဒါကတော့ သခွားသီးသုပ်ဖို့ပါ။ ဒီလိုလေးသုပ်စားရတာ အရသာတမျိုးလေးပဲ..စားလို့ကောင်းတယ်။ သုပ်စားကြည့်နော်။ သခွားသီးကိုရေဆေးပြီးအ၀ိုင်းလေးလှီးပြီးဒေါင်လိုက်ပြန်လှီးထားတာပါ။ ကြက်သွန်နီကိုပါးပါလှီးရေဆေးပြီးထည့်၊ငရုတ်သီးစိမ်းလှီးထည့်၊အသင့်လုပ်ထားတဲ့ကြက်သွန်ကြော်လေးပါထည့်နောက်သံပုရာသီးညှစ်ထည့်၊ ဆားလေးထည့်ပြီးသုပ်စားနိုင်ပါပြီ။


ဒါလေးကတော့ ပုဇွန်ကိုဆီပြန်လေးချက်ထားတာပါ။


ဒါလေးက ကြက်သားကင်ပါ။ အဆင်သင့်သုံးဆောင်နိုင်ပါပြီရှင်။


ဒါလေးကတော့ ကြက်အူချောင်းကင်ပါ။ု ဒါးလေးနဲ့အနည်းငယ်လှီးပြီး ဒယ်အိုးမှာဆီပါရုံလေးထည့်၊ ဟိုဘက်ဒီဘက်လှန်ပြီး ကင်ကြော်လုပ်ထားတာပါ။ စားကြည့်နော်..အရမ်းကောင်းတယ်ရှင်။


ဒါကတော့ စားလို့မရိုးနိုင်တဲ့ ကချင်ပိန်းဥဟင်းရည်ပါရှင်။ တို့ဆီမှာ တခါတလေမှ အာရှဆိုင်မှာ ရှားရှားပါးပါးရောင်းတဲ့အချိန် ၀ယ်ပြီး ချက်စားရတာပါ။ မျှစ်တိုချောက်လေးပါခတ်ထားပါတယ်။ သောက်သွားနော်။


ဒါကတော့ ဂျာမန်ပန်းသီးပါရှင့်။ ဆေးပြီးသားမို့ အလုံးလိုက်ကိုက်စားသွားပါနော်။

ဒါကတော့ စတော်ပယ်ရီသီးပါ။ မြေမြို့ကိုလွမ်းတိုင်း ၀ယ်စားဖြစ်တယ်။ စားသွားနော်။ ခြင်းလိုက်တယ်သွားချင်က သယ်သွားပါနော်။

ချက်ပေးမဲ့တာဝန်က ဂျာမုန်းဒန်အလုပ်။
စားဖို့တာဝန်က မိတ်ဆွေတို့အလုပ်ပါရှင်။

အားလုံးပျော်ရွှင်စွားသုံးဆောင်သွားကြပါလို့ မေတ္တာရပ်ခံရင်း
ဂျာမုန်းဒန်


Type rest of post here

9 comments:

မီးငယ် said...

မမရယ် ဗိုက်ဆာနေတာ... အဟင့်..
ပိုပြီး ဗိုက်ဆာသွားပြီ... ခေါက်ဆွဲပဲသွားစားတော့မယ်...

Anonymous said...

ရှောင်းရျောင်ရေးးးးးးးးးးးးးးးးးးးးးးးး

မြူးလေးလာစားတယ်နော်
ပိန်းဥအသေကြိုက်
ကြက်အူချောင်းစားမယ်နော်
ဂျာမန်ပန်းသီး စားမယ်
ကစွန်းရွက်ကြော်စားမယ်

ဟီးးးးးးးးးးးးးးး
အသေစားနေတာပဲ လှလာရင်တော့လား

ရှောင်းရှောင်ကြောင့်ပေါ့
ချစ်တဲ့
မြူးလေး

လင်းကြယ်ဖြူ said...

အကုန်စားတယ်ဗျာ..ကဲမှတ်ထား
ပါဆယ်တောင်ယူသ္ဂားသေးတယ်..
နောက်နေ့ဗိုက်ဆာရင်ဆက်စားဖို့လေ...
ပျော်ပါစေ ခင်ဗျာ

Anonymous said...

မနက် ၃ နာရီရှိပြီ တွေ့တွေ့ချင်းလာစားတာ အိပ်တောင် မအိပ်ရသေးဘူး .. ၃ယောက်တောင်ဦးသွားပြီကိုးးး :( အစားအသောက်ဆို မြန်လိုက်ကြတာ ဟွန်း .. နာလိုဘူးးးးးး
:D

ဟင်းအကြောင်း မပြောပါနဲ့ဦး .. ပြင်ဆင်ထားတာလေးတွေ ကြည့်ရတာနဲ့တင် .. တော်တော်လေး မနေနိုင်မထိုင်နိုင် ဖြစ်နေပြီ ... အားလုံးထဲမှာ မစားဘူးသေးတဲ့ အသစ်ကတော့ ကချင်ပိန်းဥရည်ဟင်း .. အတော်ခံတွင်းတွေ့နေတယ် .. စားလို့ ကောင်းလိုက်တာ အရမ်းပဲ ... ကျန်တာတွေလည်း မစားရတာကြာလို့ အရမ်း ကြိုက်တယ် .... ဟင်းတွေ အရမ်းများလို့ တစ်ထိုင်တည်းကလည်း မကုန် ... ပါဆယ်လေးများဆွဲသွားလို့ ရမလား .. :D အကျင့်လေး ပါနေလို့ပါ .. :D

စတော်ဘယ်ရီသီးတွေကလည်း လှလိုက်တာ လွန်ရော .. ပန်းသီးတွေလည်း မြင်တာနဲ့ သွားရည်ကျ ... အီးးးးးးးးးး
အိပ်ခါနီး အိပ်မပျော်အောင် လုပ်ပီးးးးးးးးးးးးး
အစားကောင်း အသောက်ကောင်းတွေ .. အိပ်မက်ထဲထိ သယ်သွားမယ် ... အိပ်မက်ထဲရောက်မှ တစ်ဖြဲ၂ ဖြဲ အားမနာ လျှာမကျိုး လာစားမယ် .. ရိုက်မလွှတ်နဲ့ :D
ကျေးဂျူးကမ္ဘာဆိုင်ယော :D
နေဒေးသစ်။

မိုးကောင်းသူ said...

ပိန်းဥဟင်းရည်တောင် သောက်ချင်လာပြီ။ မြူးလိုပဲ ပြောလိုက်မယ်။ ပိန်းဥဆို အသေကြိုက်။ ဟီး။ ကျန်တာလဲ စားသွားတယ်နော်။

အားရင် ကချင်ဆန်ပြုတ်လေးလဲ တင်ပါအုံး။ (ပိန်းဥ၊ အာလူး၊ မုန့်ညှင်း၊ ၀က်သား၊ ငရုတ်သီးစိမ်းနဲ့ အိမ်မှာတော့ ပြုတ်စားတယ်) ဟုတ်လားတော့ သိဘူး။

မေလေး said...

မမရေ သခွားသီးကိုမမပြောသလို မနက်ဖြန်သူတ်စားမယ်။ ပိန်းဥ ဟင်းချိုမသွားပြီ။ စတော်ဘယ်ရီလဲယူသွားတယ်နော်

Unknown said...

မနက်ကော နေ့လည်မှာပါ ထိုင်စောင့်နေတာ ဘာမှမကျွေးဘူး။ အပြင်ကို ခဏလေး သွားလိုက်ပါတယ်။ မြူးသျှရီတို့၊ မိုးကောင်းသူတို့၊ မေလေးတို့က အုပ်စုလိုက် လာပြီး ဝိုက်သွားကြပြီ။ မြန်ထှာ.... ဒီနေ့ချက်တာ၊ ကင်တာ၊ သုတ်တာ အကုန်ကြိုက် ဟင်းချိုရေလေးကလဲ... ပိန်းဥဟင်းချိုဆိုတော့ ရှယ်ပဲ...

minsoesan said...

hehehe...thu myar comment twe read ya dar a yan yee ya de...ama yay I di ta pwe' tot lout twar te..:(...photo twe be' myin ya tot te...:):)...nout ma home ko lar pi sar tot me...

မိုးခါး said...

ဗိုက်ဆာတယ်ဗျို့ :D