Tuesday, June 16, 2009

ဟင်းတွေစုံတယ်နော်

ဟင်းတွေစုံတယ်နော်၊ ဒါတွေအားလုံးက ဘလော့ဝ် မိသားစုဝင်အားလုံးအတွက်ရှယ် ချက်ထားပေးတာပါ။ အားမနာတမ်းသုံးဆောင်သွားကြပါရှင်။

ဒါလေးက သပ်သပ်လွတ်ပါရှင်။ ကြက်သွန်ဖြူ၊ ဆီသန့်လေးပဲ ကြော်ထားတာပါ။

ဒါလေးကတော့ အသဲကြိုက်သူများအတွက် ဒီလိုလေးချက်ထားပေးတယ်။ အပေါ်မှာတရုတ်နံနံလေးအုပ်ထားတော့ အရသာတစ်မျိုးလေးပေါ့ကွယ်။

ဒါလေးက ၀က်သားအစိမ်းကြော်လေးပါ။

ဝက်သားအစိမ်းကြော်ဖို့ အတွက် အဆင်သင့် လှီးထားတာပါ။

ဒီအပင်က တရုတ်နံနံပါရှင်။ တို့ဆီမှာ ဒီလိုဝယ်လို့ရတာ ဒါပထမဆုံးပဲ။ ဒီအပင်အားလုံးမှ Euro ၁ ကျပ်ပါ။

ဒါလေးက ကြည့်လိုက်ရင် မဲနေတာပဲနော်။ ဒါပေမယ့် ကျွန်မ အကြိုက်ဆုံးဟင်းပါ။ တို့ဆီက ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်နဲ့ ကြော်ထားတာပါ။ ဒီချဉ်ပေါင်ရွက်ကို ကိုယ်တိုင်သွားခူးတာနော။ ချက်စားဖြစ်တာလဲ ဒါပထမဆုံးပဲ၊ အရင်ကချဉ်ပေါင်ရွက်ရှိမှန်း လုံးဝမသိဘူး၊ သူငယ်ချင်းတယောက်ပြောပြလို့သွားခူးကြည့်တာလေ။ ဒို့ဆီက အရွက်နဲ့တော့ မတူဘူး။

ဒီဟင်းက ကြက်သားကချင်ချက်ပါ။ ကြက်သားနဲ့ မျှစ်ချဉ်ခြောက် ကို ကချင်ချက်နည်းချက်ထားတာလေ။

ဒါလေးက အမဲဘူးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစပ်စပ်နဲ့ ဆီသပ်ချက်ထားတာပါ။

ဒီဟင်းလေးက Tuna ငါးကိုခြေပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီလေးနဲ့ ဆီသပ်ပြီးချက်ထားတာပါ။ အရသာ အရမ်းကောင်းတယ် မှီးကြည့်နော။

ကဲ....ဟင်းတွေက ရှယ်ချက်ထားတာနော်....စားဖို့တာဝန်ကတော့.....မိတ်ဆွေတွေရဲ့တာဝန်ပါ။ ဟဲ...ဟဲ ထမင်းတော့ ယူလာရမယ်နော်....ထမင်းချက်ဖို့မေ့နေလို့ပါ.....စောရီးနော။

အားလုံးကိုခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

Type rest of post here

13 comments:

Anonymous said...

ချားမယ် ချားမယ် မြူးလေးပထမကွယ်
ဘယ်သူ့ဖိုပမှမချန်ဖူးနော်
အကုန်စားမယ် ကျန်ရင်သယ်သွားမယ်

ချစ်တဲ့
မြူးလေ

minsoesan said...

ama yay...cook hla chi lar?...sone nay dar be'...lar visit pi sar twar te naw...kg te byoo...

လပြည့်ရိပ် said...

ဂလု ဂလု..... သားရေတွေမျိုချနေသံကြားရလား အစ်မ။ ဟင်းတွေကရှယ်ပဲ။ ဘယ်နေရာက ဘယ်လိုချဉ်ပေါင်ကိုသွားခူးလာတာလဲ။ ညီမတော့ ချဉ်ပေါင်ဆိုတာကိုဒီမှာ တခါမှ မမြင်ဘူးသေးဘူး။ မျှစ်ချဉ်ခြောက်ဆိုတာက လည်း asia ဆိုင်မှာရတာလား။

တောင်ပေါ်သား said...

ချဉ်ပေါင်ကြော်လေးက စားချင်တယ် အပြန်အိတ်ထဲ ထည့်သွားမှ အဟီးး မကြီး အစားအစာတွေ စားရတာ ခေါင်းက စောင်းသွားတယ် ပုံတွေက တစောင်းကြီးဆိုတော့ ဟင်းနှိုက်ရတာ ခက်ပါ့ ထမင်းတော့ ယူမလာတော့ဘူးလေ ဟင်းပဲ စားတတ်နေပြီ အဟဲ

လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

အမရာ ဗိုက်ဆာပါတယ်ဆိုး(
ချဉ်ပေါင်ကြော်လည်းစားချဉ်တယ်
ဝက်သားလည်းစားချင်တယ်
အကုန်စားချင်တာ :D

မိုးခါး said...

တူနာလည်းစားချင်သေးတယ် :P

ရောင်ပြန် said...

စားမယ်... ၀ါးမယ်.. အဟဲ အိမ်ပါပြန်သယ်မယ်နော်... ရှူးတိုးတိုး သူများမသိစေနဲ့...

Unknown said...

စကားမစပ် အမကို US မှာနေတယ် မှတ်နေတာ။ Euro $1 ဆိုမှ မဟုတ်မှန်းသိတော့တယ်။ :D အဲဒီမှာ တရုတ်နံနံက Euro ၁ ကျပ် ဆိုတော့ ဈေးကြီးလိုက်တာ။ ဒီဖက်မှာ အရမ်းပေါတယ်ဗျ။ ကျွန်တော်တော့ ဘာဟင်းချက်ချက် တရုတ်နံနံ(သို့) ဗမာနံနံ တခုခု ထည့်တာပဲ။ ဈေးပေါတာကိုးဗျ.......

မိုးကောင်းသူ said...

အပြင်သွားနေလို့ ခုမှ လာစားနိုင်တယ်။ ချဉ်ပေါင်ကြော်မြင်သာနဲ့ သွားရည်အရင်မျိုချရတယ်။

Unknown said...

Hi a ma,
Today I also cook Chin Paung and bamboo.It was great.
Yesterday I cooked Chin Paung , shrimps and Pain Oo. The day before yesterday I cooked Chin Paung and pork. :D
Now I have no more chin paung.
When shall we go to get Chin Paung for another curry.
:P

မေသစ္စာမောင် said...

ဟင်းတွေက အကြိုက်တွေပဲ အမရေ...
စားမယ် စားမယ်....အဲ နေဦး ထမင်းသွားချက်လိုက်ဦးမယ်း)

Unknown said...

WelcomeTo Omni Mont-Royal Hotel Canadian Employment Offer Hotel Omni Mont-Royal
1050 Sher
brooke Street West
Montreal, H3A 2R6 CA.
Good day,
I am Rose from Canada, the manager of Omni canadian hotel, pls i want to inform you about the vacancies in our hotel, The management needs men and women, married and not married, who will work and live in Canada .The hotel will pay for his flight ticket and assist him to process his visa in his country, if you are interested contact us via E-mail : omni.montroyalinternationalhotel@yahoo.ca
And the Hotel informations will be sent to you immediately.
Thanks.
From the Hotel manager.
TEL. (+1-51-458-744-25) OR (+1-77-264-785-65)
E-MAIL : omni.montroyalinternationalhotel@yahoo.ca
NOTE... DO NOT REPLY BACK IN THIS SITE IF YOU ARE INTERESTED YOU HAVE TO CONTACT US BACK THROUGH THE EMAIL ABOVE FOR IMMEDIATE RESPONSE OK.