********မွေးနေ့ပွဲလေးသွားခဲ့တယ်********

မနေ့က....ဂျာမုန်း.မွေးနေ့ပွဲလေးတစ်ခုသွားခဲ့တယ်။ဂျာမုန်းရဲ့...ချစ်ညီမလေးတစ်ယောက်ရဲ့မွေးနေ့ပေါ့။
ဒီမွေးနေ့ရှင်...ညီမလေးနဲ့ဂျာမုန်းတို့က...တစ်ယောက်နဲ့တစ်ယောက်မောင်နှမသဖွယ်ချစ်ကြပြီး...
အကြိုက်ခြင်းလည်းတူ၊၀ါသနာခြင်းလည်းတူကြတယ်လေ။.
.အကြိုက်တွေ၊၀ါသနာတွေတူပေမယ့်..အလှခြင်းတော့မတူပါ။.ညီမလေးကပိုချစ်စရာကောင်းပြီးပိုချောတယ်။
နောက်ပြီးစိတ်ထားလည်းဖြူစင်တယ်.............ပျိုပျိုမယ်တစ်ယောက်လဲဖြစ်တယ်လေ။
ဒါကြောင့်..........ကံကောင်းခြင်းများစွာနဲ့.........ပြည့်စုံတဲ့ညီမချောလေးတစ်ယောက်မို့...
ချစ်တဲ့သူတွေ...............၀ိုင်းဝိုင်းလည်နေတာတော့အမှန်ပဲ။......ဒါပေမယ့်...ညီမလေးရဲ့.စိတ်ထဲမှာတော့..
တစ်ယောက်ဆိုတစ်ယောက်...............ပိတောက်ဆိုပိတောက်ပဲ..........။သစ္စာရှိတယ်လေ။
နောက်ဆက်တွဲတော့မပြောတော့ဘူးနော်..ဟီးဟီး။
ဂျာမုန်းတို့နေထိုင်တဲ့မြို့လေးမှာ....မေမြို့လေးလိုအေးချမ်းပြီး၊..တောင်တွေထူထပ်ပေမယ့်.
.မြန်မာကသူငယ်ချင်းတွေ၆ယောက်လောက်လာစုမိကြတော့...ပြီးပြည့်စုံတဲ့မိသားစုသဖွယ်..
အရမ်းကိုပျော်ကြပါတယ်။..အဲဒီထဲမှာသားသားလေးကလည်းအပါအ၀င်ပေါ့..။
အားလုံးရဲ့ဝိုင်းချစ်ခြင်းကိုခံရတော့...မောင်ဝိုင်းချစ်ဆိုတဲ့နာမည်ပါရတော့မလို့ပဲ။
တို့ဆီမှာတော့သားလေးက..အားလုံးကိုပျော်ရွှင်မူပေးနိုင်တဲ့တန်းခိုးရှင်ကြီးပေါ့လေ။
ကဲ....အစားအသောက်တွေကြွားလိုက်အုံးမယ်။
အားလုံးစားဖို့အတွက်ပါဆယ်ဆွဲခဲ့တယ်။အ၀ကိုသီးရမယ်နော်။
ကဲ....ဒါက..မွေးနေ့ရှင်ညီမလေးရဲ့စေသနာအပြည့်နဲ့ချက်ကျွေးတဲ့အစားအသောက်တွေပါ။တွေ့တယ်နော်....ရှယ်ပဲ..ပြင်ဆင်ထားပေးတယ်။သူငယ်ချင်းတို့ရေ..အ၀ကိုစားသွားကြပါရှင်။
ဆက်ကြည့်မယ်နော်
ဒီပုံကတော့...အစားအသောက်တွေစားဖို့ပြင်ဆင်ထားတဲ့အခန်းပါ။ စာဖတ်မိတ်ဆွေတွေပါ...ပါဝင်ဆင်နွဲလို့ရတယ်နော်။
ဒါလေးက..ကြက်ဥမွေကြော်ပါ။..ခရမ်းချဉ်သီးပန်းပွင့်လေးပါစားလို့ရတယ်နော်။အရွက်စတိုင်လ်ပန်းသီးလေးပါစားသွားနော်။လှတယ်ဆိုပြီးချန်မထားလိုက်နဲ့နော်။ငတ်သွားမှာဆိုးလို့။
ဒါကတော့..ကြက်သား..အားလူးမတ်စလာချက်ပါ။အဖြူရောင်ပန်းပွင့်လေးကငရုတ်သီးအပွပါ။ကိုက်စားသွားနော်။
ဒါလေးကငါးကင်ပါ။အနီရောင်ပန်းတွေလည်းစားလို့ရတယ်။မုန်လာဥအရသာရှိတယ်။စားသွားနော်။
ဒါကတော့ကော်ပြန့်ကြော်ပါ။
ဒါကတော့.အုန်းထမင်းပါ။..
ဒါကတော့...မျှစ်ခြင်ကိုအချဉ်လုပ်ထားပြီးကြော်ထားတာတဲ့။ကောင်းတယ်စားကြည့်နော်။
ဒါကတော့ကြက်ကုန်းဘောင်ကြော်ပါ။ပုံကဂျာမုန်းရိုက်ထားတုန်းကအတည့်ပါ။ဒီထဲထည့်လိုက်ရင်ဇောက်ထိုးဖြစ်သွားတယ်။တည်းခံပြီးဇောက်ထိုးပဲစားသွားကြပါရှင်။
ဒါလည်းငါးကင်ပါ။ထပ်စားသွားနော်။ငါးရိုးဆူးမယ်။ဂရုစိုက်ပြီးစားကြပါနော်။
ဒါလေးက.သီးစုံနော်။.အအီပြေလေးစားကြမယ်နော်။
ဒါက...အားလူးစနွမ်းမိတ်ကင်းပါ။အရသာအရမ်းကောင်းတယ်။စားသွားနော်။ကဲ....ဂျာမုန်းဆီစာလာဖတ်သူမိတ်ဆွေများရှင်...၀လျှင်စွာစားသွားကြပါရှင်..။မစားပဲပြန်ရင်စိတ်ဆိုးမှာနော်။
စေသနာနဲ့ပါဆယ်ဆွဲခဲ့ရကျိုးနပ်အောင်တော့စားသွားကြပါနော်။
စားခဲ့ကြောင်းလေးကိုလည်းအကြောင်းကြားဖို့မမေ့နဲ့အုံး။သိချင်လို့ပါ။
ဘယ်သူတွေကအစားပိုပုတ်သလဲဆိုတာကိုလေ....ဟီး..စတာပါနော်။
အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်












































