Tuesday, July 21, 2009

ဂျာမုန်းဒန်ရဲ့ခရီးသွားမှတ်တမ်း(၁)

ကဲ…..ဂျာမုန်းရဲ့ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်လိုက်ပါတော့မယ်ရှင်။
ဂျာမုန်းရဲ့အိမ်ကိုဂရုတစိုက်စောင့်ပေးကြတဲ့ချစ်သူငယ်ချင်းများအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောပါရစေရှင်။
ဂျာမုန်းတို့မိသားစုသုံးယောက်စလုံး၁၁.၇.၀၉မှာခရီးစထွက်တယ်။၁၉.၇.၀၉မှအိမ်ကိုပြန်ရောက်တယ်။
ခရီးထွက်တဲ့အကြောင်းအရာကတော့မိတ်ဆွေသူငယ်ချင်းများနဲ့တွေ့စုံချင်လို့ပါပဲ။ Germany..Düsseldorfဆိုတဲ့မြို့ကြီးမှာမြန်မာကလူတွေအများဆုံးနေထိုင်ကြတယ်လေ။
အဲဒီကိုရောက်တော့သူငယ်ချင်းတွေကအစားအသောက်တွေရှယ်ကိုချက်ကျွေးကြတယ်လေ။
ဟိုအိမ်ကဖိတ်ကျွေးလိုက်၊ဒီအိမ်ကဖိတ်ကျွေးလိုက်နဲ့အစားကောင်းတွေကြီးပဲစားခဲ့ရတယ်။
ဂျာမုန်း.....သူငယ်ချင်းများကိုလည်းသတိရပါတယ်နော်။
ဒါကြောင့်ပါဆယ်ထုတ်လာခဲ့တယ်။ ပြန်နွေးပြီးကျွေးပါ့မယ်ရှင်။

ဂျာမုန်းကခရီးသွားရဒါအရမ်းကိုဝါသနာပါတယ်။ တနစ်မှာ၂ခါလောက်ကတော့ခရီးထွက်ရမှကျေနပ်တယ်။ မနစ်ကဆိုသားလေးကိုယ်ဝန်ဗိုက်ကြီးကြီးနဲ့Italy,Veniceကိုရောက်ခဲ့သေးတယ်။ Italyရောက်တော့နေရာအနှံ့ကိုလည်ပြစ်လိုက်တယ်။လမ်းလျှောက်ရတာခြေထောက်ကိုညောင်းနေပေမယ့် မြင်လိုက်တိုင်းရှု့ခင်းတွေကအထူးအဆန်းတွေဆိုတော့…မသွားပဲမနေနိုင်ပြန်ဘူးလေ။ ကိုယ်ဝန်ကြီးနဲ့လျှောက်သွားရတာများလို့ထင်တယ်…..သားလေးကို၈လနဲ့တင်မွေးလိုက်တယ်လေ
တော်သေးတယ်သားလေးကကျန်းမာပေလို့ပေါ့။အခုဒီခရီးမှာလည်းသားလေးကအရမ်းလိမ်မာတယ်။
လုံးဝဂျီမကျဘူး၊သူလည်းခရီးသွားရင်ပျော်နေပုံရတယ်။မအေတူဖြစ်မယ်ထင်တယ်။

ဒီပုံလေးကRheinမြစ်လို့ခေါ်တဲ့ဆိတ်ကမ်းဘက်ကိုဆင်းသွားတဲ့လမ်းလေးပါ။
အောက်ကိုရောက်ရင်ဈေးဆိုင်တို့၊စားသောက်ဆိုင်များတန်းစီပြီးရှိနေတာတွေ့ရတယ်။

ဒီပုံးလေးကတော့သင်္ဘောပေါ်ကစားသောက်ဆိုင်တခုပါ။
သူတို့နှစ်ယောက်ကဧည့်ကြိုလေးတွေလေ။
သင်္ဘောရဲ့ထိတ်ဆုံးမှာရပ်နေတာကိုဆွဲရိုက်ထားတာပါ။


အောက်မှာဆက်ရန်နော်...။
ဒီပုံကလည်းမြစ်ကမ်းတစ်လျှောက်မှာတွေ့ရတဲ့အဆောက်အအုံတွေပါ။

ဒီပုံကလည်းမြစ်ကမ်းနားတလျှောက်ရဲ့စားသောက်ဆိုင်လေးတွေလေ။ လူတွေကတော့ကြိတ်ကြိတ်တိုးပဲ။ထိုင်စရာနေရာတောင်မရှိအောင်စီကားနေတယ်လေ။

မြစ်ကမ်းနားတလျှောက်ဈေးဆိုင်တွေကို အပေါ်ကနေရိုက်ထားပုံပါ။

ဒါကတော့ကိုကိုတို့အတွက်စီဘီယာဆိုင်ပါ။ စီဘီယာပုံးတွေကလည်းဆိုင်ရှေ့မှာတင်ချထားကြတယ်။ သောက်ချင်ရင်တော့ပုံးလိုက်မသွားရုံပဲနော်။


စုံတွဲလေးနဲ့နှစ်ယောက်သားကွယ်။ တူတူစီးမယ်မောင်နှင့်မယ်။ ၀တာလေးကဖက်ထားချင်စဖွယ်။ အားမငယ်ပါနဲ့ချစ်သူရယ်။ မောင့်တသက်ချစ်ပါ့မယ်ကွယ်။

ဒါကကစားကွင်းပါ။သတ္တိရှိသူအတွက်စီးဖို့စိန်ခေါ်လိုက်တယ်နော။ဂျာမုန်းတော့စီးရဲတယ်။

ဲလာပြီနော်....အိမ်စောင့်ပေးသူတို့အတွက်ပဲကျွေးမှားနော်....ပါဆယ်ဆွဲခဲ့တာလေ။
မနေ့ကကချင်လို့ရေးတဲ့ပိုစ့်မှာတော့ထည့်ထားပြီးပြီ။ကချင်စာလိုပိုစ့်တင်လိုက်ပေမယ့် တစ်ယောက်မှကချင်လိုကောမင့်ရေးတာမတွေ့ရဘူး။မမမိုးကောင်းသူကရေးထားတဲ့စာလုံးတွေက
ဂျာမုန်းသင်ခန်းစာမှာမပါလို့မဖတ်တတ်ဘူးတဲ့လေ၊Jamungdan ဆိုတဲ့စာတစ်လုံးပဲဖတ်တတ်တယ်လို့ပြောသွားတယ်။ဒါလဲတိုးတက်လာပြီလို့ပြောရမှာပဲလေ။်

ဘာဟင်းလဲဆိုတာပြောပြမယ်နော။.....ပိန်းဥဟင်းရည်၊...အမဲသားတောက်တောက်ဆင်းကချင်ချက်၊ အမဲသားမတ်စလာချက်၊..ကြက်သဲကြက်မြစ်နဲ့သီးစုံအစိမ်းကြော်၊ပုန်းရည်ကြည်သုပ်၊ ကင်းချမီမုန်းညှင်းချဉ်သုပ်၊ လက်ဖက်သုပ်နဲ့ခရမ်းချဉ်သီးပန်ထွေဖျော်ပါ။ ဒါကသူငယ်ချင်းတွေတွေ့စုံတဲ့နေ့မှာချက်ကျွေးတဲ့ဟင်းပေါ့။ ဂျာမုန်းလည်းစားသာစားနေပေမယ့်သူငယ်ချင်းတွေကိုသတိရလို့ပါဆယ်ထုတ်လာခဲ့တယ်။ နွေးထားပြီးပါပြီ။ အားရပါးရစားသွားနော်။


ဒါကအမဲသားမတ်စလာချက်လေ။


ဒါကကင်းချမီမုန်ညှင်းချဉ်သုပ်ပါ။ ဒါကိုယ်တိုင်လုပ်စားလို့ရတယ်နော်။နောက်မှပြောပြမယ်။

ဒါကတော့ ဂျာမုန်းအကြိုက်ဆုံးပိန်းဥဟင်းပါ။ သောက်ကြည့်နော်အရမ်းကောင်းတယ်။


ဒါကအမဲသားတောက်တောက်စဉ်းပြီးကချင်ချက်ချက်ထားတာပါ။ ဘာမှမခက်ဘူးချက်စားချဉ်ရင်ပြောပြမယ်။နောက်မှနော်။အရင်ကြွားလိုက်အုံးမယ်။


ဒါကတော့အမဲအူသုပ်လို့ခေါ်ရမလား၊အမဲကလီစာသုပ်
လို့ခေါ်ရမလား၊ အဲဒါကိုပြုတ်ပြီးသုပ်ကျွေးကြတယ်။ ဂျာမုန်းတော့အရမ်းကြိုက်တယ်။ ကြိုက်ရင်စားသွားနော်။


အဲဒီအသုပ်ကိုအောက်မှာဖယောင်းတိုင်လေးနဲ့မအေးသွားအောင်အပူပေးပြီးကျွေးကြတယ်လေ။


ကဲ...ဒီနေ့တော့ဒီလောက်ပဲကြွားပါရစေအုံးနော်။နောက်နေ့အတွက်ကြွားစရာအများကြီးကျန်သေးတယ်။ ကျွေးစရာလည်းအများကြီးကျန်သေးတယ်နော်။အားလုံးကိုလည်းပြောလိုက်တယ်။ အ၀အလျှင်စားသွားကြပါလို့နော်။
စားလုံးပေါင်းမှားရင်ပြင်ပေးကြပါလို့မေတ္တာရပ်ခံလိုက်တယ်ရှင်။

အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့
ဂျာမုန်းဒန်



20 comments:

သားကြီး said...

သားလေးကအမေနဲ့တူလို့ဖြစ်မယ် ခရီးသွားရတာပျော်တယ်ဆိုတော့လေ
တိမ်တိုက်တွေအောက်ကမြို့ရဲ့ရှုခင်းဟာ တော်တော်လှတယ်
အဖိုးကြီးအဖွားကြီးဓါတ်ပုံအောက်ကရေးထားတဲ့စာလေးဖတ်ပြီး
ပြုံးမိတယ်
အောက်ကဟင်းတွေလည်း အားပါးတရစားသွားတယ်နော်
အကြိုက်ချင်းတူတယ်ထင်တယ် ကျနော်လည်းပိန်းဥဟင်းအရမ်း
ကြိုက်တာ
ပျော်ရွှင်ပါစေအစ်မရေ

ဂျာမုန်းဒန် said...

ဂျာမုန်းအိမ်လာလည်သူအားလုံးရွှင်းလန်းချမ်းမြေ့ကြပါစေ

လင်းကြယ်ဖြူ said...

တော်တော်ကို လည်ချင်စရာကောင်းတဲ့ နေရာလေးပါပဲခင်ဗျာ
မိသားစုပျော်ပျော်ကြီး ခရီးထ္ဂက်ရတာ ကောင်းတယ်နော်..
ဟင်းတ္ဂေကလည်းစုံမှစုံ ပဲ...
နောက်တစ်ခါသ္ဂားရင် လည်း ပုံတ္ဂေယူခဲ့ဦးနော..
ပျော်ပါစေခင်ဗျာ

ခြေလှမ်းသစ် said...

အမဘလောဂ့်က ဓါတ်ပုံထဲကနေပဲ စိတ်ကူးနဲ့ လိုက်လယ်ပစ်လိုက်ပီ.. ရှိတာတွေ အကုန်စားလိုက်တယ် .. ဗိုက်စာလို့ ..
ကိုဇော်

ဇော် said...

ဒေါ်လေးအိမ်ကို မရောက်ဖြစ်တာ ကြာပေါ့။ ရောက်မယ့်ရောက်တော့လဲ ဟင်းကောင်းရော နေရာစုံရော တန်းတိုးတော့သကိုး။ =)

rose of sharon said...

စားချင်စရာလေးတွေချည်းဘဲနော်.... ဆက်ကြွားပါအုန်း....

moekhar said...

ညီမလည်း ခရီးထွက်ရမယ်ဆို အရမ်းပျော်ပဲး)
အစ်မက လျှောက်လည်နေလို့ ပျောက်နေတာကိုး
ညီမတော့ အရှုပ်တွေ လုပ်နေရလေရဲ့ :D

မိုးခါး

စန္ဒကူး said...

ချက်နည်းတွေအမြန်လာပါဗျို့..
ပျော်စရာကောင်းတဲ့ခရီးစဉ်လေး..
မိသားစုအားလုံးရွှင်လန်းပါစေ

မိုးကောင်းသူ said...

ပိန်းဥဟင်းတော့ အကြိုက်ဆုံးဗျို့။ အမဲအူသုပ်လို့ခေါ်ရမလား၊အမဲကလီစာသုပ်လို့ခေါ်ရမလားဆိုတဲ့ သုပ်နည်းပြောပြပါအုံး။ အမဲအူ(ခေါ်)အမဲကလီစာ မကိုင်တတ်လို့။ မလုပ်တတ်ရင် နံတယ်ပြောလို့။ စားတာတော့ စားချင်သား။

မဟာဆန် said...

ဓါတ်ပုံလေးတွေ လှတယ် အစ်မရေ
ပိန်းဥဟင်းတော့ စားချင်တယ်

ကျောပိုးအိတ် said...

ဟေးးးးးးးးးးးးးးးးး

စားစရာတွေအများကြီးဘဲကွ
ပျော်လိုက်တာ

ဟေးးးးးးးးးးးးးးးးးးးးးးးး

အများကြီးဘဲနော် စားစရာတွေ
ရှလွတ် ရှလွတ်

ကင်းချမီမုန်ညှင်းချဉ်သုပ် အရမ်းစိတ်ဝင်စားတယ်။
း)

minsoesan said...

ama yay..photo hte' mar par te' view twe ka tot hla te bya...curry twe ka le special..taw taw happy pi taw taw le' sar ke' lout te...:):)..ama yay weight ko tot htein oo naw...ama ye' photo twe look ya tot a yan ko mite nay de...a phyo shoe be'...:):)..toe ko gyi khaung le' photo twe hte' mar smart pyit nay de...tar tar lay zay khaung ka tot a chaw sone pop...:):)...ama toe family pyaw shwin par say.....

Anonymous said...

အိမ်လာလည်တယ်၊
ရူခင်းတွေလဲ တ၀ကြီးကြည့်ရ။
အစားအသောက်တွေလည်း စားချင်သွား
ကချင်စာဆိုလို့
ကြက်သားကချင်ချက် တမျိုးပဲ စားဖူးတယ်၊ကြိုက်တယ်
ချက်နည်းတွေပြောပြပါအုံး

မြစ်ကျိုးအင်း said...

ရှုခင်းတွေ ကြည့်ပြီး ဓါတ်ပုံကောင်းကောင်းလေး ရိုက်ချင်စိတ် ဖြစ်မိတယ်
ပျော်စရာခရီးစဉ် ဖြစ်ခဲ့မှာ သေချာတယ်...အမကျွေးတာတွေတော့ နဲနဲပဲ စားလိုက်ရတယ် အမဲသားက များနေလို့လေ...။
စာလုံးပေါင်းပြင်ခိုင်းလို့ ပြင်ပေးသွားမယ် (စေတနာသန့်သန့်နဲ့နော် ဆရာလုပ် တယ်ထင်သွားမှာ စိုးတယ်)

မြစ်ကျိုးအင်း said...

၂ ကြောင်းမှာ (ေ) ပိုနေတယ်
ဒုတိယအပုဒ်ရဲ့အပေါ်ဆုံးအကြောင်း ခရီးသွားရတာ (ရဒါမဟုတ်)
ကလေးမွေး (မွှေးမဟုတ်)..။ သတ္တိရှိ...။အရင်စား(အလျှင် မဟုတ်)
ဘုရားရှင်ကောင်ချီးပေးပါစေ...

အမရေ စေတနာနဲ့ ကူညီတာပါ ပြင်ပြီးရင် ဒီကောမန့် ဖျက်လိုက်လို့ ရပါတယ်
...ခင်မင်သောအားဖြင့်....(မြစ်ကျိုးအင်း fridaypaing@gmail.com)

Unknown said...

Hello a ma,
ZK lay son khae dae a kyaung lae yay ohne naw.
:)

ဂျပန်ကောင်လေး said...

ပါဆယ်ဆွဲလာတာကလည်း အမဲသားဟင်းတွေ.. ဟင့်.. ငတ်ပြီ..ပျော်စရာကြီးနော် လည်ရတာ...အရမ်းရောက်ချင်မိတယ်..ဥရောပကို.... နောက်တခုက မဂျာမုန်းအကြောင်းလေး နည်းနည်းသိသွားပြီ...ဟီး..

ဂျစ် said...

မမ.............
ညီမလေးလည်း တူတူလည်ချင်တယ်.....မမရာ
ရှုခင်းလေးတွေက မိုက်မှမိုက် ။
ပျော်စရာကြီး....စားစရာတွေကလဲ များမှများပဲ ။

ချစ်တဲ့
ညီမဂျစ်

Unknown said...

အမဲသား တောက်တောက်စဉ်း ကချင်ချက် ကြိုက်တယ်ဗျ...
ပင်စိမ်းနဲ့ ရောချက်ရတာ ဟုတ်....
စားဖူးတယ်... မန္တလေးက ကချင်ဆိုင်မှာ...
ချက်နည်း ပြောပြမယ်ဆိုလို့ ကျေးဇူး

ဂျာမုန်းဒန် said...

အားလုံးကိုကျေးဇူးတင်တယ်။ ကော့မင့်စာလေးတွေဖတ်ရတာဝမ်းသာတယ်ရှင်။