Tuesday, July 28, 2009

အုန်းထမင်းနဲ့အခြားဟင်းလျှာများ


တခါတလေစိတ်ကူးပေါက်ရင်အုန်းထမင်းလေးချက်စားဖြစ်တယ်။ ဂျာမုန်းခရီးကပြန်လာပြီးချက်စားတာလေ။ အားလုံးအတွက်ချက်ထားတာပါ။အုန်းထမင်းချက်နည်းကလွယ်ပါတယ်။...ဒီလိုပါ။
အုန်းနို့ကိုဘူးနဲ့ရောင်းတာရရင်ပိုပြီးအဆင်ပြေပါတယ်။မရရင်လဲရှိတာလေးနဲ့လုပ်စားရင်လဲဖြစ်တာပါပဲ။
ဂျာမုန်းကတော့ဘစ်စမာတီဆန်နဲ့ဆန်ပျော့လေးရောထားတယ်။ဆန်ကိုရေဆေးပြီးစစ်ထားမယ်။
အုန်းနို့ကိုအိုးထဲလောင်းထည့်ပြီးဆား၊သကြား၊အနည်းငယ်ထည့်ပါ။ ပြီးရင်မီးဖိုပေါ်တင်ပြီးဆူအောင်ချက်ပါ။ကြက်သွန်နီဥကြီးကိုလေးခြမ်းခွဲပြီးအလျှားလိုက်ပြန်စိတ်ထားမယ်။ ဆေးထားတဲ့ဆန်ကိုRiceCookerထဲထည့်မယ်။လှီးထားတဲ့ကြက်သွန်နီထည့်၊
အတင့်ချက်ထားတဲ့အုန်းနို့လောင်းထည့်ပါ၊ပြီးရင်ဆီလေးတဇွန်းလောက်ထည့်နော်။
ရေကိုခါတိုင်းထမင်းချက်သလိုအနေတော်ထည့်မယ်။ဆားနဲ့သကြားကိုလိုသလောက်ထည့်ပေါ့။
ပြီးရင်ခလုပ်လေးနိပ်လိုက်ပါ။မပျော့စေနဲ့နော်။ကျက်ခါနီးမှာသီဟိုစေ့နဲ့စပျစ်သီးခြောက်ပါထည့်ပေါ့။
ဒါကဂျာမုန်းအကြိုက်ပါ။မထည့်ရင်လည်းရတယ်နော်။ကဲ...ကျက်သွားပြီဆိုရင်ပုံစံခွက်လေးမှာအရင်ထည့်မယ်။
ပြီးရင်ပန်းကန်လှလှလေးမှာမှောက်ထည့်လိုက်။သခွာသီးပါတင်လိုက်အုံးနော်။
ငရုပ်သီးလည်းမမေ့နဲ့အုံး။သခွာသီးကိုအချဉ်သုပ်စားအုံးနော်။
ကဲ.....ရှယ်ထိုင်းစားပေတော့သူငယ်ချင်းတို့ရေ......။


ဒါကတော့....ကြက်ဥကဇော်ပါ။ဂျာမုန်းသူငယ်ချင်းချက်ကြွေးတာပါ။
မြစ်ကြီးနားသူတွေတော့စားဘူးမှာသေချာတယ်။တို့မြစ်ကြီးနားမှာဆိုရင်ညဈေးမှာချက်ရောင်းတယ်လေ။
ကဇော်စားရင်အားရှိတယ်။ကလေးမအေတွေအတွက်အင်းမတန်အရေးပါတဲ့အစားအစာပေါ့။
နို့မထွက်တဲ့အခါကဇော်ချက်သောက်ကြတယ်လေ။ကလေးဖအေဖြစ်ချင်တဲ့သူတွေမှတ်ထားကြနော်။
စားသွားဖို့လည်းမမေ့နဲ့အုံးနော်။


ဒါကတော့ကြာစံချက်ပါ။ရှယ်ပဲ.....စားလို့အရမ်းကောင်းတယ်။အားလုံးစားဖို့အိုးလိုက်သယ်ခဲ့တာလေ။
ဒါလဲ...ဂျာမုန်းသွားတည်းတဲ့အိမ်ကသူငယ်ချင်းချက်ကျွေးတာပါ။ဆီမပါကြက်သားကောင်လုံးနဲ့ပဲချက်ထားတာလေ။
အဲဒီနေ့ဂျာမုန်း၂ပန်းကန်မှောက်မှောက်စားလိုက်တယ်။


ဒါကတော့.....ကြက်သားဒံပေါက်ပါ။ခရီးထွက်တုံးကသူငယ်ချင်းတွေကိုဂျာမုန်းကိုယ်တိုင်ချက်ကျွေးခဲ့တာလေ။
သူတို့က...ဂျာမနီရောက်တာကြာပေမဲ့..ဒံပေါက်မစားရတာကြာပြီတဲ့။ဒါကြောင့်ဂျာမုန်းလက်စွမ်းပြလိုက်တာပါ။
အဲဒီနေ့က....အရမ်းကိုကောင်းပါတယ်...ဟဲ.ဟဲ..။ကြွားပြန်ပြီ။စားသွားအုံးနော်။အားနားနဲ့။


ဒါကတော့ဂျာမုန်းအရမ်းကြိုက်တဲ့သံလွင်သီးသုပ်ပါ။ဈေးကလည်းကြီးပါ့တော်။
ကလားတွေပဲရောင်းတတ်ကြတယ်။ဒါတောင်Euro၂ကျပ်ပေးပြီးဝယ်စားရတယ်။
ကလားကသူ့ဆိုင်ရှေ့ဖြတ်သွားတော့...ဟဲလို..ဟဲလိုနဲ့....မြည်းကြည့်ပါအုံးတဲ့လေ။
ဂျာမုန်းလည်းအားနာနာနဲ့၂လုံးမြည်းပေးလိုက်တယ်။
နောက်ဆုံးတော့အလကားစားရတာအားနာလာလို့ဝယ်စားလိုက်ရတာပေါ့.ဟဲ..ဟဲ..။
ဒါပေမယ့်စားလို့အရမ်းကောင်းတယ်ဆိုနေ။

ဒါကတော့ပန်းသီးပါ။အအီပြေလေးစားဖို့စေသနာအပြည့်နဲ့လှလှလေးခွဲထားပေးတယ်။
နောက်ကြရင်ငတ်မယ်။ရှစ်ယောက်စာပဲနော်။၉ယောက်မြောက်ဆိုရင်အလည်ကဖြုတ်စားနော်။

ကဲ....အားရပါးရစားသွားနော်။ဂျာမုန်းကချက်ကျွေးတာဝါသနာပါတော့စားရမယ့်တာဝန်ကသူငယ်ချင်းတို့ပါ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ဂျာမုန်းဒန်

Type rest of post here

23 comments:

ဂျာမုန်းဒန် said...

အားရပါးရစားသွားကြနော်။အားလုံးအတွက်ပါ။

yaewoori said...

11111111111111

yaewoori said...

တစ် ကွ
ငါ့အမ လက်ရာ
အဝ စားပြီ

သားကြီး said...

ကျနော်ကလေးယောက်မြောက်
ပန်းသီးလက်ကျန်အစိတ်တွေကိုအကုန်စားလိုက်တာ် ဟီးး
ကျနော့်နောက်ကလူတွေငတ်ပေရော့ပဲ
မြစ်ကြီးနားညဈေးမှာရောင်းတဲ့ကြက်ဥကဇော်ကိုတော့သေသေချာချာ
မှတ်ထားလိုက်တယ် အဟီးးးး
သံလွင်သီးတော့မစားဖူးဘူးဗျ အပေါ်ဆုံးကုန်းထမင်းကတော့ရှယ်ပဲ အမြင်လည်းလှ အရသာလည်းရှိ အကုန်ဝါးသွား၏ ကျနော့နောက်ကလူတွေငတ် :P

သားကြီး said...

အုန်းထမင်းကိုရေးတာ ကုန်းထမင်းဖြစ်သွားတယ်
အိပ်ငိုက်နေပြီဗျ ဟီးးး
good night zzZZZ

Anonymous said...

ချစ်ဆုံးရှောင်ဂျာလေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လွမ်းးးးးးးးးးးးတယ်းးးးးးးးးးးးးးးးးးးးးးးးးး
ကဇော် စားမယ် ဟီးးးးးးးးး
ခုပို့ ပေးနော်းးးးးးးးးးးးးးးးးရှောင်ဂျာ
ချစ်တဲ့
မြူးလေး

သူငယ်ချင်းများဆုံဆည်းရာ said...

လာစားသွားတယ်နော်..ပျော်ရွှင်ပါစေဗျာ

Angel Shaper said...

မရေ...ရောက်ရောက်ချင်းသတင်းရလို့ ပြေးလာတာ။ ဟိဟိ... အဲလိုပဲ အစားဆို ထိပ်ဆုံးမှာဖြစ်ချင်တာ.... သမီး အကုန်စားသွားပြီနော်။ ကျေးဇူးပဲ။

Angel Shaper said...

ထိပ်ဆုံးမှာ ကိုယ့်ထက် ငတ်ကြီးကျတဲ့ ငနဲတွေ ဟင်းးးးးးးးးးး ကိုသားကြီးဆို ပန်းသီးအကုန်နိုက်သွားတယ်။ နောက်တစ်ခါ အမရေ... ကျက်တာနဲ့ လှမ်းခေါ်ပါနော်။ ဒါပဲ..ဟွင်းးးးးးး

မေသစ္စာမောင် said...

၁၀ ယောက်မြောက်ဆိုတော့
ဖြုတ်စားစရာတောင် မကျန်တော့ဘူး
အမရေးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပန်းသီးကျန်သေးလား :D

rose of sharon said...

ကြာဇံချက်နဲ့ဒံပေါက်က်ကိုသွားရည်ယိုသွားပါတယ်

ခြေလှမ်းသစ် said...

မဂျာရေ.. အကြိုက်ဆုံးကတော့ ကြက်ဥကဇော်ပါပဲ.. မူးလားဟင်.. ကြာဇံချက်လဲ ကြိုက်ပါတယ်နော် ... ဒီတခါ ပြင်ဆင်မှုလေးတွေကတော့ ရှယ်တွေပဲဗျာ...

မိုးကောင်းသူ said...

ပန်းသီး အူတိုင်တော့စားလိုက်ရသေးတယ်။ ဟီး ကျန်တာလဲ လက်မနှေးဘဲ အမြန်ဆုံးစားလိုက်မယ်ကွယ်။

မိုးစက်အိမ် said...

စားချင်လိုက်တာ အမရာ...သရေယိုသွားတယ်ဗျာ
လက်ရာကတော်တော် လေးကောင်းတယ်နော်

ဂျာမုန်းဒန် said...

လာစားကြသူအားလုံးဝမ်းသာတယ်နော်။
ဆော်ရီးပဲပန်းသီးကနည်းသွားတယ်နော်။
နောက်နေ့ပြန်ခွဲကျွေးမယ်နော်။
မစားရသူအတွက်တည်းတန့်ပေါ့။
ဂျာမုန်း

minsoesan said...

ama yay..dar twe ka ama toe düsseldorf ko visit tone ka cook tar twe ma hote lar? Clausthal mar cook tar tot ma hote bu naw..hote te mat lar? Clausthal mar cook yin invite oo naw...:):)...

Anonymous said...

အစားတွေက စုံနေတာပါပဲလား။
အုန်းထမင်းချက်တာကို အသေအချာလေး ဖတ်သွားတယ်။
လွယ်တယ်ဆိုလို့ပါ။

PAUK said...

သံလွင်သီးသုတ်စားချင်ပါတယ်..
အုန်းထမင်း မချက်တတ်ပါဘူး..
ဒီက သင်ပေးတဲ့အတိုင်း ချက်ကြည့်ပါ့မယ်..
တစ်နေ့နေ့ပေါ့..
တစ်နေ့နေ့...

jr.lwinoo said...

ဂျာမုန်းရေ..
ဒီစနေ အုန်းထမင်းချက်စားမယ်ကွယ်။ အညွှန်းက မှန်ပါတယ်နော..
ဟီး..စတာ.. :)

လင်းကြယ်ဖြူ said...

အခုမှပဲ ရောက်လာပြီး အ၀ကြိတ်ရတော့တယ်ဗျာ....
ပျော်ပါစေ

ဇော် said...

အယ်
၂၁ ဆိုတော့ ပန်းသီးငတ်ပြီပေါ့နော်။ =(
ဒါပေမယ့် အုန်းထမင်းတော့ ဒီအပတ်ပိတ်ရင် လာထား။ ချက်ပြီသားပဲဗျိုးး။
ဒါနဲ့ အုန်းရေက အစိမ်း ( ဘူး ) ကို ၀ယ်ရမှာလား ဒေါ်လေးမုန်းရ။ လုပ်ပါဦး။ အဟဲ။

မိုးခါး said...

ကြာဇံချက်စားချင်တယ်
ဒံပေါက်စားချင်တယ် ....................................................

ကျောပိုးအိတ် said...

လှလိုက်တာနော်။ ပန်သီးလေးခွဲထားတာ။
ကြာဇံချက်ဆိုလို့  တံထွေးသီးသွားတယ်။ ဒံပေါက်တော့ သိပ်မကြိုက်လို့  မျက်နှာလွှဲခဲ့တယ်။

သံလွင်သီးသုတ်။ မြည်းကြည့်တယ်နော်။ စားကောင်းလိုက်တာ။ ဒါမယ့်လေ ဈေးကြီးတယ်ဆိုလို့  နည်းနည်းလေးဘဲ စားသွားတယ်နော်။

ကြက်ဥကဇော် စားဘူးသေးဘူးမမရယ်။
း)