Thursday, July 23, 2009

ဂျာမုန်းဒန်ရဲ့ခရီးသွားမှတ်တမ်း(၂)

ဂျာမုန်းဒန်ရဲ့ခရီးသွားမှတ်တမ်းလေးကိုပြန်ဆက်လိုက်တယ်။
၁၄.၇.၀၉ရက်နေ့မှာတနေ့လုံးမြို့အနှံ့လျှောက်လည်ဖြစ်တယ်။ညနေရောက်တော့ ဖိတ်ထားတဲ့သူငယ်ချင်းမိသားစုအိမ်မှာညနေစာထမင်းလက်စုံစားကြပြန်တယ်လေ။
ဟင်းတွေကတော့စပါယ်ရှယ်ပဲ၊အားလုံးကစားချင်စဖွယ်လေးတွေလေးတွေဆိုတော့ ဂျာမုန်းအကြိုက်တွေ့ပြီပေါ့။ငပိထောင်းနဲ့ဒညင်းသီတဲ့။ မစားရတာကြာရောပေါ့။တမ်းတမိတောနေ့ရက်တွေပြန်ပြည့်သွားသလိုခံစားရတယ်။ ဘာကြောင့်လဲဆိုတော့သေးပေါက်ရင်အနံ့ထွက်တဲ့ဒညင်းသီးကြောင့်ပါ။ ဒညင်းသီးစားရင်အနှံ့တော့မကောင်းဘူးနော်...ဟီး။နောက်ပြီးTomyamsoup ပေါ့။ကဲ...ကဲ..မပြောတော့ဘူး.....အောက်မှာပဲ.ကြွားလိုက်အုံးမယ်..နော်။

ဒါကတော့.....ခရမ်းကြွပ်သီး၊သခွားသီးနဲ့ဒညင်းသီးပါ။ နိုက်စားသွားနော်....သူငယ်ချင်းတွေအတွက်ပါဆယ်ဆွယ်ခဲ့တာလေ။

ကဲ....အပေါ်ကတို့စရာပန်းကန်ကိုယူပြီးငပိလေးနဲ့တို့စားကြမယ်နော်။ စပ်စပ်လေးနဲ့နော်။

ဒါကတော့ မှိုနဲ့ကန်းဇွန်းရွက်ကြော်ပါ။

ဒါကတော့ တောမ်ယန်စွပ်ပါ။ တွေ့တယ်နော်။ငရုတ်သီးစပ်စပ်ပဲ။ ငရုတ်သီးမစားသူအတွက်တော့ငတ်ပြီပေါ့။

ဒါက မှိုခြောက်ကိုရေစိမ်ပြီး ၀က်သားနဲ့လုံးချက်လေးချက်ကြွေးကြတယ်။ အဲဒီညက အရင်ဆုံးပြောင်သွားတာ ဒီဟင်းပေါ့။

ဲဒါကတော့ ကြက်တောင်ပံကို မတ်စလာလေးနဲ့လုံးချက်ထားတာတဲ့။ စားကောင်းတယ်..စားကြည့်လေ။

ကဲ....အစုံခင်းထားပေးပြီ...အတင့်စားလိုက်ရုံပါ။ ထမင်းတော့မဆွဲခဲ့ဘူး...ကိုယ်တိုင်ချက်ပြီးသယ်လာနော်။

ထပ်ကြွားစရာရှိသေးတယ်နော်။

ဆက်ကြည့်အုံးမယ်နော်....။

အဲဒီနေ့ Shopping လည်းထွက်ခဲ့သေးတယ်။ဒီဆိုင်မှာ ၀င်ကြည့်သေးတယ်။ အားလုံးက၀ယ်ချင်စရာတွေပဲ။တချို့ကိုမျက်စိအစာပဲကျွေးခဲ့တယ်။
လိုအပ်တာလေးတွေတော့ဝယ်ခဲ့တယ်။

ဒါလဲ..ဂျာမုန်းလမ်းလျှောက်ရင်းအဆောက်အအုံလေးကလှလို့ရိုက်လာခဲ့တာပါ။ အရေးကြီးတဲ့ရုံးတစ်ခုခုတော့ဟုတ်မယ်ထင်တယ်။

ဒီပုံလည်းထူးခြားလို့ရိုက်လာခဲ့တာ။အောက်မှာလူခေါင်းရုပ်တွေကြီးပဲ။

သားလေးလည်းခရီးသွားရတာပျော်နေပုံပဲ။ထမင်းဖိတ်ကျွေးတဲ့အိမ်မှာပါ။ သူတို့မှာလည်းသားလေးတစ်ယောက်ရှိတယ်လေ။အမေကကချင်၊အဖေကဗမာပါ။ ဖက်စပ်ပေါ့။
ပုံကိုတော့မရိုက်ခဲ့မိဘူး။

သားလေးကတွန်းလှည်းပေါ်မှာထိုင်တာသိပ်မကြိုက်ဘူး။ညောင်းလို့ထင်တယ်။ တွေ့လား......မျက်နှာကမောင်ကုတ်ကုတ်နဲ့...ဂျီကျနေတဲ့ရုပ်လေ။
ဂျီကျနေတဲ့ရုပ်လေးကလည်းချစ်စရာနော်..ဟီး။မေ
အတိုင်းကကိုယ့်သားကိုဒီလိုပဲမြင်ကြမှာပဲလေ။

ကဲ....ကြွားထားတာလဲအများကြီး..နက်ဖြန်ထပ်ကြွားဖို့ကျန်သေးတယ်နော်...ဟီ။
အားလုံးကိုခင်မင်တဲ့
ဂျာမုန်း

17 comments:

ဂျာမုန်းဒန် said...

ဂျာမုန်းအိမ်လေးမှာစာလာဖတ်သူအားလုံးကိုကျေးဇူးတင်တယ်။
ကော့မင့်လေးကိုမျော်နေမယ်ရှင်။

လပြည့်ရိပ် said...

အစ်မရေ..လာလည်သွားတယ်...နောက်မှ ကွန့်မန့်ရှည်ရှည်ရေးတော့မယ်... ခုတော့ အလုပ်နည်းနည်းရှုပ်နေလို့..... ငပိထောင်းနဲ့တို့စရာကိုအကြိုက်ဆုံးပါပဲ..... သားသားတောင်တော်တော်ကြီးနေပြီနှော်....

rose of sharon said...

ငါးပိထောင်းနဲ့တို့စရာကသွားရည်ကျချင်စရာ.... ဒညင်းသီးကရန်ကုန်ကဒညင်းသီးနဲ့လဲမတူဘူးနော်... အရသာတူလား.... မှိုကန်ဇွန်းနဲ့တုန်ယန်းဟင်းချိုလဲအရမ်းကြိုက်တယ်... သားလေးကလဲချစ်ဖို့ကောင်းလိုက်တာ..း)

ခြေလှမ်းသစ် said...

အမဂျာရေ.. ငပိနဲ့ တို့စရာကတော့ ကောင်းမှကောင်းပဲဗျို့ .... ဒညင်းသီးကတော့ စားရင်သတိထားပြီး စားရတယ်ဗျ... သွမ်ယန်ကတော့ ထိုင်းအစာထဲမှာ အကြိုက်ဆုံးပဲ.. အားရပါးရ စားသွားပါတယ်... မဂျာသားလေးက တော့ သူ့အိမ်မှာ အလကား လာစားလို့လား မသိ မျက်မှောက်ကုတ်ပီး ကြည့်နေတယ်... အဟဲယ... စတာ

yaewoori said...

ပုံလေးတွေအရသာကောင်းမှကောင်း

yaewoori said...

ရေ တ ခွက်လောက် အမ
နင်နေလို့
ငတ်ငတ်နဲ့စားတာ အငမ်းမရ

ဂျစ် said...

မမ
မမ သားလေးက ချစ်ဘို့ကောင်းတယ်ဗျ ။
ဂျစ်တူး မမဟင်းတွေကြည့်ပြီး ကိုယ်တိုင်ချက်တတ်ချင်တယ် မမရာ။
တုန်ယမ်ဟင်းချို ချက်နည်းသိချင်လိုက်တာ မမရယ်။

ချစ်တဲ့
ဂျစ်

မြစ်ကျိုးအင်း said...

ငပိနဲ့တို့စရာကို သရေယိုမိတယ် အသားတွေ ငါးတွေတော့ အဲလောက်မမက်ပါဘူး....။
နောက်နေ့ အခွင့်သာမှ ပဲ လုပ်စားရတော့မယ်..
ငါ့အမက သတိရအောင်လုပ်ထားတာကိုး...။

သားကြီး said...

ဒညင်းသီးလည်းကြိုက်တယ်
စားပြီးနံတာတစ်ခုပဲခက်တယ်
ငပိထောင်းကရဲပတောင်းခတ်နေတယ် တော်တော်စပ်မယ့်ပုံပဲ
မှိုနဲ့ကန်စွန်းကတော့ရှယ် အမြည်းလုပ်ဖို့ဖယ်ထားလိုက်မယ် ဟိ
အရေးထဲ ထမင်းကပါမလာဘူး
သွားပြန်သယ်လိုက်ဦးမယ်နော်ခဏ :P
သားလေးကိုလွတ်လွတ်လပ်လပ်နေပါစေ
တွန်းလှည်းပေါ်မှာကြာတော့ညောင်းမှာပေါ့
မှုန်ကုပ်ကုပ်လေးနဲ့တောင်ချစ်စရာကောင်းနေရင်
ပြုံးပျော်နေတဲ့အချိန်ဆိုဘယ်ပြောကောင်းတော့မလဲ
မအေတူသားမို့ဖြစ်မယ်ထင်တယ် ဟုတ်တယ်ဟုတ် :D

လင်းကြယ်ဖြူ said...

Tom Yam Soup ကို တော်တော်ကြိုက်တာ...
သားသား ကချစ်စရာပါလားဗျိုးးးးး...
မိသားစု ပျော်စရာပေါ့ နော်....

Unknown said...

တောမ်ယန်စွပ်ကြိုက်တယ်... အမ...
အဲ.... ဒညင်းသီးတော့ စားတော့ဘူး... နံလို့ :D :P
မှိုခြောက်နဲ့ ဝက်သားလုံးချက်က ကြည့်ရတာကို စားချင်စရာကြီး....
ချက်နည်း မေးခဲ့သေးလား မဂျာမုန်း

မင်းညို said...

ဒညင်းသီးစားချင်တယ်ဗျာ..ငပိရောပဲ...။ ၀က်သား စွပ် နဲ့ မှိုကန်စွန်း ကြိုက်၏..။

မေသစ္စာမောင် said...

ပုံလေးတွေ လာငေးသွားတယ် အမရေ..။
စားချင်လိုက်တာနော်....
အကြိုက်တွေချည်းပဲလေ..
ဒညင်းသီး
ငပိထောင်း...အားလုံး အားလုံး အကြိုက်တွေချည်းပဲလေ..

မိုးကောင်းသူ said...

ငါးပိထောင်းကတော့ ရှယ်ပဲ။ စပ်စပ်လေးနဲ့ ကောင်းမှကောင်း။ အတို့အားလုံးလဲ စားသွားတယ်။ တုံယမ်း ဟင်းရည်ကလဲ ရှယ်ပဲဗျို့။ ဒီက ငရုတ်သီးများများထည့်လေ ကြိုက်လေပဲ။ ကြက်သားဟင်းကတော့ သိပ်မစားတော့ဘူးနော်။ ကျန်တာတွေ အားလုံးတော့ အ၀စားသွားတယ်။

သားသားက ချစ်စရာလေးပါ။ အမေပုံကော တင်ပါလားလို့။

စည်သူ said...

ဟေ ဟေး

တွေ့ပြန်ပြီးတစ်အိမ်
အလုပ်ကပြန်လာတာ ဘာမှကြားရဒေးဘူး

စေတနာရှင်နဲ့တိုးတုန်း အားရပါးရ လွေးလိုက်အုံးမယ်..။

ခင်မင်စွာဖြင့်
စည်သူ။

ကဗျာဦး said...

ဟီးးးးးးးးးးးးးးးးးးးးးးး
စားသွားပြီ

မိုးခါး said...

ကြည့်ပြီး သရေကျပါတယ် .............