Thursday, July 30, 2009


ငယ်ငယ်တုန်းကစားခဲ့တယ်(Tag Post)

Düsseldorf….မှာပျော်မြူးနေတဲ့အစ်မဂျာမုန်းဒန်လို့ဘလော့မှာရေးပြီး..ငယ်ငယ်တုန်းကစားခဲ့တဲ့
အကြောင်းလေးတပ့်ပို့စ်ထားတဲ့..ညီမလေးမဟာဆန်ရေ…အစ်မကိုတော့စိတ်ဆိုးလောက်နေရောပေါ့။
အချိန်တွေကြာသွားလို့လေ။ကဲ….ရေးတော့မယ်။ငယ်ငယ်တုန်းကစားခဲ့တယ်ဆိုတဲ့အစားအစာတွေကိုလေ။


တို့များတောရွာမှာကွယ်…..ဆိုပြီးစလိုက်တော့မယ်နော်။ ငယ်ငယ်ကစားခဲ့တဲ့အစားအစာတွေကတော့အထူးအဆန်းတွေတော့မဟုတ်ပါ။
တောအကြိုက်တောအစားအစာတွေပဲပေါ့။နံပါတ်(၁)ကတော့ကချင်ပဲပုတ်သုပ်ပါ။
ရှမ်းပဲပုပ်နဲ့တော့မရောလိုက်ပါနဲ့နော်။ကချင်ပဲပုပ်လဲရှိပါတယ်နော်။ ကချင်ပဲပုတပ်ကိုဂျာမုန်းကောင်းကောင်းလုပ်တတ်တယ်။ကချင်ပဲပုပ်ကစီးစီးလေးလေ။
ကြက်သွန်နီပါးပါလှီးထည့်၊ငရုပ်သီးအစိမ်းကိုပါးပါးလှီးထည့်၊ခရမ်းချဉ်သီးပါးပါးလှီးထည့်၊
နံနံပင်လေးပါထည့်၊ဆား၊အချိုမှုန့်လေးနဲ့သုပ်စားလိုက်လိုကတော့ဆွေမျိုးမေ့တင်မကဘူး၊
ကျမနာမည်ဘယ်လိုခေါ်ဘာသလဲလို့မေးယူရမယ့်အဆင့်ထိရောက်သွားမယ်။တကယ်ပြောတာပါ။
ကချင်ပြည်မှာနေဘူးသူတွေတော့စားဘူးမှာသေချာတယ်။


ပဲပုပ်ဆိုတာနဲ့ ဂျာမုန်းရဲ့ယောင်းမကိုပြေးပြီးသတိရမိတယ်။ ဂျာမုန်း၈နှစ်လောက်ကပေါ့။ဂျာမုန်းရဲ့ဒုတိရအကိုက အဲဒီအချိန်လူပျိုအရွယ်ပေါ့။ အမေနဲ့ဂျာမုန်းကအတူတူအိပ်တော့ကြားနေရတယ်..…အကိုကအမေ့ကို ဘယ်လိုပြောသလဲဆိုရင်…”အမေ….ကျနော်မိန်းမလိုချင်ပြီ…ကျနော့ကိုမိန်းမယူပေးပါ..
မိန်းမယူပေးပါနော်..
အမေကျနောကိုမိန်းမယူပေးရင်..အမေ့ကိုသားနဲ့အမေ့ချွေးမက
တလှည့်ပြန်ရှာကျွေးမှာပေါ့...”
ဆိုပြီးညတိုင်းအမေ့ခြေရင်းမှာပူဆာနေတာကြားကြားနေရတယ်။ အဲဒီနောက်အမေကဘာပြောလဲဆိုတော့….
”ကဲ…..သားရေ..ဟုတ်ပြီအမေယူပေးမယ်…သားကဘယ်သူ့ကိုကြိုက်တာတုန်း…
သားကြိုက်တဲ့သူကိုအိမ်ခေါ်လာခဲ့..ပြီးရင်အမေလိုက်တောင်းပေးမယ်”….ဆိုပြီးပြောလိုက်တယ်။ အကိုက၀မ်းသာအားရနဲ့သူတွေ့ထားတဲ့ယောင်းမလေးကိုအိမ်ခေါ်လာပြီးအမေ့ကိုပြတော့တာပဲ။ နောက်ဆုံးတော့အမေလည်း..ကချင်ထုံးစံနဲ့အညီချွေးမလေးကိုလက်ထပ်ပေးလိုက်တယ်လေ။ ဒီလောက်ဆိုးတဲ့အကိုကိုမြင်ဖူးကြမယ်မထင်ဘူးနော်။လက်ထပ်ပြီးတော့ယောင်းမလေးကဈေးရောင်း
ချင်နေတယ်လေ။..အမေကမေးတယ်….”ကဲ…ငါ့ချွေးမရေ…မင်းဘာလုပ်တတ်သလဲ..လို့မေးတော့”…
သူ့ချွေးမက...”သမီးပဲပုပ်လုပ်တတ်တယ်အမေ…လောလောဆယ်ဆယ်တော့ပဲပုတ်လုပ်ရောင်းမယ်” ဆိုပြီးပဲပုတ်ကိုလုပ်ရောင်းတော့တာပဲ။အဲဒီအချိန်ကနေ…ဂျာမုန်းတို့နေ့တိုင်းထမင်းစားရင် ပဲပုပ်ကအမြဲပါနေတော့တာပဲလေ။အဲဒီအချိန်ကတော့ပဲပုပ်ကိုအီသွားအောင်စားခဲ့ရပေမယ့်…
အခုတော့…ပဲပုပ်လေးရေ….ဟူးဝေးပြီဘေဘီအဝေးဆုံးဆိုတဲ့သီချင်းသာအော်ဆိုချင်တော့တယ်ကွယ်။


ပဲပုပ်စားပြီးခေါင်းပြားအောင်အိပ်…..ဆိုတဲ့ဆိုရိုးစကားကတယ်မှန်ပေတယ်။
ပဲပုပ်စားရင်အားရှိတယ်။.ဒါပေမယ့်ကျောင်းသွားတိုင်းအိပ်ငိုက်လို့အရိုက်ခံရတာလဲ…အကြိမ်မနည်းပါ။ ခုချိန်တော့….ပြန်လည်တမ်တခွင့်ပဲရတော့တာပါလေ…ငယ်ငယ်ကစားခဲ့တယ်ဆိုတာကိုလေ။


ရှိသေးတယ်။....ကချင်ဆန်ပြုတ်ပါ။နောက်ရှိသေးတယ်….မြင်းခွာရွက်သုပ်၊ပြောင်းဖူးပြုတ်၊ငါးကလေးအိုးကပ်၊
ကချင်ခေါ်ပုတ်၊ခရုဟင်း၊ချဉ်ပေါင်ဟင်းရည်၊ငပိလည်းပါသေးတယ်။ နောက်ကဇွန်းဥပြုတ်။ ကဇွန်းဥပြုတ်ဆိုလို့မှတ်မိသေးတယ်။ သူများအိမ်ကကဇွန်းဥကိုသွားခိုးတူးပြီးစားခဲ့သေးတယ်….ရှုးနော်။ သူငယ်ချင်းတွေအဖွဲလိုက်နဲ့လေ။ တခါတလေ..စိတ်ကူးပေါက်ရင်အားလူးကိုမီးဖုတ်စားသေးတယ်…ဟီး…အရမ်းကိုငတ်ကြီးကြတယ်နော်။


ကဲ…မဟာဆန်ရေ…တော်ပြီထင်တယ်….ပြောရင်းနဲ့ငယ်ကျိုးငယ်နာတွေပေါ်ကုန်ပြီကွယ်။
ပြောနေရင်းကုန်းသွားမှာဆိုးလို့..ဒီလောက်နဲ့ကျေနပ်မယ်ထင်ပါတယ်။


ဒါကအလွမ်းပြေစားဖို့ပဲပုပ်ခြောက်ပါ။ကချင်ပဲပုပ်စီးတော့မဟုတ်ပါ။
..ဒါလေးကိုကြည့်ပြီးငယ်ဘ၀ကစားခဲ့တဲ့ပဲပုပ်ကိုပြန်အတူတူပြန်မြင်ယောင်ကြမယ်နော်။

ဂျာမုန်းရဲ့...ငယ်ဘ၀ကစားခဲ့တယ်ဆိုတဲ့တပ့်ပို့စ်လေးကိုဖတ်သွားကြတဲ့သူငယ်ချင်းအားလုံးကို
အထူးပင်ကျေးဇူးတင်လျှက်ပါ။...အားလုံးလည်းပျော်ရွှင်ကြပါစေနော။

ခင်မင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

14 comments:

rose of sharon said...

ငယ်ငယ်တုန်းကစားစရာတွေကအပျော်တွေနဲ့ရောစားခဲ့တာပေါ့နော်...

jr.lwinoo said...

ပဲပုတ်ထောင်း အရမ်းကြိုက်တယ်။ :)

ခြေလှမ်းသစ် said...

မဂျာရေ ပဲပုတ် စားပြီး ခေါင်းပြားအောင်ပဲ အိပ်တော့မယ်နော်... အဟိ စတာ... ကောင်းပြားအောင်အိပ်... မဟုတ်ပါ..... ခေါင်းပြားအောင်အိပ်ပါ.... ခွင့်ပြုနော်...

သားကြီး said...

ဟို...ဟိုလေ...ကျနော့်နာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျ?
ကချင်ပဲပုပ်စားပြီးကိုယ့်နာမည်ကိုပြန်မေ့သွားလို့ဗျာ
ကူညီကြပါဦး ဟီးးးး
“အားလည်းရှိတယ် အိပ်လည်းငိုက်တယ်”ဆိုတဲ့ပဲပုပ်ကို
အငဲရဲ့ဝေးပြီဘေဘီသီချင်းနဲ့လွမ်းရတာရင်ထဲတောင်ဆို့လာ
သလိုပဲ:P ဒါပေမယ့်လည်းပဲပုပ်ခြောက်ကိုပဲအလွမ်းပြေစားရင်း
ဖြေလိုက်ပါ့မယ်လေ ဖြစ်သမျှအကြောင်းအကောင်းပဲပေါ့ “ပဲပုပ်”ရင် ကံကြမ္မာရယ်ဆုံလာခွင့်ပေးရင်တော့ ပိုးစိုးပက်စက်ကြီးစားပစ်လိုက်ဖို့စိတ်ကူးထားပါတယ်ကွယ် :P

လင်းကြယ်ဖြူ said...

ပဲပုတ်...က စားလို့ကောင်းမယ့်ပုံပဲခင်ဗျ..
မဂျာရဲ့ ငယ်ဘ၀ က စားခဲ့တာလေးတ္ဂေက လည်း ဆန်းဆန်းလေးတ္ဂေ
နဲ့ များလည်းများတယ်နော်...
ဖတ်လို့ကောင်းလို့ ငယ်ငယ်ဘ၀ကိုတောင်ပြန်ရောက်ချင်နေပြီ...
မဂျာပြောသလို တမ်းတခ္ဂင့်ရှိနေတာကို က ကောင်းနေပါသေးတယ်...
ပျော်ပါစေ

သူငယ်ချင်းများဆုံဆည်းရာ said...

အစ်မရေ လာစားသွားတယ်နော်...၆ ယောက်မြောက်ဖြစ်သွားတာနောက်ကျ
သွားတယ်ဗျို့ ..ပဲပုတ်အစားရတာလဲကြာပြီ..အဟိ။။။
ဇက်ကြောတက်ရင်တော့ အစ်မရေ လာနှိပ်ပေးရမယ်နော်...မောင်လေးကို
အဟိ

minsoesan said...

pe' poat ko tot kyite te byoo....lar sar twar te naw....kg lite tar...tomorrow tot institute ko ma go naing tot bu ne' tu te....sar tar myar twar pi 8 nay tot mar be'....:):)

yaewoori said...

ပဲပုတ်ငယ်ငယ်ဘ၀လွမ်းပြန်

neking said...

သွားရည်တောင်ကျလာတယ်ဗျာ။ဟီးဟီးအခုတော့လဲ..ဟုးဝေးပြီးဘေဘီပေါ့နော်....

မိုးကောင်းသူ said...

ပဲပုပ်စားသွားပြီး ခေါင်းပြားအောင် အိပ်လိုက်အုံးမယ်ဗျို့။ :D
ကချင်ဆန်ပြုတ်တော့ စားချင်သား။

သားကြီး said...

commentစတိုင်အသစ်လေးကို
လာမန့်ကြည့်တာပါ
လာလက်စနဲ့မထူးပါဘူး
ပဲပုပ်ခြောက်တစ်ပန်ကန်လုံးကိုကောက်ဝါးသွားပြီ ဟဲဟဲ :P

Angel Shaper said...

မရေ... သမီး ပဲပုတ်ခြောက်သုတ်နဲ့ ကချင်ဆန်ပြုတ်သောက်သွားတယ်။ ငိုက်နေပြီ သွားအိပ်တော့မယ်နော်.... အဟီးးးးးး

မဟာဆန် said...

အစ်မအစ်ကိုတွေ မိန်းမတောင်းခိုင်းတဲ့ အကြောင်းကို ပြန်ပြောပြပြီး ရီနေကြသေးတယ်။ အမေကို အိပ်မရအောင် ပူဆာကြတာနော်။ ဟား ဟား။ ကချင်ပဲပုတ်က ဘယ်လိုလဲလို့ စားကြည့်ချင်တယ်။ ကြက်ကချင်ချက်တော့ အရမ်းကြိုက်တယ်နော်။ ညီမအတွက် တက်ဂ်ပို့စ်လေး ရေးပေးတာ တစ်မိသားစုလုံးကို ကျေးဇူးတင်ပါတယ်။

မိုးခါး said...

ပဲပုတ်ဆိုတာလေ သေချာကို မစားဘူးဘူး မ ရ
ကြုံရင်ကျွေးနော် အပြင်မှာ ..
ပုံပဲကြည့်ပြီးတော့ စားရတာ မ၀ဘူး .. ဟီးး))))))