Tuesday, October 6, 2009

ကော်ဖီသောက်တိုင်းလွမ်းတယ်



ဂျာမုန်းဘ၀မှာ...ကော်ဖီသောက်တိုင်းလွမ်းပြီးသတိရတဲ့...သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။
သူက...မိန်းခလေးသူငယ်ချင်းပါ။...သူနဲ့ဂျာမုန်းက...ရန်ကုန်မှာသင်တန်းအတူတက်ရင်းခင်သွားကြ တယ်။..သင်တန်းပြီးလို့...ဆိုင်ထိုင်တော့မယ်ဆိုရင်...သူကကော်ဖီဆိုင်ပဲခေါ်ခေါ်သွားတယ်။
.ဂျာမုန်းအဲဒီတုန်းက...ကော်ဖီမှမသောက်တတ်တာ...ဂျာမုန်းအကြိုက်က...မုန့်ဟင်းခါးပဲလေ။
မုန့်ဟင်းခါးတောင်..စိန်ဥ မုန့်ဟင်းခါမှကြိုက်တတ်တာ။ သူ့အကြိုက်က...ကော်ဖီခါးခါးပေါ့။
..ရေးနည်းနည်းလေးမှာ..စူပါကော်ဖီမိတ်တစ်ထုပ်လုံးထည့်ပြီး....သောက်လေ့ရှိတယ်။ ဒါမှအရသာရှိတယ်တဲ့။ဂျာမုန်းသောက်ကြည့်တော့.အဲဒီညတညလုံးမျက်စိကြောင်ပြီးအိပ်လို့မရခဲ့ဘူး။..
...အဲလိုနဲ့..သူနဲ့ဂျာမုန်းက..ဆိုင်ထိုင်တော့မယ် ဆိုရင်.....ခက်ရောပဲ။ ..နောက်တော့.ဂျာမုန်းတို့ သူငယ်ချင်းနှစ်ယောက်ဆုံးဖြတ်ချက်..တစ်ခုချလိုက်ကြတယ်။”ကဲ...သူငယ်ချင်းရေ...မင်းကငါ့နဲ့အတူ ..မုန့်ဟင်းခါးလိုက်စားပေးရမယ်...ပြီးတော့..ကော်ဖီဆိုင်ကို သွားပြီးအတူ..ပြန်သောက်ကြမယ်လေ. ..ဘယ်လိုလဲ...” ဆိုပြီးအပေးအယူလုပ်ကြတော့..သူလက်ခံ တယ်လေ။.
.အဲဒီလိုနဲ့... ဂျာမုန်းလည်းကော်ဖီကိုနည်းနည်းဆီသောက်ရင်း..ကြိုက်တတ်လာတယ်။


ဂျာမုန်းလုပ်ငန်းခွင်ကိုရောက်တဲ့အချိန်တော့..ကော်ဖီကို...ဆွဲသွားခဲ့တာပေါ့။..မနက်ရုံးရောက်လို့
ကော်ဖီ မသောက်လိုက်ရရင်...တနေ့လုံးတမိုင်မိုင်..တငိုင်ငိုင်နဲ့ပဲ။.. ကော်ဖီလေးတစ်ခွက် သောက် လိုက်ရမှ..လန်းဆန်းသွားသလို့ခံစားရတယ်။...အခုတော့လည်း..ကော်ဖီဂျိုးလေး.တစ်ယောက်ပေါ့။

ကဲ..ကော်ဖီကြိုက်သူလေးရေ...ကြိုက်တဲ့ကော်ဖီခွက်ကို..ယူသောက်လို့ရတယ်နော်။

ဒါကတော့..ဂျာမုန်းကိုယ်တိုင်ဖျော်ထားတာနော်။...နို့များများနဲ့နော်။သောက်သွားသိလား။

ဒီအောက်ကကော်ဖီခွက်တွေကတော့....မေးလ်ထဲကရတဲ့....ကော်ဖီလေးတွေပါ။.
.ဒီလိုလှလှလေးတွေ..ဂျာမုန်း မလုပ် တတ်သေးဘူး။..လုပ်ကြည့်အုံးမယ်။..
နောက်မှဖျော်တိုက်မယ်နော်။









ဒီ..ကော်ဖီအားလုံးထဲမှာ...အကြိုက်ဆုံးခွက်က..ဘယ်ခွက်လဲ..ပြေပေးအုံးနော်။..
နောက်ဖျော်တိုက်မှာမို့ပါ။ဂျာမုန်းကတော့...ပန်းပွင့်ပုံကော်ဖီလေးကို..အကြိုက်ဆုံးပဲ။


ကဲ..အားလုံးပဲ..ကော်ဖီးပူပူလေးကိုသောက်ရင်း...ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
ဂျာမုန်းဒန်

Type rest of post here

14 comments:

နိုင်နိုင် said...

ဦးဦးဖြားဖြား
ပူပူနွေးနွေး
ကော်ဖီလေးတွေ
ဟိုခွက်ကိုငေး
ဒီခွက်ဘေးလာ
ယောင်ချာချာနဲ့
မထူးတဲ့အဆုံး
အကုန်လုံးပဲ
ငနိုင်အငတ်သောက်သွားသည်။ ။

နောက်မှရောက်လာ
မိတ်သဟာကို
ထပ်ဖျော်တိုက်ပါ မမဂျာ.....

နိုင်နိုင် said...

အကုန်လုံးကိုကြိုက်တယ်ဗျာ
သောက်ရမှာတောင်နှမျောမိပါရဲ့
ကျေးဇူးပါအမရေကော်ဖီသောက်ချင်နေတာနဲ့
အတော်ပဲဖြစ်သွားတယ်

Anonymous said...

ရှောင်းဂျာလေးးးးးးးးးးးးးးးးးးးးးးးးးး
ကော်ဖီကြိုက်တယ်သိလား
သောက်သွားတယ်နော်

yangonthar said...

ကော်ဖီသိပ်ကြိုက်တယ် အစ်မရေ .... အစ်မဂျာမုန်းဖျော်ထားတာ သောက်ပြီး အောက်က ခွက်တွေ ကို ဆက်သောက်စရာ မလိုတော့ဘူးဗျာ .... တစ်ခွက်တည်းနဲ့  လျှာလည်သွားလို့  ..... :)
ခင်တဲ့
ရန်ကုန်သား

Beauty Studio USA Branded Store said...

မဂျာရေ cappuccino လာသောက်ရင်း cappuccino art လေးတွေငေးသွားတယ်။
ကျွန်တော်လဲ အရင်က cappuccino artပြိုင်ပွဲကိုသွားကြည့်ဖူးတယ်။ အရင်လုပ်ခဲ့တဲ့ ဟိုတယ်အလုပ်ကလွှတ်တာ သူတို့လုပ်ပြတာတွေက အရမ်းမိုက်တယ်။
ကော်ဖီသောက်နေရင်းတောင် ကော်ဖီချစ်သူကိုရီးယားကားလေး သတိရသွားတယ်။ကိုဖြိုးဆီကနေ အမြဲလာပေမယ့် ဒီတခါလင့်ယူသွားမယ်နော် မဂျာရေ။

Angel Shaper said...

ကော်ဖီလာသောက်တာ မမမေမေရေ......
ခေါင်းကိုက်နေတာနဲ့ ဆေးသောက်ဖို့ ကော်ဖီလာယူတာ။ အဟဲ.......
သမီးကတော့ အောက်ဆုံးက ပုံလေးကြိုက်တယ်။ ဖျော်တိုက်နော်။

ရင်ရဲ့ ရိုးရာ said...

မဆိုးဘူး ကျွန်တော်က ကော်ဖီကြိုက်တော့ နောက်ဆို အဟဲ ဖျော်တိုက်မှာလား အစ်မဂျာမုန်းဒန် ပေါ်က ကော်ဖီထဲက အကြိုက်ဆုံးဆိုရင်တော့ ဒုတိယမြောက်ခွက်ဗျ အဟီးး)) ငတ်ကြီးကျတာလူသိကုန်ပြီ

ဇေဇော် said...

အပေါ်ဆုံးက ကော်ဖီပဲ သောက်သွားပါတယ်။ အောက်က ကော်ဖီတွေကတော့ ငေးရုံပဲ ငေးသွားတယ်။ စာဖတ်လိုက် ကော်ဖီသောက်လိုက်နဲ့ ဇိမ်ပဲ။ ဟီ…ဟိ…။

မေလေး said...

ကော်ဖီဆိုပြီးရော ဘာကော်ဖီဖြစ်ဖြစ် ကြိုက်တယ် မမရေ။

သက်တန့်ချို said...

အစ်မရေ..ကြိုက်တာတော့အကုန်လုံးပဲဗျိုး..နို့များများနဲ့
ကော်ဖီကိုလည်းသောက်သွားတယ် ...ဒုတိယခွက်ကိုတော့
အကြိုက်ဆုံးပဲဟီး...တိုင်းကျုး..ကော်ဖီတိုက်တဲ့အတွက်..

မိုးခါး said...

ကော်ဖီဆို ဘာကော်ဖီဖြစ်ဖြစ် လာထားပဲ .. :D

Unknown said...

I like coffe so much.
A ma, your coffee is also beautiful.
carry on :)

လင်းကြယ်ဖြူ said...

ကော်ဖီကြိုက်တတ်လွန်းလို့ ..အသောက်များနေတာကို
လျှော့သောက်ခိုင်းထားလို့ ..လျှော့နေတုန်း...
အခုလို..ကော်ဖီလှလှတွေတွေ့တော့..
တစ်နေကုန်တစ်ခွက်ပြီးတစ်ခွက် ..သောက်လိုက်ချင်ပါတယ်...ခင်ဗျာ..
ပျော်ပါစေ..

rose of sharon said...

အနက်ရောင်ခွက်နဲ့ကော်ဖီလေးကြိုက်တယ်.......