Saturday, October 10, 2009

ခါလာကြီးကြက်သားသုပ်နှင့်အခြားစားစရာ

ဒီနေ့တော့...ခါလာကြီးကြက်သားသုပ်စားကြမယ်...မိဆွေတို့ရေ။.
ဒီကြက်သားသုပ်ကို.ဂျာမုန်း..အရမ်းကြိုက်လို့..ထမင်းလွတ်ကို..စားပြစ်လိုက်တယ်။.
စားနေရင်း...ဘလော့သူငယ်ချင်းများကို..သတိရလို့...အမြန်ဆုံး..ပြန်သုပ်ကျွေးလိုက်တာပါ။
အားရပါးရစားရမယ်နော်။..ဒီလိုချက်တတ်တာ...မိုးမိုးရဲ့ကျေးဇူးတွေပါရှင်။

ချက်နည်းအဆင့်ဆင့်ကိုလည်းပြောပြအုံးမယ်။.
ကဲ...လာပြီနော..ခါလာကြီးကြက်သားသုပ်ပါ။..စားသွားကြပါရှင်။

ဒါက...ကြက်သားကိုပြုတ်ထားပုံပါ။
ကြက်သား၊ကြက်တောင်ပံ၊အသဲအမြစ်၊အရိုးအစုံကိုဆေးပြီး...အိုးထဲထည့်ပါ။..ဆနွင်းမှုန့်၊ဆား၊ ငံပြာရည်၊အချိုမှုန့်၊ဂျင်းပြားရိုက်ထည့်ပြီး....မီးဖိုပေါ်တည်ထားပါ။ဆနွင်းမှုန့်ကို..၀ါနေအောင်ထည့်ပါ။
ကြက်သားကျက်ပြီဆိုရင်...ကြက်သားကိုပန်းကန်တွင်ဆယ်ပြီးထည့်ထားပါ။


ကြက်သားပြုတ်အရည်ကိုမတွန်ပြစ်ပဲ...ပဲမှုန့်အစိမ်းကို...ရေအေးနှင့်အရည်ဖျော်ပြီး..ကြက်သားပြုတ် ရည်အိုးထဲ..လောင်းထည့်ပါ။..ပြီးရင်..အပေါ့အငံမြည်းကြည့်ပြီးလိုသလိုထပ်ထည့်နော်။...ပြီးရင်..မီးဖို ပေါ်တင်ပြီး..အဆက်မပြတ်မွေပေးပါ။..ပဲမှုန့်နစ်ဟာ...အရမ်းပြစ်သွားအောင်မဟုတ်ပဲ..အရည်ကျဲ လေးဖြစ်နေပါစေ။..ပြစ်သွားရင်...တိုးဖူးနွေးဖြစ်သွားမှာဆိုးလို့ပါ။..ပြစ်ပြစ်လေးစားချင်သူအတွက် တော့ ကိစ္စမရှိဘူးနော်။..ကျက်ပြီဆိုရင်...ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး..အိုးကိုချလိုက်ပါ။
ပုံတွင်ပြထားသည့်အတိုင်း...ကြက်သားပြုတ်ကို..အနေတော်လှီးထားမယ်။..ကြက်သွန်နီးကိုပါးပါးလှီး ပြီးရေဆေးထားမယ်။...ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားမယ်။ကြက်သွန်မိတ်၊နံနံပင်ကိုလည်းလှီးထားမယ်။
သံပုရာသီးကိုအစိတ်ကလေးလုပ်ထားမယ်။..ငရုတ်သီးမှုန့်ကိုလည်းအဆင်သင့်ယူထားမယ်။

ကဲ..စားတော့မယ်ဆိုရင်..ပန်းကန်းထဲကို..ကြက်သားထည့်၊.ကြိုထားတဲ့..တိုဖူးနွေးထည့်မယ်..ပြီးရင်
.ကြက်သွန်နီနဲ့ဂေါ်ဖီလှီးထားတာထည့် မယ်၊..သံပုရာသီးညှစ်ထည့်မယ်။ငရုတ်သီးမှုန့်ဖြူးပြီးပြီးဆိုရင် နံနံပင်လေးထည့်ပြီး...အတင့်စားလို့ရပါပြီးရှင်။.
.ကဲ..ဒါဘာပဲနော်။လုပ်စားဖြစ်ရင်..ကျွေးအုံးနော်။


ဒါက...ကဇော့ခါးသီးထောင်းပါ။..တချို့ကရန်ကုန်သီးလို့လဲခေါ်ကြတယ်။..
ဘယ်ဟာမှန်လဲတော့မသိဘူး..သိရင်ပြောပြနော်။
ဂျာမုန်း..က..အထောင်းဆိုရင်..ရှယ်ကိုထောင်းစားတတ်တယ်။..ဒီလိုထောင်းစားတော့အရသာက ဂွတ်ကောင်းမို့..ပြောပြအုံးမယ်နော်။
ကဇော့ခါးသီးအကြီးမျိုးကိုချွေပြီးရေဆေးလိုက်တယ်။..ငရုတ်သီးအစိမ်းကိုလည်းရေဆေးထားလိုက် တယ်။ကြက်သွန်ဖြူကိုအခွံနွာထားပြီးအသေးလေးတွေစိတ်ထားလိုက်တယ်။..ပြီးရင်..ဒယ်အိုးကိုမီဖို ပေါ်တင်ပြီး...ဆီအနည်းငယ်လောင်းထည့်...ဆီပူလာရင်..ဒါတွေအားလုံးထည့်ပြီးလော်လိုက်တယ်။
အသီးကြက်ပြီဆိုရင်....ပဲပုပ်ချောက်ကိုအနည်းငယ်ကြော်လိုက်တယ်။..ကြော်ပြီးရင်..အားလုံးကို ငရုတ်ဆုံထဲထည့်ပြီး...ထောင်းလိုက်တယ်။.မထောင်းခင်..ဆားနဲ့အချိုမှုန့်၊ဂျင်းအနည်းငယ်ဆီထည့်ပါ။
.ဂျာမုန်းက..ငရုတ်ဆုံမရှိလို့..ကြိတ်စက်နဲ့ကြိတ်လိုက်တယ်။..ဒါလဲ..ထောင်းထားတဲ့အတိုင်းစားလို့ ကောင်းပါတယ်။..အပေါ်မှာပြထားပုံက...လော်ထားပြီးပုံပါ။


ဂျာမုန်းဟိုတခါပြောထားတယ်နော်..ကော်ဖီလှလှလေး...ဖန်တီးပြီးဖျော်တိုက်မယ်ဆိုတာ လေ။......အခုတော့...စာတွေမဟုတ်ပါ.
လက်တွေ့ပြလိုက်ပါပြီရှင်.။
အခုဖျော်ထားတဲ့ကော်ဖီက...သိပ်တော့မလှသေးဘူး...ဒါပေမဲ့..နို့များများထည့်ထားတာမို့.. သောက်လို့ကောင်းတယ်။....သောက်သွားနော်။



ကော်ဖီသောက်ပြီးရင်...ကောင်းမကောင်းတော့ပြောသွားပါအုံးနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

9 comments:

Unknown said...

a ma yay,
alls are good and special.
your husband is very lucky.

Unknown said...

ခါလာကြီးကြက်သားသုပ် ဟွန်း.... သူအရင်စားလိုက်တာကိုးးးးးး တော်သေးတယ် ကျန်သေးလို့... အချိန်မီးလေးရောက်လာတာ ကံကောင်းသွားတယ်... အရမ်းကြိုက်သွားပြီးဗျာ... မိုးမိုးကိုလည်း ကျေးဇူးပါလို့....

ဟင်းစားတင်မက ကွန်ချက်ပါပြပေးလို့ ပိုပြီးကျေးဇူးတင်မိပါတယ်ခင်ဗျာ...

အင်း.... မြင်နေသမျှတော့ သွားရေကျနေရအုံးမှာပဲ...

မြန်မြန်လုပ်စားလိုက်အုံးမှ.... :) :P :D

ခင်မင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

yangonthar said...

ကြက်သားသုပ်ကလည်း အကြိုက် .... ရန်ကုန်သီး ဟဲဟဲ ခရမ်းကဇော့သီးသုပ်လဲ ကောင်း ကော်ဖီကအရသာ မသိလိုက်ဘူး အစ်မဂျာမုန်းရ ... နောက်တစ်ခွက်လောက် .... :)
ကျေးဇူးအစ်မရေ
ကောင်းလိုက်တာ စားလို့သောက်လို့  လွှတ်ကို ကောင်းတာ ... :)

Angel Shaper said...

မမမေမေရေ...... လက်ရာလေးတေါ ကောင်းလိုက်တာ။ ကော်ဖီတွေလဲ ရှယ်ပဲ။ ဒီည အိပ်လို့ရပါဦးမလားဟင်။။။။။။။။ ဟိဟိ

မိုးစက်အိမ် said...

စားချင်လိုက်တာဗျာ ကွန်ပြူတာထဲက ထုတ်စားလို.ရရင်
ဘာပြောကောင်းမလည်း ပညာရှင်တွေကလည်း ဒါကျမထွင်ကြဘူး :P

မိုးစက်အိမ် said...

စားချင်လိုက်တာဗျာ ကွန်ပြူတာထဲက ထုတ်စားလို.ရရင်
ဘာပြောကောင်းမလည်း ပညာရှင်တွေကလည်း ဒါကျမထွင်ကြဘူး :P

Anonymous said...

ရှောင်းဂျာလေးးးးးးးးးးးးးး
ဟိုနေ့ ကလာမန့် တယ်လေ မပေါ်ဘူးသိလား
ဘာဖြစ်လို့ လဲဟင်
ခုတခါထပ်စားသွားတယ်သိလား

Anonymous said...

ရှောင်းဂျာလေးးးးးးးးးးးးးး
ဟိုနေ့ ကလာမန့် တယ်လေ မပေါ်ဘူးသိလား
ဘာဖြစ်လို့ လဲဟင်
ခုတခါထပ်စားသွားတယ်သိလား

moemoestar said...

ကဇော့ခါးသီးထောင်းလေးကြိုက်တယ်...
ဒီမှာမရှိလို့ မစားရဘူး...
ဂျာမုန်းဆီမှာစားသွားပြီ...