Sunday, October 11, 2009

ဝက်သားချက်နည်းအမျိုးမျိုးနော်


ဒီနေ့တော့..၀က်သားကြိုက်တဲ့...မောင်နှမများအားလုံးအတွက်...၀က်သားကို...စတိုင်လ်အမျိုးမျိုးနဲ့ ချက်ကျွေးချင်ပါတယ်။.၀က်သားမစားသူ..မောင်နှမများကို..ဂျာမုန်းအထူးပဲတောင်ပန်ထားမယ်နော်။
.၀က်သားကိုတွေ့တာနဲ့..ပြန်လှည့်မသွားပါနဲ့နော်။...နောက်နေ့မှာ..အထူးပြန်ချက်ကျွေးမယ်သိလား။

ဒါက..၀က်အူချောင်းကင်ပါ။..ဒါလေးကိုအရင်မြည်းဖို့နော်။..ပြီးရင်..အောက်မှာ..ဆက်စားနော်။

ဒါကတော့...၀က်သားဆူးရိုကြော်ပါ။
ဒီ...၀က်သားဆူးရိုကြော်ကို...အများအားဖြင့်..တရုတ်မင်္ဂလာဆောင်နဲ့ကချင်မင်္ဂလာဆောင်တွေမှာ.
.၀က်သားအခြောက်ကြော်ပွဲအစုံကို....အချဉ်လေးနဲ့တွဲပြီးထားပေးတတ်ပါတယ်။တရုတ်ဟင်းတစ် မျိုးပေါ့။

ကြော်နည်းကတော့လွယ်ပါတယ်။ပြောပြမယ်နော်။
ဝက်ဆီ(သို့)၀က်သားသုံးထပ်သားကို...အချောင်းလေးတွေ...ဖြစ်အောင်ပါးပါးလှီးပြီး..ပန်းကန်လုံး
တွင်ထည့်ထား။ဂျင်းနှင့်ကြက်သွန်ဖြူကိုထောင်းပြီး..အရည်ညှစ်ထည့်နော်။..ပြီးရင်...အနှစ်ပြစ်ပြစ်
လေးဖြစ်အောင်.ဂျုံမှုန့်၊ကော်မှုန့်နှင့်ကြက်ဥ...တစ်လုံးနှစ်လုံးလောက်ဖောက်ထည့်ပါ။ဆား၊အချိုမှုန့်
တို့ကိုထည့်ပြီး..လက်နှင့်သမအောင်မွေပေးနော်။..ပြီးရင်..ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး..ဆီထည့်ပါ။
ဆီပူလာလျှင်...သမအောင်မွေထားတဲ့..အသားချောင်းတွေထည့်ကြော်လို့ရပါပြီး။..ပြီးကို..အနေတော် အပူပေးပါ။အပူချိန်အရမ်းများလျှင်..အသားမကျက်မှာဆိုးလို့ပါ။..အသားတွေနီလာရင်..အထက် အောက်လှန်ပေးနော်။..ကြက်ရင်ဆီစစ်ထားပြီး..အချဉ်လေးနဲ့တို့စားလို့ရပါပြီရှင်။..နောက်ပြီးကြော် ထားတဲ့..အသားတွေကို..ချိုချဉ်ကြော်အဖြစ်လည်း...ကြော်စား၊ချက်စားနိုင်ပါတယ်။...ဂျာမုန်းက..
အောက်မှာ..ချိုချဉ်ကြော်ကြော်ထားတယ်။..စားသွားကြပါနော်။.ကြော်ထားပြီးတော့
.သာရှည်ခံထား ပြီးလည်း..စားလို့ရပါတယ်။..ဒါပါပဲနော်။ကြော်စားဖြစ်အောင်ကြော်စားနော်။

ဒါကတော့..၀က်သားဆူးရိုချိုချဉ်ကြော်ပါ။..စားသွားနော်။
အပေါ်မှာကြော်ထားတဲ့..၀က်သားဆူးရိုကြော်ကို...ချိုချဉ်ကြော်စတိုင်လ်ပြန်ကြော်ထားတာပါ။

ချိုချဉ်ကြော်အတွက်ပြင်ဆင်ကြမယ်နော်။
ကြက်သွန်နီးကိုလေးထောင့်ပုံစံအသေးလေးတွေလှီးထားမယ်။ကြက်သွန်ဖြူ၂ဥကိုပါးပါးလှီးထား။
ဂျင်းကို..ပါးပါးလှီးပြီးအချောင်းသေးသေးလေးတွေလှီးထားမယ်။..ခရမ်းချဉ်သီးကိုလည်း..လေးဒေါင့် ပုံစံလှီးထားမယ်။အစပ်ကြိုက်သူများအတွက်..ထည့်စားနိုင်ပါတယ်။ကော်မှုန့်ကို..ရေအေးနဲ့ဖျော်ထား
မယ်။..ကြက်သွန်မိတ်ကိုလှီးထားမယ်။.ငရုတ်ဆီအနည်းငယ်၊ဆား၊အချိုမှုန်၊ငံပြာရည်အနှောက်ကို
အတင့်ပြင်ဆင်ထားမယ်နော်။ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး..ဆီထည့်မယ်။ဆီပူလာရင်...လှီးထားတဲ့အ
စာပလာတွေအားလုံးထည့်။ကြက်သွန်တွေ...နီမြန်းလာရင်.ခရမ်းချဉ်သီးထည့်ပြီးမွေပေးနော်။ပြီးရင်
.ကြော်ထားတဲ့ဝက်သားဆူးရိုထည့်ပါ။ဆား၊အချိုမှုန့်၊ငံပြာရည်အနှောက်၊သကြား၊ငရုတ်ဆီအနည်း ငယ်ထည့်ပြီး..မွေပေးပါ။..အားလုံးသမသွားပြီဆိုရင်..ဖျော်ထားတဲ့ကော်ရည်ကိုလောင်းထည့်ပြီးမွေပါ။
ပြီးရင်အပေါ့အငံမြည်းကြည့်...ငရုတ်ကောင်းလေးဖြူးပြီး.ဟင်းပန်းကန်းတွင်ခပ်ထည့်နော်။
နံနံမိတ်နဲ့ကြက်သွန်မိတ်တွေကို.....အပေါ်မှာဖြူးပေးပြီးရင်...အကောင်းဆုံးဟင်းတစ်ခွက်အဖြစ်.
သုံးဆောင်နိုင်ပါပြီရှင်။ဂျာမုန်းတော့..ကြက်သွန်မိတ်တွေကုန်သွားလို့..မဖြူးလိုက်ရဘူး။..


ဒါက...၀က်သာသုံးထပ်သားချက်ပါ။
ဒီချက်နည်းကိုတော့အားလုံးသိကြမှာ..မို့မရေးတော့ဘူးနော်။

ဒါက..ကြက်သား..၀ါးမျှစ်ချောက်ကြော်ပါ။
ဝက်သားမစားသူများအတွက်..သီးသန့်ကြော်ထားပေးတာပါ။..စားသွားနော်။

အားလုံးပဲ..ဟင်းအစုံနဲ့ထမင်းမိန်မိန်စားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here

11 comments:

Angel Shaper said...

ဝေးးးးးးးး
ရန်ကုန်သားမလာခင် ဦးအောင် စားသွားပါတယ်။
ပလွတ် ပလွတ် ပလွတ်။ ဟဟ
ဂွတ်လိုက်တာ။ ကောင်းထှာဗျာာာာာာ

Angel Shaper said...

ပါဆယ်လဲ ဆွဲလိုက်တော့မယ်။
ချန်ထားရင် ရန်များတယ်။ ဟိဟိ
ရန်ကုန်သားရေ..... ပန်းကန်တွေ ဆေးဖို့ လာဦးနော်။ ဟိဟိ
မောင်လေးရေ...စားလို့ကောင်းတယ်နော်။ ကိုကိုရန်ကုန်တော့ သနားပါတယ်။ အပြေးလာပြီး ပန်းကန်ပဲဆေးရတယ် အဟက်။။။။

Angel Shaper said...

အားးးးးးးးပါးးးးးးးးးးးးးးး
ကောင်းမှကောင်းးးးပဲဗျိုးးးးးးးးးးးးးးး
ချက်နည်းလေးတွေကို ဘလော့ဂါညီအမများးးးးး မှတ်ထားကြပါ။ သမီးကြီး ကို ချက်ကျွေးဖို့ သေချာ မှတ်ထား ကျင့်ထားကြပါ။ အဟဲ

Angel Shaper said...

ကဲ.... စားနိုင်သလောက် စားပြီး ရန်အေးအောင် ပါဆယ်ပါ ဆွဲလာခဲ့သေးတာပဲလေ။ ပြန်သင့်ပါပြီနော်။
မောင်လေးရေ... မမပြန်ဘီနော်။ ကိုကိုရန်ကုန်လာရင် အိုးခွက်ပန်းကန် ပြောင်အောင် ဆေးခိုင်းလိုက်ပါ။ မမမေမေ ပင်ပန်းနေပြီ။ ဟေးးးဟေးးးးး
ရန်ကုန် ရန်လာရှာမှာ မြင်ယောင်သေးးးး ပြေးပြီ ဟိဟိ

Beauty Studio USA Branded Store said...

အပေါ်က အိမ်ကျယ်ကြီး အကုန်မစားသွားနဲ့ဦး။ ငါအတွက်လဲ ချန်ထားဦး။မဂျာရေ အားနာနာနဲ့ နောက်တပွဲလောက်ပေးပါဦးဗျို့။အိမ်ကျယ်တစ်ကောင် ဟင်းတွေကြီးပဲ အဝစားသွားလို့ ရှိတော့ဘူး။ကုန်ပြီ။စားကောင်းလိုက်တာအမရယ်။အမဆီလာလည်ရင် မစားဘူးတဲ့ဟင်းအကုန်စားရတယ်။ လာလည်ရတာလဲ အားကြီးအားကြီးပျော်တယ်။ ဟင်းကောင်းစာရလို့ ချက်နည်းလေးပါ ကူးသူသွားတယ်။ရန်ကုန်က အမျိုးတွေကို ချက်ကျွေးမလို့။ အမျိုးသမီးက ရန်ကုန်ရောက်နေတာ မဟုတ်ရင် သူအမဆီက ချက်နည်းတွေကြည့်ပြီး နားရက်ဆို နှစ်ယောက်သားချက်စားကြတာ။ ကျွန်တော်လဲ လာမည့် ၁၅ရက်ဆို ရန်ကုန်လိုက်ပြန်ဦးမယ်။လာနှုတ်ဆက်တာပါ မဂျာရေ။နောက်လ ၁၅မှ တွေ့ကြမယ်နော်အမ။တာ့တာ။ အမတို့မိသားစုပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

Vista said...

အကုန်မိုက် ..

rose of sharon said...

ဝက်သားအရမ်းကြိုက်တာ.... တွေ့သမျှဝက်သားဟင်း ဘယ်လိုချက်ချက် အကုန်ကြိုက်တယ်

moemoestar said...

ကိုယ့်ရဲ့ အမျိုးသားက ခြေလေးချောင်း မစားဘူးလေ
ရန်ကုန်မှာဆိုရင်တော့ သားတို့ ၂ယောက်နဲ့ ချက်စားတယ်...
ဒီမှာကသူနဲ့ ကိုယ်နဲ့ ၂ယောက်ထဲမို့ ချက်မစားဖြစ်ဘူး
ဂျာမုန်းချက်ကျွေးတာ ကျေးဇူးပါနော်...
စားရုံတင်မက ပါဆယ်ပါဆွဲသွားပြီ...
မျှစ်ခြောက်လည်း အရမ်းကြိုက်ဘဲ...

မေလေး said...

ဟင်းတွေကလှလို့ စားရက်စရာတောင်မရှိဘူးမမရာ
သုံးထပ်သားဟင်းပေါ်မှာအလှဆင်ထားတဲ့ ပန်းပွင့်ကဘာနဲ့လုပ်ထားတာလဲမမ။

မြစ်ကျိုးအင်း said...

ဝက်သားတော့ကြိုက်တယ်။
ခြေလေးချောင်းအသားတွေ ရှောင်ထားတာ ၀က်သားတမျိုးတော့ မရှောင်နိင်သေးဘူး။

Anonymous said...

ဝက်သားလည်း စား
ကြက်သားလည်း စားလို့
ကျွေးသမျှ အကုန် စားသွားလို့ ရမလား ခင်ဂျ ... :D

နေဒေး။