ဝါးမျှစ်လေးနဲ့..ချက်ထားတာမို့..အရသာကတော့..ပြောစရာပင်မလိုပါ။......ဟိုတခါဖေကြီးရဲ့မွေးနေ့
ပွဲတုန်းက...ချစ်ညီမလေး..လက်ဆောင်ပေးထားတဲ့အိုးလေးပေါ့။.
.အိုးလေးကလှတော့ အရသာလည်းလှတယ်...အော်ဟုတ်ပါဘူး..ကောင်းတာပါ..ဟီး..ဟီး။
စွပ်ကိုတော့..အားလုံးချက်တတ်မယ်ထင်တယ်။..ပြောပြတော့ဘူးနော်။
ဒါကတော့.ကြက်သားကြာဇံကြော်ပါရှင်။..အ၀ကိုစားသွားပါရှင်။.အားနာရင်.ငတ်မယ်နော်။
ကြော်နည်းလေး..အနည်းငယ်ဝေမျှလိုက်တယ်။
ဂျာမုန်းက..ကြာဇံကို..မပြုတ်ပဲ..ရေအေးနဲ့အရင်စိမ်ထားတယ်။.ကြော်တော့မယ်ဆိုမှ.ရေနွေးပူပူလေး
နဲ့..ပြန်စိမ်လိုက်တယ်။..ဒါမှအနေတော်ပဲ။..ကြက်သွန်နီကို..လေးဒေါင့်အသေးလေးတွေလှီးထား။
ကြက်သွန်ဖြူနဲ့ဂျင်းကိုလည်းပါးပါးလှီးထားတယ်။..ကြက်သားကိုအရိုးထုပ်ပြီးအတုန်းသေးသေးလေး တွေလှီးထားတယ်။..ကြက်သွန်မိတ်၊နံနံမိတ်ကိုလည်း..အနေတော်လေးလှီထားတယ်။..အသီး၊အရွက် အတွက်..ကြိုက်တာထည့်လို့ရပါတယ်။..ဂျာမုန်းကတော့..မုန်လာဥနီနဲ့ပဲသီးတောင့်ကိုပါးပါးလှီးပြီး
ထည့်ပါတယ်။..အစပ်ကြိုက်သူများအတွက်.ငရုတ်သီးစိမ်းကိုပါးပါးလှီးထားမယ်။..ငရုတ်သီးမှုန့်
လည်းသုံးနိုင်ပါတယ်။...ကဲ..ကြော်တော့မယ်နော်....။....ဒယ်အိုးထဲတွင်..ဆီထည့်မယ်..ဆီပူလာရင်...
လှီးထားတဲ့ကြက်သွန်နီ၊ဖြူ၊ဂျင်းတွေကိုထည့်နော်။အနည်းငယ်မွေပေးနော်..အ၀ါရောင်လေးဖြစ်လာ
ပြီဆိုရင်..ကြက်သားလှီးထားတာထည့်နော်။ဆား၊အချိုမှုန့်၊ငပြာရည်အနောက်၊ကြာညို့တွေကို..လို အပ်သလို့ထည့်နော်။..ပြီးရင်မွေပေးပါ။ကြက်သားတွေကျက်လာရင်...ကြက်ဥအစိမ်း..၂လုံးလောက် ဖောက်ထည့်လိုက်နော်။ပြီးရင်..ပြန်ပြီးမွေပေးပါ။ကြက်ဥကိုအရမ်းကြီးမကျေစေနဲ့နော်။..ပြီးရင်..အသီး အရွက်တွေ..ထည့်ပြီးမွေပေးပါ။..ကြာဇံကို...ရေနွေးစိမ်ပြီးရင်ဆယ်ပြီး...ကြာညို့၊ငံပြာရည်အနည်းငယ် ထည့်ပြီးနယ်ထားနော်။..ပြီးရင်..အကြော်အိုးထဲ..ထည့်လိုက်နော်။..ကြာဇံကကျက်ပြီးသားမို့..အကြာ ကြီးကြော်စရာမလိုဘူးနော်။..အသားနဲ့၊အသီးအရွက်တွေနဲ့သမအောင်မွေပြီးရင်..ငရုတ်ကောင်းလေး ဖြူးပြီး..မီးကိုပိတ်လိုက်လို့ရပါပြီ။..စားတော့မယ်ဆိုရင်..ပန်းကန်ထဲထည့်ပါ။အပေါ်မှာကြက်သွန်မိတ်၊ နံနံမိတ်လေးကိုပါတင်ပေးနော်။..ကဲ...အရသာနဲ့ပြည့်စုံတဲ့..ကြက်ဇံကြော်လေးကိုသုံးဆောင်နိုင်ပါပြီ
ရှင်။....ရှယ်ကို..လိုက်ပါအုံးနော်...။..ကြော်စားဖြစ်ရင်လည်း..ပြောအုံးနော်..လာစားမလို့ပါ။
ဒါကတော့..ကြက်သား..အစပ်ချက်ပါ။
ကြက်သားကို..ငရုတ်ဆီအစပ်နဲ့ချက်ထားတာပါ။...လွယ်ပါတယ်..ခါတိုင်းချက်သလိုပဲ..ကြက်သွန်ဆီ
သပ်ပြီး ချက်လိုက်တယ်။..သူငယ်ချင်းတွေက..ပြောတယ်..အရမ်းကောင်းတယ်တဲ့..ဟီး။
ဒါကတော့..အလွမ်းပြေ..ငါးခြောက်ကြော်ပါ။..ဘီယာသောက်သူများ..မသွားလို့ရတယ်နော်။
ကြော်နည်းကတော့....
ဒယ်အိုးတွင်ဆီထည့်၊..ဆီပူလာလျှင်ငရုတ်သီးအခြောက်တောင့်ကိုထည့်..အမဲရောင်ဖြစ်လာရင်.
.ကြက်သွန်နီးပါးပါးလှီးထားတာထည့်လိုက်တယ်။ကြက်သွန်နီရဲလာရင်..ငါးခြောက်ကိုထည့်လိုက်ပြီး
မွေပေးတယ်။ငါးခြောက်နီရဲလာပြီး..အနေတော်ဖြစ်လာရင်..အချိုမှုန့်နဲ့ငံပြာရည်အကြည်ကိုလောင်း ထည့်လိုက်တယ်..။ငရုတ်သီးအမှုန့်ကိုလည်းအနည်းငယ်ထည့်နော်။ပြီးရင်မွေပေးပြီး..မီးပိတ်လိုက် လို့ရပါပြီ။...ကဲ..ဒါဘာပဲနော်။
ဒါကတော့..ပဲသီးအစိမ်းကြော်ပါ။
ခရုဆီလေးနဲ့ကြော်ထားတာပါ။စားသွားနော်။
ကဲ..အားလုံးကျေနပ်နိုင်ပါစေလို့....ဆုတောင်းလိုက်ပါတယ်။
လိုအပ်တာရှိရင်..အားမနာပါနဲ့..ဂျာမုန်းကို..ပြန်မေးနော်။..စာလုံးပေါင်းအမှားရှိရင်လည်းနားလည်
ခွင့်လွတ်ပေးကြပါရှင်။..အမှားပါပြင်ပေးစေချင်တယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here
7 comments:
ရှောင်းဂျားးးးးးးး
မြူးလေးပထမသိလား
ဘယ်သူမှမလာခင်
အားလုံးမ သွားပြီးးးးးးးး
တ့တာ
မဂျာရေ အထက်ကလည်း ပထမဆိုပြီး ကြွားနေတယ် ကျနော်လည်း ဒုတိယပါနော် ... ဘီယာနဲ့ မြီးစရာ ငါးခြောက်ကြော်တော့ ရပီ ဘီယာဖိုး ပြတ်နေလို့ နည်းနည်းလောက် မစပါအုံး မဂျာရေ .... နောက်တခါဆို ဘီယာလေးပါ အစစ်ထားထားပါဗျို့  စားစာရာတွေအားလုံးက အားရှိတာမို့ အကုန်လုံးသာ စားသွားပီဗျို့ 
များကြီးပါလား..
ကြက်သားအစပ်ချက်လေးရယ်..
စွပ်လေးရယ်..
ငါးခြောက်သေးသေးလေးတွေကြော်ရယ်
အကုန်ကြိုက်
အကုန်ကြိုက်တယ်
ဂျာမုန်းချက်ထားတာတွေအားလုံးကြိုက်တယ်...
hmm yummy!!!
အာ...မြူးနဲ့ ကိုဇော် ဦးသွားတယ်။ ဟင့်ဟင့်
ဘယ်ရမလဲ အကုန်ပါဆယ်ဆွဲသွားတယ်။ ဟိဟိ
Post a Comment