Friday, October 30, 2009

ခွင့်ပန်ပါရစေရှင်

ချစ်တဲ့..မိတ်ဆွေ..ညီအကိုမောင်နှမများအားလုံးရှင်.ဂျာမုန်းခရီးထွက်မှာမို့ခွင့်ပန်ချင်တာပါ။

ဒီတခါခရီးထွက်မဲ့နိုင်ငံက...ပြင်သစ်နိုင်ငံ..ပဲရစ်မြို့ကိုပါ။..မိသားစုအလိုက်ချီတက်မလို့လေ။
ဂျာမုန်းလေ.ရန်ကုန်မှာနေတဲ့အချိန်.ပဲရစ်..ဆိုတဲ့မြို့ကို..ဘယ်လောက်ထိလှပကြောင်း..အိပ်မက်ထဲ
အထိမက်ခဲ့ဖူးတယ်။..နောက်ပြီး..ငါအဲဒီနိုင်ငံကိုတနေ့..သွားကိုသွားရမယ်..ဆိုပြီးဘုရားသခင်ထံဆု တောင်းခဲ့တာ။အခုတော့.သွားရတော့မယ်ဂျာမုန်းဆုတောင်သံကိုဘုရားသခင်နားထောင်ပေးပြီလေ။
ဂျာမုန်းသိပ်ပျှော်တာပဲ။
...ဘုရားသခင်ကိုလည်း..အရမ်းကိုကျေးဇူးတင်တယ်။
( Oh..!Praise The Lord.. Praise The Lord.)


ဘုရားသခင်ကပြောထားတယ်..(တောင်းကြလော့၊.တောင်းလျှင်ရမည်။ရှာကြလော့.ရှာလျှင်တွေ့မည်။တံခါးကိုခေါက်ကြ
လော့၊ခေါက်လျှင်ဖွင့်မည်။တောင်းတောသူမည်သည်ကားရသည်။ရှာသောသူလည်းတွေ့၏။
ခေါက်သော သူအားလည်းတံခါးကိုဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇-၈)


ဒါကြောင့်..ဂျာမုန်းပြောချင်တာက..လောကမှာ..မျှော်လင့်ချက်ကင်းမဲ့သူ၊...ဖြစ်ချင်တာတွေကဖြစ်
မလာ...မဖြစ်ချင်တာတွေပဲ..ဖြစ်လာတဲ့အခါ..၊ချစ်ခြင်းမေတ္တာငတ်နေတဲ့သူတွေ..၊အလုပ်ထဲမှာ..စိတ်
ဖိစီးမူဖြစ်လာတဲ့သူတွေ...ကိုယ့်ရဲ့အနာဂါတ်အတွက်..ဖြစ်ချင်တဲ့ဆန္ဒကို..ဘုရားသခင်ထံယုံယုံကြည်
ကြည်ဆုတောင်းပြီး.ခွန်အားယူဖို့ဖိတ်ခေါ်ချင်ပါတယ်။ဘုရားသခင်မတတ်နိုင်တဲ့အရာ.ဘာမှမရှိပါဘူး။
ယုံကြည်စွာဖြင့်..ကျေမွတဲ့နှလုံးသားနဲ့..သင့်ရဲ့ဆုတောင်းသံကို.ဘုရားသခင်..နားထောင်ချင်နေတာ
အမှန်ပါကွယ်။

ဂျာမုန်းမရှိတုန်း...ဒီအိမ်လေးကို..စောင့်ပေးပါကြပါနော်။
ဒီအိမ်လေးမှာ..စားစရာတွေကများတော့..အိမ်စောင့်မရှိရင်..မဖြစ်ဘူးလေ။
ဂျာမုန်းအိမ်လေးကိုနေ့တိုင်းလာစောင့်ပေးတဲ့သူကို...ဂျာမုန်းပြန်လာရင်..လက်ဆောင်ယူခဲ့မယ်။
ခရီးကပြန်လာရင်..မုန့်တွေအများကြီးဝယ်ခဲ့အုံးမယ်။
ဒါပဲနော်...အားလုံးပဲ...တ့တာ..တ့တာ.နော်။
ဂျာမုန်းဒန်
Type rest of post here

8 comments:

သားကြီး said...

ပြင်သစ်နိုင်ငံရောက်ဖူးချင်ပါတယ်
ကျနော်မရောက်ဖူးလည်း အစ်မရောက်ရင်
ကျနော်ရောက်သလိုပဲမှတ်ယူပါမယ်
အဲဒါကြောင့်ဓါတ်ပုံလှလှလေးတွေရိုက်ခဲ့ဖို့မှာ
ချင်ပါတယ် ပြီးရင်ဘလော့မှာတင်ပေးပါ
သားသားကိုရောတစ်ပါတည်းခေါ်သွား
တာလား ပျော်စရာကြီးနေမှာပေါ့
အိမ်စောင့်ကျန်ရစ်နေမယ်နော် ပြန်လာရင်သာ
ဟင်းကောင်းတွေချက်ကျွေး :)

rose of sharon said...

Have a nice trip ဂျာမုန်းရေ ဓာတ်ပုံလှလှလေးတွေ ရိုက်ခဲ့နော်

~ဏီလင်းညို~ said...

ပျော်ရွှင်စရာ...ခရီးဖြစ်ပါစေ...မဂျာမုန်း...

ဒဏ္ဍာရီ said...

ပျော်စရာ ခရီးလေး ဖြစ်ပါစေ....

ခင်မင်လေးစားလျှက်

Unknown said...

ဂဂျာအီး ဂျာမုန်းဒန်

An Asian Tour Operator said...

ံhave a nice and enjoyable trip with your beloved family!

Unknown said...

ပြန်မရောက်သေးဘူးလား?????

Gum San Aung said...

အရှောင်ဂျာ...ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်ပါစေဗျာ
အိမ်စောင့်ပေးမယ်နော်...လက်ဆောင်တော့မမေ့နဲ့ :)