ဝက်ပေါင်လုံးချက်နှင့်အခြားဟင်းလျှာ



ကဲဒါလေးက၀က်ပေါင်လုံးချက်ပါ။ အဆီတ၀င်းဝင်းနဲ့ မြန်မာဟင်းပါ။စားသွားနော်။

ချက်ပုံလေးပြောပြမယ်.....ဒီလိုပါရှင့်။
ဝက်ပေါင်အပေါင်လိုက်ကိုမခြမ်းပဲဒီတိုင်းနုးနေအောင်ချက်ရင်လည်းရတယ်။ ဂျာမုန်းကမြန်မြန်နုးချင်တာကြောင့်အနေတော်လေးဓားနဲ့ခြမ်းလိုက်တယ်။ ခြမ်းထားတဲ့အသားတုံးတွေကိုဆား၊ဂျင်းရည်ညှစ်ထည့်၊အချိုမှုန့်တို့ကိုသမအောင်ထည့်ပြီးနယ်ပေပါ။
.ပြီးရင်ဒယ်အိုးတွင်ဆီထည့်ပြီးကြော်ဖို့ပြင်ဆင်ပါ။ဆီပူလာလျှင်ဝက်ပေါင်ခွံများကိုပျားရည်လေးလိမ်းပေးပြီး တတုံးစီထည့်မယ်။ဝက်ပေါင်အခွံကိုပျားရည်လိမ်းပေးခြင်းဟာအရောင်လည်းလှ၊အရသာလည်းပိုကောင်းစေဖို့ပါ။ ကြော်သည့်အခါနာနပ်ဖွင့်လေး၃ပွင့်လောက်ထည့်ကြော်ပါ။ ၀က်သားကိုကြော်သည့်အခါကျက်အောင်မဟုတ်ပါ။နီလာလျှင်အသားကိုဆယ်ထားရမည်။

နောက်ချက်မည့်အိုးတွင်ကြော်ထားသည့်အသားတုံးများထည့်၊တရုတ်အမွှေးအကြိုင်ထည့်၊ ဆား၊ ဂျင်း၊ အချိုမှုန့်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်၊ ငရုတ်ကောင်း၊ ကြာညို့စသည်တို့ကိုသမအောင်မွှေ၊ ပြီးရေထည့်ပြီးနုးနေအောင်ချက်ပါ။ ရေထည့်လျှင်တခါတည်းအများကြီးမထည့်ပဲအနေတော်ထည့်ပြီးချက်ပါ။
မနုးသေလျှင်ရေအနည်းငယ်ပြန်ထည့်ပြီးချက်ပါ။အသားနုးလျှင်ခွက်ထဲအသင့်ထည့်ပြီးစားလို့ရပြီးပေါ့။
အနံ့အရသာနဲ့ပြည်စုံတဲ့ဝက်ပေါင်းလုံးချက်လေးရပြီပေါ့။ ကဲဒါပါပဲနော်။ ချက်စားကြည့်နော်။



ဒါကတော့ဆွေမျိုးမေ့အစားအစာပါ။အကိုတစ်ယောက်ကလက်ဆောင်ပို့ပေးလို့သာစားရတာလေ။
ဒါတောင်များများမဟုတ်ဘူး၊တထုတ်ထဲပါ။အလုံးအတွက်သုပ်ဖို့ပြင်ဆင်ထားတာပါ။ အလွမ်းပြေလေးစားသွားနော်။


ဒါကတော့အမဲသားကင်ချောက်ကြော်ပါ။အမဲသားကိုအရင်ကင်၊ပါးပါလှီးပြီးဂျင်း၊ ကြက်သွန်ဖြူလေးနဲ့ကြော်ထားတာလေ။စားကြည့်အရမ်းကောင်းတယ်။


ကဲ....ဂျာမုန်းခရီးသွားနေတုံးဒါလေးပဲပြင်ဆင်ပေးခဲ့တယ်။ ပြန်လာမှအစုံချက်ကျွေးတော့မယ်နော်။
အားလုံးကိုအစဉ်သတိရလျှက်ပါ။

ဂျာမုန်းဒန်
Type rest of post here
Read more...

9 comments:

rose of sharon said...

ဝက်ပေါင်လုံးချက်အရမ်းကြိုက်တာ... စားချင်လိုက်တာ.... Have a nice trip.
:)

ခြေလှမ်းသစ် said...

အမရေ လက်ဖက်ကတော့ အသက်မက ကြိုက်တယ်ဗျို့ .. ခရီးသွားကပြန်လာမှ တခါပြန်လာခဲ့အုံးမယ်နော်

ဂျာမုန်းဒန် said...

thanks

ဂျာမုန်းဒန် said...

thank

မင်းညို said...

အဆင်ပြေသွားပြီ................။။

Sumlut said...

Thankyou

မေသစ္စာမောင် said...

အမရေ စားချင်စရာလေးတွေလာငေးရင်း...
Have an enjoyable and safe journey လို့ ဆုတောင်းပေးလိုက်ပါတယ်း)

လားရှိုးသူ said...

Sa du kau da ai yaw. Hkawm na nga majaw lam ding dung hta KK Wa a bau sin makawp maga ai chyeju hkam la lu u ga.

ဂျန် said...

hi ah roi !!
nang na shatmai ni grai shamu na zawn re lo ..
dai de ngai sa chyai yang shadu jaw sha rit yaw ,, grai hkum mayu ai loo ,,
grai pyaw hkra hkawm na wa sai nre i ??
haha .. k ,, see u yaw fri
bye :P

 
©2009 ဂျာမုန်းဒန် | by TNB | Distributed by Blogger Blog Templates