Monday, July 6, 2009

မေးခွန်းလေးတွေဖြေကြည့်ရမယ်နော်


မေးခွန်းလေးတွေဖြေကြည့်ရမယ်နော်



ကဲ.....ကဲ......ကဲ
အောက်ကမြန်မာနိုင်ငံမှာရှိတဲ့မြို့လေးတွေကိုကျေးဇူပြုပြီးဖြေပေးကြပါရှင်။ အောက်မှာအဖြေတော့ရှိတယ်။ဒါမေမယ့်မကြည့်နဲ့အုံးနော်၊စဉ်းစားလို့မရတော့မှကြည့်မယ်။ နောက်ပြီးကိုယ်ကဘယ်နှစ်ခုဖြေနိုင်သလဲ၊ဘယ်နှံပါတ်လဲဆိုတာကို
ကောမင့်လေးမှာရေးပေးနော်။အားလုံးဖြေနိုင်ရင်အစားအသောက်ရှယ်ချက်ကျွေးမယ်။ မဖြေနိုင်ရင်တော့ငတ်ပြီဆိုတာသဘောပေါက်...ဟဲ..ဟဲ။ အတည်မဟုတ်....စတာ။
>>
>>
>>
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
>> (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
>> (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
>> (၄)လူကြီးမဖြစ်သေးတဲ့မြို့
>> (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
>> (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
>> (၇)ဆင်တွေကတဲ့မြို့
>> (၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
>> (၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
>> (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
>> (၁၁)ဖားကောက်ခိုင်းတဲ့မြို့
>> (၁၂)လေဘေးထည်မြို့
>> (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
>> (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
>> (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်
>> တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
>> (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
>> (၁၇)အဲ့ဒီမြို့က
>> ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့.................................................
>
>
>>>> မြို့အဖြေလေးတွေကတော့


(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
အဖြေ = မြစ်သားမြို့

(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
အဖြေ = ၀က်လက်မြို့

(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
အဖြေ = ၀မ်းတွင်းမြို့

(၄)လူကြီးမဖြစ်သေးတဲ့မြို့
အဖြေ = ကလေးမြို့

(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
အဖြေ = မင်းကင်းမြို့

(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
အဖြေ = ကြံခင်းမြို့

(၇)ဆင်တွေကတဲ့မြို့
အဖြေ = ကျောက်ဆည်မြို့

(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
အဖြေ = ရေးမြို့

(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
အဖြေ = ချောက်မြို့

(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
အဖြေ = ခင်ဦးမြို့

(၁၁)ဖားကောက်ခိုင်းတဲ့မြို့
အဖြေ = မိတ္ထီလာမြို့

(၁၂)လေဘေးထည်မြို့
အဖြေ = ဖျာပုံမြို့

(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
အဖြေ = ၀ါးခယ်မမြို့

(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
အဖြေ = သပိတ်ကျင်းမြို့

(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်
တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
အဖြေ = ဒလမြို့

(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
အဖြေ = ထီးချိုင့်မြို့

(၁၇)အဲ့ဒီမြို့က
ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့.................................................
အဖြေ = မိုးကောင်းမြို့

ဒီမေးခွန်းကိုသူငယ်ချင်းတစ်ယောက်ကMailနဲ့ပို့လိုက်တာပါ။
ကိုယ့်နိုင်ငံရဲ့မြို့နာမည်လေးဆိုတော့စိတ်ဝင်စားစရာကောင်းလို့လေ။ ဒါနဲ့ဂျာမုန်းလဲ....အားလုံးကိုပျော်ရွှင်စေလိုတဲ့စိတ်နဲ့ဒီမေးခွန်းလေးကိုပြန်မေးလိုက်ပါတယ်။ စိတ်အနှေက်အယှက်ဖြစ်သွားရင်ခွင့်လွတ်ပါလို့တောင်ပန်းပါရစေရှင်။
ဖြေပြီးရင်ကော့မင်မှာ ဘယ်နှစ်ခုမှန်ကြောင်းကြွားကြမယ်နော်။
ဂျာမုန်းကတော့ ခုနှစ်ခုပဲဖြေနိုင်တယ်။ ငတ်တော့မှာသေချာနေပြီ...ဟီး။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

24 comments:

Unknown said...

ဟားဟား ၃ခုပဲ မသိတာ (စုဘူးအိမ်)

Ree Noe Mann said...

ဖြေတာ ၇ ခု မှန်တာ ၆ခု ပါ။

လာလည်သွားပါတယ်ဗျာ။ ပျော်ရွှင်ပါစေ

ရီနိုမာန်

မိုးခါး said...

ဟဟ
ညီကတော့ သိတာ ၃ ခု လောက်ပဲရှိမယ် :P
ငတ်တော့မှာပဲ :P

သားကြီး said...

လေးခုလောက်ပဲမှန်တယ်ဗျာ
ပိန်းချက်ကတော့ :(

Anonymous said...

ညံ့ပါ့ဗျာ..... ကျွန်တော် ၂ခုပဲ မှန်တယ်။

ဂျာမုန်းဒန် said...

စိတ်မပူပါနဲ့ အဖြေအားလုံးမမှန်ရင်လည်းချက်ကျွေးမှာပဲနော်။
အောင်တာမအောင်တာအပထား၊ ယှဉ်ပြိုင်ခြင်းသာအဓိကပါ။
အားလုံးကိုကျေးဇူးတင်လျှက်
ဂျာမုန်းဒန်

Anonymous said...

ကောင်းလိုက်တဲ့ ပို့စ် ရယ်လိုက်ရတာ အူတွေတောင်နာတယ်။ တခုမှ မသိဘူး။ အဟီး အဲ့လောက်တော်တာ။
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး

Anonymous said...

ရှောင်းဂျာရေ...
မြူးအားလုံးသိနေတယ်နော်
ဟီးးးးးးးး ဘလော့တခုမှာဖတ်ပြီးသားမို့ ပါ
နောက်မို့ ဆိုလေ အပေါ်ကလူတွေထက်
ပိန်းပိန်းပဲလေ

ချစ်တဲ့
မြူးလေး

International Youth Fellowship said...

Kwi!!! :( တစ်ခုလေးတောင် မမှန်ဘူး အမ။ ကို့ကိုယ်ကို တော်တော်ညံ့တာ အခုမသိတယ်။

ယွန်း said...

တော်တော်ပိန်းပါတယ်...၂ခုပဲမှန်တယ်..
ဒါနဲ့ ၀ါးခယ်မမြို့ ရဲ့အဓိပါယ်ကတော့ကျောချမ်းစရာကြီးးးအဟဲ

လင်းကြယ်ဖြူ said...

ကောင်းတယ်..ကောင်းတယ်...
By the way ..တစ်ခုမှကို မှန်အောင်မဖြေနိုင်ပါကြောင်းကို ..ဟီး။။
ပိုပြီးတော့ မှတ်မိသ္ဂားတယ်..မြို့တ္ဂေကို ...
ကျေးဇူးနော...

ကျောပိုးအိတ် said...

မြတ်စွာဘုရား

နံပါတ် ၁ကစမှားတယ် ။ ဟားဟားဟား။ ရှယ်ရယ်ရယ်တာ။ ၃၊၄၊၆၊၇၊၁၁
အဟဲ ၅ခုတော့ မှန်တယ်။

မမရေ

ဟိုဘက်အိမ်ပူဆာလဲမရ၊ ဒီဘက်အိမ်ပူဆာလဲမရနဲ့ ။ ရှောက်သီးသုတ်စားချင်တယ်ဆို။

မစားရရင် သေမှာနော်။ ဟွန့် ။ နောက်မှ အောင်မလေး မကျွေးလိုက်ရခြင်းလို့ ငိုနဲ့ ။
း)

မိုးကောင်းသူ said...

အဖြေမှန် အကုန်လုံး ပြောလိုက်ရမလား။ ဟိုတခါတုံးက မလိခအိမ်မှာ ဖြေထားပြီးသားနော်။ မိုးကောင်းမြို့တောင် မှန်အောင်ဖြေနိုင်ပါတယ်နော်။ :D

WWKM said...

မမလည်း ၇ ခုလောက်မှန်တယ်လေ....
ဒါလေးဖတ်ပြီးမှ ငယ်ငယ်ကအဲဒီလို စကားဝှက်တမ်းကစားခဲ့ကြတဲ့
“၀က်တုတ်ကြိုးဆွဲ ”ဆိုတဲ့မြို့လေးသွားသတိရမိတယ် ညီမလေးရေ...

သိလား ညီမလေး.. မှန်အောင်ဖြေနိုင်ရင် မမလည်း မုန့်ကျွေးမယ်နော်.း)

ဝက်တုတ်တော့ အော်တယ်.... ကြိုးဆွဲတော့ တင်းတယ် တဲ့..အဟတ်
အဲဒါကြောင့်မို့ အော်တင်း အင်းတော်ပါ တဲ့.. အဟတ်ဟတ်

မေဇင် said...

အားလုံးတော့ မသိဘူး...ဒါပေမယ့် တစ်ချို့သိတယ်နော်...။ စိတ်ညစ်လို့ မြူးထဲ ကနေ လိုက်ဝင်လာတာပဲ...မမ လင့်လေးယူသွားတယ်နော်..။

rose of sharon said...

ရှစ်ခုမှန်တယ်...ကျန်တဲ့မြို့နာမည်တွေကမသိတာရယ်..မကြားဘူးတာရယ်နဲ့ အဖြေလွဲသွားတယ်

စန္ဒကူး said...

မေးခွန်းတွေကြည့်ပီး ရေလည်ဖြေချလိုက်တော့မလို့ မမဂျာမုန်း က အဖြေပါပေးထားတာကိုး...း)

Angelhoneymoe said...

တစ်ခုမှသိဘူး ..ဟီးးးးး

မြစ်ကျိုးအင်း said...

လွယ်တာတွေဖြေတာပေါ့...မရတာက ခက်တာတွေလေ
အမဂျာမုန်းဒန်ကတော့ ခေါင်းပူအောင် လုပ်ထားတာပဲ...
အမကိုလည်း တခုတော့ပြန်မေးသွားအုံးမှ
ကျောင်းသားဘ၀က ပွဲသိမ်းမေးခွန်းလေးပေါ့
တိုင်းကြည့်ရင် နီးနီးလေးပဲ ရှိတဲ့မြို့နှစ်မြို့ ပြောပါ
(ဥပမာ . ဆင်တဲ...ဆင်တဲဝ ) အဖြေကို စဉ်းစားလို့မရရင်
တောင်းဆိုတဲ့ဟင်းချက်ပေးမှ ပြောပြမယ်...

အဲလိုမေးခွန်းမျိုးတွေ ရှိပါသေးတယ်
ကျောင်းသားဘ၀က ကစားကြတော့ မနိင်နိင်အောင် ပေါက်ပေါက် ရှာရှာတွေ
စဉ်းစားထားရတာလေ

မေလေး said...

မမရေ
၉ ခုတော့ မှန်သွားတယ်။မုန့်ကျွေးတော့။
မမကိုအမြဲတမ်းခင်နေမဲ့
မေလေး

ရောင်ပြန် said...

နည်းနည်းမှန်ပြီး များများမှားသွားတယ်..
ဒါပေမယ့် ရှယ်ချက်ကျွေးရမှာနော်
:)

မျက်မှန်လေး said...

၂ ခုဘဲမှန်တယ်။
ဟင့်ဟင့်

~PakKaramu~ said...

Pak Karamu reading your blog

Unknown said...

တစ်ခုပဲမှန်တယ် ဟဲဟဲ