ကြက်သားကချင်ချက်လေးကိုအတူ...ချက်စားကြမယ်နော်။..
ကြက်သားကို..တနေ့တခြားမရိုးရလေအောင်...ချက်စားကြည့်ချင်သူများအတွက်..ဒီနေ့တော့.
ကြက်သားကချင် ချက်ချက်နည်းကိုပြောပြမယ်နော်။...
ကြက်သားကို...ရေဆေးပြီး.အနေတော်အတုန်းလေးများတုန်းထားမယ်။...ကြက်ရိုးကိုပါ...တုန်းထည့် နိုင်ပါတယ်။ပြီးရင်ချက့်အိုးထဲထည့်လိုက်နော်။ဒယ်အိုးမဟုတ်ဘူးနော်.ရိုးရိုးဟင်းအိုးနဲ့ချက်နိုင်ပါတယ်။...
ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးစိမ်းကို.ညှက်အောင်ထောင်းပြီးထည့်မယ်။
ဖက်ဖယ်ရွက်၊ပင်းစိမ်း၊နံနံပင်ကို...ပါးပါးလှီးပြီးထည့်ပါ။..ကုလားနံနံကိုလည်း....ကြက်သွန်ဖြူတွေနဲ့
ရောင်းထောင်းပြီး....ထည့်နိုင်တယ်။မရှိရင်လည်းကိစ္စမရှိဘူးနော်။
ဆား၊ဆနွင်းမှုန့်၊ငရုတ်ကောင်းမှုန့်၊အချိုမှုန့်နှင့်ငံပြာရည်တွေထည့်ပါ။...ဆီကိုအနည်းငယ်သာထည့်။
.မဲ့လိမ်ခြောက်သုံးလေးပြားကို..တပါးတည်းထည့်နော်။..ကချင်ဟင်းတွေက...အချဉ်ပါမှကောင်းတာ။
မြန်မာပြည်မှာဆိုရင်..အချဉ်အတွက်...မကျည်းရွက်နဲ့ချက်ရင်..ပိုပြီးစားလို့ကောင်းတယ်။
အချဉ်ရွက်ဆို...ဘာနဲ့ချက်ချက်ရတယ်။..ဥပမာ..ချဉ်ပေါင်ရွက်နဲ့လည်းချက်စားနိုင်တယ်။
အစာပလာအားလုံးထည့်ပြီးရင်...လက်ဆေးပြီး...သမအောင်နယ်ပေးပါနော်။
ပြီးရင်..အပေါ့အငံ..မြည်းကြည့်ပါ။..မြည်းပြီးရင်...ရေအနည်းငယ်ထည့်ပြီး...မီးဖိုပေါ်တင်လိုက်ရုံပါပဲ။
ကြက်သားကျက်ပြီဆိုရင်..စားလို့ရပါပြီရှင်။..ပြီးရင်..စားမဲ့ဟင်းခွက်ထဲ..ထည့်ပြီး...နံနံပင်၊ပင်စိမ်း လေးကိုအပေါ်မှာတင်ပေးလိုက်နော်။...အနံ့အရသာနဲ့ပြည့်စုံတဲ့..ကချင်ဟင်းတစ်ခွက်ရပါပြီရှင်။
ဂျာမုန်းက..အရွက်တွေစိမ်းစိမ်းလေးဖြစ်နေချင်လို့...အရေမခန်းခင်...အိုးကိုချလိုက်တယ်။
အရေးခန်းအောင်လည်းချက်နိုင်ပါတယ်။..တောင်ပေါ်မှာဆိုရင်...ဖက်နဲ့ထုပ်မှာမို့...အရေခန်းအောင် ချက်ရတယ်။ဒီချက်နည်းအတိုင်းပဲ...ငါး၊ငါးကလေးအိုးကပ်၊၀က်သား၊အမဲသားကိုလည်း...ဒီအတိုင်း ချက်စားနိုင်ပါတယ်။.အမဲသားကချင်ချက်ကိုချက်ရင်တော့...ဓါးနဲ့နုတ်နုတ်စဉ်းပြီး..ချက်ရတယ်။..
မှတ်ချက်.....ကချင်ချက်မှာ...ငရုတ်သီးများလေး..ကောင်းလေပဲနော်။
ကဲ...ဒါကတော့...အလွယ်နည်းနဲ့ချက်တဲ့...ကချင်ချက်ပါပဲ။...
ဖက်ဖယ်ရွက်ကို...မသိတဲ့သူများအတွက်ပါ။...ဘယ်ဘက်ခြမ်းကတော့..ဖက်ဖယ်ရွက်ပါ။
ညာဘက်ခြမ်းကတော့...ပင်စိမ်းပါ။..ဟိုနေ့က..ဂျာမုန်း..တခြားမြို့ကိုသွားလည်တယ်လေ။
အာရှဆိုင်မှာ..၀င်ကြည့်တော့...ဒီအရွက်တွေတွေလို့.အရမ်းကိုဝမ်းသာသွားတယ်။.
ဒီအရွက်တွေကို..စားပြီးတော့..အကိုင်းတွေကို.အိုးကလေးထဲမှာစိုက်ထားလိုက်တယ်။
ကချင်ချက်ဆိုရင်...ဒီအရွက်တွေမပါမဖြစ်လေ။
နောက်..ပြအုံးမယ်နော်။မြင်းခွာရွက်တောင်ဝယ်ခဲ့သေးတယ်။...အောက်မှာသုပ်ထားတယ်။
ဂျာမုန်း...သုပ်တဲ့မြင်းခွာရွက်..သုပ်ပါ။..စားသွားနော်။..
.ဒို့ဆီမှာက..ရှားပါးပစ္စည်းဆိုတော့...အရမ်းကိုတန်းဘိုးထားစားနေရတယ်။.
.အသုပ်ထဲမှာ...ပဲပုတ်ချောက်ကို.....ပါးပါးလှီးထည့်ထားတယ်။
သံပုရာသီးလေးပါ..ညှစ်ထည့်ထားတော့...အရသာတော့..ဂွတ်ရှယ်ပဲနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
.ဒို့ဆီမှာက..ရှားပါးပစ္စည်းဆိုတော့...အရမ်းကိုတန်းဘိုးထားစားနေရတယ်။.
.အသုပ်ထဲမှာ...ပဲပုတ်ချောက်ကို.....ပါးပါးလှီးထည့်ထားတယ်။
သံပုရာသီးလေးပါ..ညှစ်ထည့်ထားတော့...အရသာတော့..ဂွတ်ရှယ်ပဲနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here
13 comments:
ဒီတစ်ခါတော့ ဦးဦးဖျားဖျား လာစားသွားပါတယ်..
ပေါင်မုန့်ကိုင်ပြီး အစ်မ ဟင်းတွေကြည့် စားနေရတယ်ဗျာ...
(သနားစရာ ကောင်းတယ်နော်)..ဟီးဟီး
ဝေး.......
ရာသီအလိုက်စားစရာလေးတွေပါလားဗျ....
သွားရည်တောင်တကယ်ကျမိတယ်ပါတယ်...
အင်း.. မြင်သာမြင် မကြင်ရ...
ဒါပေမယ့် အမြင်တော့စားသွားပါတယ်...
ဝေးးးးးးးးးး စပ်တယ်နည်းနည်း
ပူစပ်ပူလောင်လေး... ရွှတ်... ကောင်း၏
အစ်မရေ
စားတော့စားချင်တယ်
လုပ်ချင်ဘူး :P
မဂျာရေ မြင်းခွရွက်က ဆေးဘက်ဝင်လို့ အမြစ်ပါ မကျန် ကြိုက်တယ်ဗျ
ဖယ်ဖယ်ရွက် ခုမှတွေ့ဖူးတယ်...
ကြက်သားကိုရောရိရောရာချက်တာထက် တိုင်းရင်းသားချက် လေးချက်တာပိုကြိုက်တယ်..
ကချင်ချက်နည်းလေး ယူမလို့က ရွက်ရွက်တွေမှ မရှိတာ အဟင့်..း)
ကြက်သားကချင်ချက်လေးရော၊မင်းခွာရွက်သုပ်ရော
စားချင်လိုက်တာ၊ကူးကူးပြောသလို ရွက်ရွက်တွေက
ရှိမှမရှိဘဲ...
အမြဲစားကောင်းသောက်ဖွယ်ချည်းပါလား။ :-)
ရှောင်းဂျာလေးနဲ့ သားလေးးးးးးးးးးးးးးးးးးးးး
မြူးလေးလာစားတယ်သိလား
ရှောင်းဂျာတို့ ဆီမှာလေ ကန်ဇင်းရွက်ရလားဟင်???
ပိန်းဥနဲ့ချက်စားတာလေ သိချင်လို့ လေ
မြင်းခွါရွက်သုပ်စားမယ်နော်
ချစ်တဲ့
မြူးလေး
မြင်းခွာရွက်သုတ် ကြိုက်မှကြိုက်
အစ်မရေ ... နှစ်ခုလုံးက ပင်စိမ်းနံ့ လေးကို သင်းလို့  ကောင်းချက်တယ် .... ကချင်ရိုး ရာ ကြက်သားချက် ကော မြင်းခွာရွက် သုပ်ကော စားသွားပြီ .... ကျေးဇူး အစ်မဂျာမုန်းရေ
ခင်တဲ့
ရန်ကုန်သား :))
စားစရာတွေက သရေကျစရာပဲ။ကြက်သား ကချင်ချက် ချက်နည်းကူးသွားတယ်။ဇနီးကို ချက်ခိုင်းမလို့။သူကတော့ အမဆီအမြဲလည်တယ်။မမာန်တတ်လို့သာ ဘာမှမရေးသွားတာ။ကျွန်တော်တို့က ကိုဖြိုး(ခ)လင်းကြယ်ဖြူ ဘော်ဘော်တွေလေ။အမဟင်းတွေကတော့ ကျွန်တော်အမြဲငေးနေကြပေါ့။ နှိုက်မည်းလို့မှမရတာ။:(
မမမေမေနဲ့ မောင်လေးရေ......
သမီးကြီးလဲ နေမကောင်းဖြစ်နေလို့ ပါ။ ခုတလောချူချာနေတယ်။
အဲဒါ အာဟာရလေးတွေလာစားတယ်။ ဟိဟိ
အဆင်ပြေနေကောင်းကြတယ်ဟုတ်။ သတိရနေတယ်နော်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။
စားချင်စရာလေး။ သွားရည်ကျသွားပြီ။ :) မေမေကော သားသားကော ဖေဖေကော နေကောင်းကြပါစေ။ :)
Post a Comment