Wednesday, December 16, 2009

**Chrismat Ga Shagawp**


X’mas ten du wa jang,
Bumga na mare hpe bai myit mang.
X’mas hpe hkalum ai bapa htu,
Tsaw manang ni hte rau sha lu.

Chrismat ngu ai hpa rai ta,
Kabu gara hkamla ai shata,
Nang ngai yawng a myit masin hta,
Chrismat a nam chyim hpe chye mai nga.

Mari a madat mara ai lam hta,
Hkye madu Meshia a kanu tai lu sa.
Shatsam hkrum ai bungli hpe, Yosep hkap la,
Meshia a shinggyim kawa tai lu sa.

Yuda mung na Betlehem hta,
Hkye hkrang la Madu du sai da,
Hpa chyi rawng ni, kan tam lawm,
Herot Hkawhkam, ning-yun bu hkawm,
Sagu rem ni, kabu gara shiga tsun gajai bu,
Yubak kap ai anhte matu du sai da lu.

Hkristuq ngu ai madu gaw,
David a mare e, shangai sai da law.
Moi gaw, Wu shat wakang hta shangai wa,
Ya gaw, na a myit masin hta shangai mayu nga.
Hkaptau la na, jin sai kun lu,
Hkyela madu hpe hkalum na matu lu.

Madu Yesu a matsun mungga,
Tsawra myit a lam chyu tsun da.
Lamu ga apart htum du hkra,
Nanhte hte rau dinggrin nga na nga.
Dai ga hpe, ya jang anhte dum hprang,
Gawng run ai myit masin hte, kyu hpyi sit shang.

Madu a tsaw myit wa,
nye ntsa gade ram kaba,
Panglai zai bru hte pyi, shadawn n lu hkra,
Kaba la ai tsaw myit ndai,
Na kraw hta prat tup matsing da na hkrai.

X’mas hte seng ai ga hkum masum,
Dai hpe na kraw hta, bang da yang lum,
(Love) ngu ai tsaw ra myit a lam,
(Peace) ngu ai ngui pyaw simla lam,
(Joy )ngu ai Kabu gara ai lam,
Na chying kabu gara ai shiga ndai,
Ya jang, htawn tsun na anhte lit nan tai.

Prat madang shachyut,
Chyumlaika dum hprut,
Dam hkawm ai amyu gaw n tai ga lu yaw.
Dai hpe dum let , ya jang rawt sa
X’mas poi a noqkuq hta.


Ga shagawp ai wa-………
Myu tsaw shayi, Zaiwazomyi
Yawng a ntsa Wa Karai Kasang bausin nga u ga law.
Jamungdan


Thursday, November 19, 2009

ပဲရစ်မြို့သို့အလည်တစ်ခေါက်(ဒုတိယပိုင်း)


ပဲရစ်မြို့ရဲ့အကြောင်းကို..ဒုတိယပိုင်းအနေနဲ့..ထပ်ပြီးတင်ဆက်လိုက်ပါရစေရှင်။
ရေးမယ်ရေးမယ်နဲ့...မအားဘူးဖြစ်နေလို့လေ။..တနေ့တနေ့..သားလေးနဲ့အချိန်ကုန်နေရတယ်။
သူအိပ်သွားမှပဲ...ဘလော့ဝ်ထဲပြေးရတော့တယ်။..၀ါသနာကလည်းရှိသေးဆိုတော့.မလွယ်ပါဘူးရယ်။
.''မုန့်စားရင်း..လှည်းစီး..ငါးနှစ် ကောင်ဖမ်း...''ဆိုသလို..ဖြစ်နေရပြီပေါ့ကွယ်။..ဘယ်တတ်နိုင် ပါ့မလဲ..ခုချိန်မှာ..သားလေးက..မိသားစုတစ်ခုလုံးရဲ့..အာဏာရှင်ကြီးဖြစ်နေလို့ပဲလေ။
************


ညီမလေးမမိုးမေးထားတဲ့..မေးခွန်းလေးပါ။
””ဂျာမုန်းတို့ တည်းခဲ့တဲ့ ဟော်တယ်နာမည်၊ လိပ်စာနဲ့ ဈေးနှုန်းလေးပြောပေးလို့ရမလားဟင်
တဲ့။..သိပ်ပြောပြလို့ရတာပေါ့လို့။
.ဟော်တယ်နာမည်က..Royal Bastille Hotel ပါ။..တစ်ရက် တည်းခိုးစရိတ်က..ယူရို၃၀ပါရှင်။မနက်စာကိုfree ကျွေးပါတယ်။ဒီနေရာဟာ..ပဲရစ်မြို့ရဲ့အလယ် ဗဟိုမှာရှိတာကြောင့်..အရမ်းကိုအဆင်ပြေတဲ့နေရာပါ။..ရထားမှတ်တိုင်နဲ့လည်းနီးတယ်။မှတ် တိုင်နာမည်လည်း..Bastille မှတ်တိုင်မှာဆင်းလိုက်ရုံပဲနော်။..သွားဖြစ်ရင်တော့..ဒီဟိုတယ်ဟာ အကောင်းဆုံးဖြစ်မှာပါ။ဈေးနှုန်းလည်းသက်တာတယ်လေ။..ဖုန်းနံပါတ်ကိုမေ့သွားလို့.နော်။
Hotel မြေပုံအသေးစိတ်နဲ့အကြောင်းအရာတွေသိလိုပါက...ဒီနေရာလေးကို.၀င်.ကြည့်နော်။

ပဲရစ်မြို့ရဲ့..ရထားမှတ်တိုင်အကြောင်း
ပဲရစ်မြို့မှာ..ခရီးသွားရတာသိပ်အဆင်ပြေတယ်။လမ်းများများလျှောက်စရာမလိုဘူး။မြေပုံတစ်ခုကိုင် ပြီးသွားချင်တဲ့နေရာဆီ..ရထားစီးပြီးသွားလိုက်ရုံပဲ။ရထားကလည်းအချိန်အကြာကြီးစောင့်ဖို့မလိုဘူး။ ၃မိနစ်ဆိုတခါဆိုက်တယ်။.ရထားရဲ့ဝင်ပေါက်ထွက်ပေါက်ထိပ်တိုင်းမှာ..မှတ်တိုင်နာမည်နဲ့..မီးရောင်
ကို..သင်္ကေတအဖြစ်..ပြုလုပ်ထားကြတယ်။နောက်ပြီး..မိုက်နဲ့လည်းကြော်ငြာပေးသေးတယ်။
နာမည်ကြီးတဲ့နေရာတိုင်းမှာ..မှတ်တိုင်ထားပေးတယ်...ရထားစီးပြီးသွားလိုက်ရုံပဲ။.
တနေ့လုံးအတွက်
Day ticket ကိုတစ်ယောက်..၆ယူရိုကျတယ်။
ရထားဘူတာကလည်း..ဟိုရှေးခေတ်ကအတိုင်းပဲ။
မူလလက်ဟောင်းကို..မပျောက်အောင်ထိန်းသိမ်းထားကြတယ်လေ။..မြေအောက်ဆင်းတာတောင် သုံးဆင့်လောက်ဓါတ်လှေခါးနဲ့အရင်ဆင်းပြီးတော့..ရထားစီးရတယ်။ကိုယ်ရောက်ချင်တဲ့နေရာမှာ ဆင်းပြီး..ညွှန်ပြထားတဲ့မျှားအတိုင်းအပေါ်ဆုံးထိတက်သွားလိုက်ရင်..ရောက်ရောပဲ။
ဂျာမုန်း..အီတလီသွားလည်တုန်းကနဲ့နိုင်းယှဉ်ကြည့်ရင်...အရမ်းကိုကွာနေတာတွေ့ရတယ်။
အီတလီမှာဆိုရင်..ရထားလမ်းကသိပ်အဆင်မပြေဘူး။..တနေရာနဲ့တနေရာရောက်ဖို့..အဝေးကြီးလှမ်း လျှောက်ရတယ်။....အရမ်းကိုမောပြီး..ပင်ပန်းလိုက်တာလို့ခံစားရလို့ပါ။

ရောက်ခဲ့တဲ့နေရာအချို့တွေပါ။
ဒါက..SACRE-COEUR လို့ခေါ်တဲ့...တောင်ထိပ်ဘုရားကျောင်းတော်ကြီးတစ်ခုပါ။ဒီဘုရားကျောင်း ပေါ်ကနေကြည့်လိုက်ရင်..ပဲရစ်မြို့တစ်ခုလုံးကို..ကွင်းကွင်းကွက်ကွက်မြင်နိုင်ပါတယ်။..ဂျာမုန်းဒီ တောင်ပေါ်ရောက်တော့...ဓါတ်ပုံကိုပဲ..အာရုံစိုက်နေရလို့...ရှုခင်းကြီးပဲမရိုက်ခဲ့ရဘူး။..တောင်ပေါ်က နေဆင်းလာတဲ့လမ်းတစ်လျှောက်လုံးမှာတော့...လက်ဆောင်ဝယ်ဖို့..ဆိုင်တန်းတွေအများကြီးပဲ။
ဂျာမုန်းတောင်.ပုဝါလေးတစ်ခု၊.တာဝါတိုင်နာရီလေးတစ်ခုဝယ်ခဲ့သေးတယ်။ကြွားပြန်ပြီ။


ဒါကို...ARCH OF TRIUMPH လို့ခေါ်တယ်။ ဒီနေရာလေးဟာ..ပဲရစ်မြို့ရဲ့အလှကိုပေါ်လွင်စေတဲ့ ၀င်ပေါက်တစ်ခုဖြစ်သလို..ဒီဝင်ပေါက်တည့်တည့်ကနေကြည့်လိုက်ရင်...ဟိုအဝေးကလန်းမြင်နေရ
တဲ့ရှုခင်းလေးကလည်း..ဘယ်ပန်းချီမရေှးဖွဲ့လို့မမီနိုင်ဘူး။နောက်တစ်ခုက..ဒီဝင်ပေါက်ကြီး အရှေ့တည့်တည့်မှာရှိတဲ့လမ်းပေါ်ကဆိုင်တွေဟာ..ပဲရစ်မြို့ရဲ့ဈေးအကြီးဆုံးဆိုင်တန်းဆိုပြီးနာမည် ကြီးသေးတာ။.ပစ္စည်းတော့ကောင်းတယ်..ဈေးကလည်း မနည်းဘူးတဲ့လေ။ဂျာမုန်းတော့.ပစ္စည်း တော့မ၀ယ်ဘူး..ဓါတ်ပုံတော့ရိုက်ခဲ့တယ်။


ဒီအောက်မှာတွေ့ရတဲ့ပုံလေးပုံဟာ..ပဲရစ်ရဲ့အစွန်ဆုံးမှာရှိတဲ့မြို့သစ်လေးပါ။
အခုချိန်မှာ..ကောင်းတ
ထက်ကောင်းအောင်အဆောက်အဦးတွေတိုးချဲ့ဆောက်လုပ်နေဆဲလို့သိရ
တယ်။တိုက်တွေကို ကြည့်လိုက်ရင်..အဆုံးကိုတောင်မမြင်နိုင်အောင်မြင့်မားလွန်းတယ်။
..ကြည့်ပါလား..Camera မှာတောင်ဆန့်အောင်မရိုက်ခဲ့ရဘူး။ ဒီနေရာက ..ပဲရစ်မြို့နဲ့တော့. .အနည်းငယ်ဝေးတယ်..ရထားမှတ်တိုင်ကိုကြည့်လိုက်ရင်..အစွန်ဆုံးမှတ်တိုင်အထိစီးရတယ်။..


ဒါကို..Bords de Seine လို့ခေါ်ကြတယ်။

ဒါကို.The Villette လို့ခေါ်တယ်တဲ့။

ဒါကတော့...The ''Grande Arche'' လို့ခေါ်တယ်တဲ့။

ဒါကတော့..အဲဒီမြို့သစ်နားမှာရှိတဲ့ရေကန်လေးပေါ့။

ဒီအောက်ကပုံတွေကတော့..ပဲရစ်မြိျု့မှာ..Disneyland..ဆိုပြီးထင်ရှားတဲ့နာမည်အကြီးဆုံးကစား
ကွင်းကြီးတစ်ခုပါ။ပဲရစ်ကိုလာလည်ကြတဲ့.တိုးရစ်တွေအများဆုံးလည်ဖြစ်တဲ့နေရာတစ်ခုပါ။ဒီကစား ကိုသွားမယ်ဆိုရင်..၆ယူရိုတန်လက်မှတ်တစ်ခုထပ်ဝယ်ရသေးတယ်။ဒါတောင်..ကြည့်ရုံသက်သက်ပဲ။
အထဲဝင်ပြီးကစားဖို့ဆိုရင်...တစ်ယောက်ကိုဝင်းကြေး..၃၂ယူရိုထပ်ပေးရသေးတယ်။ဒါတောင်ကိုပိုင် ကဒ်ရှိပြီးသားလူမှနော်။ဒီကစားကွင်းကို..တကယ်တန်းတာလည်မယ်ဆိုရင်..တစ်ရက်တော့အချိန် ပေးရတယ်တဲ့။ဂျာမုန်းတို့သွားတုန်းက..မိုးအရမ်းရွာတယ်လေ..ကလေးနဲ့ဆိုတော့..မလွယ်ဘူး။
မက်ဒေါ်နာဆိုင်မှာ..ကော်ဖီဝင်သောက်၊ဗိုက်ဖြည့်ပြီး...ဟိုကြည့်ဒီကြည့်လုပ်ပြီး..ပြန်လာခဲ့ရတယ်။

ဒါကတော့..Disneyland..ဘူတာကြီးရောက်တာနဲ့..အရင်ဦးဆုံးမြင်လိုက်ရတဲ့..၀င်ပေါက်ပါ။
ဒီထဲမှာတော့..၀င်ကြည့်လို့ရတယ်။အထဲမှာ...အမှတ်တရပစ္စည်းအရောင်းဆိုင်တွေအများကြီးပဲ။
ဂျာမုန်းတောင်..သားလေးအတွက်..ဦးထုပ်တစ်ခုဝယ်ပေးသေးတယ်။ဈေးကတော့..အရမ်းကြီးတယ်။
အထဲမှာဆိုတော့လေ။..

ဒါကတော့..အမှန်အကန်ကစားတော့မယ်ဆိုသူတို့အတွက်...ဒီကနေလက်မှတ်ဝယ်ပြီး..အထဲကို ၀င်ကြတာပါ။အထဲရောက်ရင်..တနေကုန်.ကြိုက်တာကစားပဲ။


မှိုဆိုတာကို..အလှကြည့်ဖို့ပြုလုပ်ထားကြတာ။...ဒီမှိုတစ်ပင်ဆိုရင်လူတစ်ယောက်ရဲ့အရပ်၂ရပ်
လောက်တော့ရှိ မယ်ထင်တယ်။ဒီနေရာမှာ..ဓါတ်ပုံတော့ရှယ်ရိုက်ခဲ့တယ်။

တွေ့လား..သားကိုဝယ်ပေးလိုက်တဲ့ဦးထုပ်ဆိုတာလေ။..တစ်ခုကို၁၅ယူရိုပေးခဲ့တယ်။ဘေးနားက ကောင်းမလေးက..သားလေးသူငယ်ချင်းလေ။မိသားစုနှစ်စုနဲ့ကိုချီတက်ကြတာပေါ့။

ဒါက..Hollywood..တဲ့။
ဒါက..ကစားကွင်းထဲက..ရုပ်ရှင်ရုံပါ။
ဒီမှာလေ..ကစားကွင်းထဲက...မက်ဒေါ်နာဆိုင်ကြီးပေါ့။ဒီထဲမှာ..အ၀ကြိတ်ခဲ့သေးတယ်။EUနိုင်ငံမှာ်..မက်ဒေါ်နာဆိုင်ဟာ..ဈေးနုန်းအသက်သာဆုံးပဲ။နေရာတိုင်းမှာလည်းဖွင့်လင့်ထားကြတယ်။
ဒါကြောင့်..ဂျာမုန်းတို့အကြိုက်..မက်ဒေါ်နာဆိုင်မှာခိုက်ပဲ။
Disneyland အကြောင်းကိုဒီမှာပဲအဆုံးတတ်လိုက်တယ်နော်။


ဒီပုံကတော့...ရှေးဟောင်းရဲတိုက်ကြီးတစ်ခုပါ။ဒါကို...Chateau de Vincennes လို့ခေါ်တယ်တဲ့။
ပြင်သစ်နာမည်ဖြစ်မယ်ထင်တယ်။ဒီထဲမှာဝင်လိုက်တာနဲ့..ကိုယ်တိုင်ဘုရင်မကြီးလို့တောင်ထင်မိ
တယ်။ အရှေ့၊အနောက်၊တောင်၊မြောက်ကိုကြည့်လိုက်တာနဲ့..အုပ်မြို့ရိုးလေးခုနဲ့...၀န်းရံ ထားတာဆိုတော့လေ။..တကယ့်ရှေးဟောင်းရဲတိုက်ကြီးပါ။..အထဲမှာ..အင်မတန်လှပတဲ့ဘုရား
ကျောင်းလည်း ရှိသေးတယ်။..


ဒါပေါ့..လှပတဲ့ဘုရားကျောင်းဆိုတာလေ။

ဒါကတော့..Notre-Dame...လို့ခေါ်တဲ့ဘုရားကျောင်းတော်ကြီးပါ။.တော်တော်လက်ရာမြောက်တဲ့ အဆောက်အဦးပဲ။အ၀င်ဝတိုင်းမှာလည်း..ရုပ်တုမြောက်များစွာပါရှိတယ်။
.ဒီနေရာကို.ဂျာမုန်းတို့လမ်းလျှောက်သွားကြတယ်လေ။

ဒါကတော့...လမ်းတစ်လျှောက်ဖြတ်သွားရင်..တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ။ခွေးလေးနှစ်ကောင် ကိုရင်ခွင်ထဲမှာပိုက်ပြီး..အတူအိပ်နေရှာတယ်။..ဂျာမုန်းက..ဟာတယ်ထူဆန်းပါလား။..ဒီလူကြီးမနိုး သေးခင်ဓါတ်ပုံရိုက်လိုက်မှ.ဆိုပြီး..နှစ်ပုံလောက်ရိုက်လိုက်တယ်။..အိမ်ရောက်မှာ..သူ့နှဘေးမှာထား ထားတဲ့စာဒါးကိုဖတ်လိုက်တော့..ဓါတ်ပုံတစ်ပုံရိုက်ရင်..ပိုက်ဆံပေးဖို့ရေးထားတဲ့စားဖြစ်နေတယ်။
လက်စတတ်တော့...အိပ်နေတာမဟုတ်...တောင်းစားတဲ့သူဖြစ်နေတယ်လေ။..


ဒါကတော့..Tomb of Napoleon ပြတိုက်ကြီးပါ။..နပိုလီယမ်ကိုမြုတ်နှံထားတဲ့ပြတိုက်ကြီးတဲ့။
ဒီပြတိုက်ကြီးကို...တနင်္လာနေ့တိုင်းပိတ်တယ်။..ဂျာမုန်းတို့ရောက်သွားတော့..ပိတ်တဲ့နေ့ဖြစ်နေလို့ အထဲမ၀င်ခဲ့ရဘူး။

ဒါက..နပိုလီယမ်ပြတိုက်ကြီးရဲ့..အ၀င်ပေါက်ပါ။ဒီရွှေရောင်တွေဟာ.တကယ့်အစစ်အမှန်လို့ပြောကြ တယ်။..ရောက်တုန်းရောက်ခိုက်ဆိုပြီး..ဓါတ်ပုံရိုက်ပြီးပဲ..ပြန်လာခဲ့ရတယ်။

ဒီအောက်မှာပြထားတဲ့ပုံအားလုံးကို..Pont Alexandre 3 လို့ခေါ်တယ်တဲ့။


အလည်မှာမြင်နေရတဲ့တာဝါတိုင်က..ပထမပိုင်းမှာပြထားပြီးဖြစ်တဲ့..Eiffel Tower တိုင်ကြီးပေါ့။

ဒီတံတားပေါ်ကနေကြည့်လိုက်ရင်...ကိုယ်သွားခဲ့၊လည်ခဲ့တဲ့နေရာတွေ..အားလုံးကိုပြန်တွေ့ရတယ်။
ဒီတံတားပေါ်မှာရှိတဲ့နံရံ၊အုပ်တံတိုင်းတွေဟာ..တကယ့်ကိုလက်ရာမြောက်တယ်။ဒီပုံက..တံတားပေါ်
ကနေမြင်ရတဲ့ရှုခင်းပါ။


ဒီပုံကတော့..တံတားအောက်ကနေမြင်ရတဲ့ရှုခင်းပုံပါ။..မြို့ပတ်သင်္ဘောဆီးပြီးလည်ပတ်လို့လည်း ရတယ်။မြို့ပတ်သင်္ဘောစီးနုန်းက..တစ်ယောက်ကိုယူရို၁၅ပေးရတယ်။

ဒီတံတားပေါ်မှာ..ဒီလိုသစ်သားနဲ့ပြုလုပ်ထားတဲ့..လက်ရာမြောက်တဲ့မြင်ကွင်းတွေအများကြီးကို တွေ့ရတယ်။

ဂျာမုန်းရိုက်လာတဲ့..ပုံတွေကတော့အများကြီးပါ။ဒါပေမယ့်..ဒီလောက်ဆို..ကျေနပ်လောက်ပါပြီနော။
သွားလည်ဖြစ်တဲ့သူရှိရင်လည်း...အကြောင်းကြားစေချင်တယ်ကွယ်။လိုအပ်တာရှိရင်..ဂျာမုန်းကို အချိန်မရွေးမေးလို့ရပါတယ်။လာရောက်အားပေးကြတဲ့..ချစ်တဲ့ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးတင်တယ်။

ဒီဘလော့ဝ်လေးဟာ..ကျမဘ၀၊ ကျမရဲ့ဒိုင်ယာရီလေးတစ်ခုပါ။
ဘလော့ရေးနေချိန်မှာ..ပင်ပန်းသည် မရှိ၊ မောပန်းသည်မရှိ၊ အိပ်ရေးပျက်သည်မရှိပါ။ နောက်ပြီး.မိတ်ဆွေများရေးပေးလိုက်တဲ့..ကောမင့်စာဒါးလေးကလည်း ကျမဘ၀ရဲ့..အပြင်းပြဆုံး မျော်လင့်ချက်တစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့.ကျမရဲ့ဒိုင်ယာရီလေးကို..အတူဖန်တီးရေးသား
ပေးတဲ့သူအဖြစ်တတ်မှတ်လို့ပဲလေ။ကျေးဇူးလည်းတင်မိတယ်။
အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်

Type rest of post here

Monday, November 16, 2009

******ပဲရစ်မြို့သို့အလည်တစ်ခေါက်(ပထမပိုင်း)******

ဟဲလို...ဂျာမုန်းတို့မိသားစုပဲရစ်ကနေပြန်ရောက်ပါပြီရှင်လို့...ရှေးဦးစွာနှုတ်ခွန်းဆက်သ
လိုက်ပါတယ်ရှင်။အားလုံးနေကောင်းကြမယ်လို့မျှော်လင့်ပါတယ်။

ဂျာမုန်း...ပဲ၇စ်ခရီးစဉ်မှာ..ဘယ်လောက်ပျော်ခဲ့တဲ့အကြောင်းကို..ပြောပြပါတော့မယ်ရှင်။
့ပဲ၇စ်မြို့ရဲ့အလှကိုပြောပြရမယ်ဆိုရင်..လှလွန်းလို့..စာဖွဲ့လို့မှီမယ်မထင်ပေါင်။..
ဂျာမုန်းဘ၀မှာ..ပဲရစ်မြို့ကိုသွားလည်ရခြင်းဟာ..အတိုင်းမသိကျေနပ်လောက်အောင်ဘာပဲရှင်။
ပဲရစ်မှာ..အားလုံးပေါင်း၎ရက်တိတိလည်ဖြစ်တယ်။...ဂျာမုန်းရဲ့မိန်းခလေးသူငယ်ချင်းတစ်ယောက်က ဂိုက်လုပ်ပေးတာလေ။သူက..အင်မတန်မှစိတ်ထားဖြူစင်ပြီး..လိုလေသေးမရှိကူညီပေးတာကြောင့် ခရီးကလည်းသွင်၊အရမ်းကိုအဆင်ပြေခဲ့ပါတယ်။

..အိမ်ပြန်ရောက်တာတစ်ပတ်ရှိသွားပြီ..ဒါပေမယ့်..ခုထိမျက်စိထဲက.မပျောက်သေးဘူးဖြစ်နေတယ်။ ရိုက်လာတဲ့ဓါတ်ပုံကိုထပ်ခါတလဲလဲကြည့်ပြီး..စမြုတ်ပြန်နေရပြီပေါ့ကွာ။
ဂျာမုန်းရိုက်လာတဲ့ဓါတ်ပုံတွေလည်း မနဲဘူးရယ်။ပုံပေါင်း၁၅၀၀လောက်တော့ရှိမယ်ထင်တယ်။
ပဲရစ်မြို့ရဲ့..နာမည်ကြီးတဲ့နေရာတွေအားလုံးကိုရောက်ခဲ့တယ်လေ။..

အသွားခရီးစဉ်အကြောင်း
ဒီEUနိုင်ငံမှာခရီးသွားရတာ..အရမ်းကိုအဆင်ပြေပြီး..လွယ်ကူပါတယ်။.လက်မှတ်ကိုကြိုဖြတ်ထား ဖို့ပဲလိုအပ်တယ်။လက်မှတ်ကိုသုံးလကြိုဖြတ်ထားရင်..အသွားအပြန်တစ်ယောက်ကို..၄၉ယူရိုပဲကျ
တယ်။..ဂျာမုန်းတို့က..တစ်လကြိုပြီးလက်မှတ်ဖြတ်တော့..၁၂၈ယူရိုကျသွားတယ်။အခုသွားအခုဖြတ်
ဆိုပိုဆိုး.သုံးလေးရာကိုဖြစ်သွားတာ။ဂျာမုန်းတို့ကရထားနဲ့သွားတာပါ။ကလေးနှစ်ယောက်ပါတော့ လေယာဉ်မစီးရဲသေးဘူးလေ..သူငယ်ချင်းကလေးဆိုရင်၎လကျော်လေးပဲရှိသေးတာ။

October.31နေ့မှာဂျာမုန်းတို့နေထိုင်တဲ့Chausthalမြို့ကနေ.Düsseldorfဆိုတဲ့မြို့ကို..အရင်သွား
တယ်။အဲဒီမှာသူငယ်ချင်းမိသားစုကိုဝင်ခေါ်ရင်းနဲ့ပေါ့။နောက်နေ့မနက်..၁၀နာရီမှာမှပဲရစ်ကိုသွားဖို့
စတင်ထွက်ခွာခဲ့ကြတယ်။..Düsseldorf မြို့ကနေKölhမြို့ကိုအရင်သွားပါတယ်။
အဲဒီKölhမြို့ကနေပြင်သစ်ရထားကိုဒါရိုက်ရောက်တဲ့ရထားကိုစီးရတယ်။Kölh..ကနေပြင်သစ်ဆိုရင် ၄နာရီလောက်စီးရင်ရောက်ပါပြီ။..Kölh နဲ့ ပြင်သစ်ကြားမှာ Belgium နိုင်ငံရဲ့မြို့ကြီးကိုဖြတ်ပြီးတော့ သွားရတယ်လေ။Belgium...မှာရောက်တော့..ဂျာမုန်းဓါတ်ပုံရိုက်ခဲ့သေးတယ်။Belgiumနိုင်ငံလည်း မဆိုးဘူးလို့ပြောရမယ်..အဘိုးတန်စိန်ထွက်တဲ့နိုင်ငံဆိုတော့အရမ်းကိုတင့်တယ်ခန်းနားပါတယ်။


ဒီလိုနဲ့.ရထားပေါ်မှာ..အစားအသောက်တွေစားရင်းနဲ့.ညနေ၃း၃၀မှာပြင်သစ်နိုင်ငံပဲရစ်မြို့ကို
ရောက်ရှိသွားပါတယ်။..ပြင်သစ်ဘူတာကြီးရောက်တော့..”ဟား...ပြင်သစ်နိုင်ငံကွ”ဆိုပြီးတအားကို အော်မိလိုက်သေးတယ်။..ပြင်သစ်မှာဂိုက်လုပ်ပေးမဲ့သူငယ်ချင်းကလည်းတို့အဖွဲ့ကိုစောင့်နေတယ်လေ။

ပဲရစ်ရောက်တာနဲ့ဟိုတယ်ကိုအရင်သွား၊..အထုတ်အပိုးတွေမြန်မြန်ထားပြီး..Museumကိုပြေး တော့တာပဲပေါ့။ကံကောင်းတာက..အဲဒီနေ့..Museumကိုဝင်ဖို့ဝင်ကြေးပေးစရာမလိုဘူးတဲ့။
လဆန်း၁နေ့ တိုင်းမှာအမြဲfree၀င်လို့ရတယ်တဲ့။မှတ်ထားကြနော်။အလည်သွားမဲ့သူတွေနော်။
ဝင်ကြေးကလည်းမနည်းဘူးရယ်၊တစ်ယောက်ကို ၉ယူရိုပေးရတယ်တဲ့။.
ဂျာမုန်းတို့တော့ကံကောင်းချင်လက်ဆောင်ပဲ....ဟီး။ပျော်စရာကြီးနော်။အလကားဆိုတော့လေ။


အလည်ရောက်တဲ့နေရာတွေ
ဒီနေရာလေးက...Opera de in Bastille.. လို့ခေါ်တယ်။ပဲရစ်မြို့ရဲ့အလည်ဗဟိုလောက်မှာကြတယ်။ ဂျာမုန်းတို့တည်းတဲ့ဟိုတယ်နဲ့မျက်နာချင်းဆိုင်လေ။ဒါကြောင့်အရင်ဦးဆုံးမြင်လိုက်ရတဲ့အဆောက် အဦးကြီးပေါ့။..ဒီနေရာလေးလည်း...ပဲရစ်မြို့ရဲ့နာမည်ကြီးတဲ့နေရာလေးတစ်ခုပေါ့။
ဒီနေရာလေးမှာ တည်းခိုခွင့်ရလို့လည်း..ဘယ်သွားသွားအဆင်ကိုပြေလို့။


ဒါကတော့ The Louvre Museum ပါ။ ပြတိုက်ကြီးဟာဒီအချွန်ပုံစံရဲ့ မြေအောက်ထပ်မှာပါ။
The Louvre Museum ဟာကမ္ဘာမှာနာမည်အကြီးဆုံးMuseum ပြတိုက်ကြီးတစ်ခုဖြစ်တယ်။
ဒီနေရာမှာ..ဂျာမုန်းဓါတ်ပုံအများကြီးရိုက်ခဲ့သေးတယ်။ကြွားပြန်ပြီ။

ဒါက ပြတိုက်ကြီးရဲ့သမိုင်းအကျဉ်းပါ။အက်တာနက်ပေါ်ကရှာဖွေပြီး...ဖော်ပြထားတာပါ။

History of the Lovre


The Louvre, in its successive architectural metamorphoses, has dominated central Paris since the late 12th century. Built on the city's western edge, the original structure was gradually engulfed as the city grew. The dark fortress of the early days was transformed into the modernized dwelling of François I and, later, the sumptuous palace of the Sun King, Louis XIV. Here we explore the history of this extraordinary edifice and of the museum that has occupied it since 1793.
ဒီနေရာမှာ လည်းပြတိုက်အကြောင်းကို ဆက်လေ့လာလို့ရပါတယ်။



ဒီနေရာကတော့.မြေအောက်ထပ်က..Museum.ပြတိုက်ထဲဝင်ဖို့..၀င်ပေါက်ပါ။

ဒီပုံက..ပြတိုက်ကြီးအတွင်းဝင်ဖို့တန်းစီနေကြတဲ့ လူအုပ်ပါ။

ဒီပုံကတော့...ပြတိုက်ကြီးရဲ့အတွင်းမှာမြင်ရတဲ့မျက်နာကျက်တွေပါ။
ထွန်းလင်းတောက်ပတဲ့မီးလုံးလေးတွေကို....တောက်လျှောက်တပ်ဆင်ထားတာကြောင့် နေ့လား....ညလားမခွဲခြားတတ်အောင်ပင်။

ဝင်ပေါက်ကိုရောက်သွားပြီးခဏအကြာတွင်..(Venus)ဗီးနပ်ရုပ်တု ကိုအရင်တွေ့လိုက်တယ်။ ဓါတ်ပုံရိုက်သူတွေ ကလည်းမနည်းဘူး..ဒီထဲမှာဂျာမုန်းအပါအ၀င်ပေါ့။
စိတ်ဝင်စားရင် ဒီထဲမှာဖတ်နော်။

ဒါကတော့..ပဲရစ်သွားလည်ရင်..အကြည့်ချင်ဆုံးဖြစ်တဲ့..(Mona..Lisa)မိုနာလီဇာပန်းချီရုပ်ပုံကား ချပ်ပါရှင်။ဂျာမုန်းလေ..ဒီ Mona Lisa ပန်းချီးကားချပ်ကိုမြင်လိုက်တာနဲ့အရမ်းကိုအံ့သြေမိတယ်။ .ဂျာမုန်းစိတ်ထဲတွေးမိတာ က..ဒီလောက်နာမည်ကြီးတာ..ပုံကတော့အကြီးကြီးဖြစ်မှာပဲဆိုပြီး ခတ်မှန်းမိတယ်။ ဟိုရောက်တော့...ပန်းချီကားချပ်လေးက..အသေးစားလေးဖြစ်နေတယ်။ ဓါတ်ပုံရိုက်နေကြတဲ့လူအုပ်ကလည်းမနည်းဘူးရယ်။..ဒါတောင်မနဲတိုးပြီး ရိုက်ခဲ့ရတယ်။

..ဒီဓါတ်ပုံကိုရိုက်ရင်ထူးခြားတာတစ်ခုက..အနီးကပ်စွဲလို့မရဘူး။အနီးကပ်စွဲရိုက်လိုက်ရင်...မဲသွား တယ်။..တချို့ကပြောကြတာပဲ...Cameraကိုဇုမ်းဆွဲလို့အရအောင်..လုပ်ထားကြတာတဲ့။
..ဟုတ်လားတော့မသိဘူး။ဒါကြောင့်နဂိုအတိုင်းပဲရိုက်ခဲ့တယ်။ဒါတောင်ပုံကိုအနီးကပ်ကြည့်လို့မရ အောင်ပတ်လည်မှာသစ်သားလုံးတွေနဲ့ဝိုင်းရံထာသေးတယ်။
မိုနာလီဇာအကြောင်းကိုဖတ်ချင်ရင် ဒီနေရာလေးမှာဖတ်နော်။

ဒီပုံကတော့..မိုနာလီဇာရုပ်ပုံကားချပ်ရဲ့မျက်နာခြင်းဆိုင်က..နံရံမှာဆွဲထားတဲ့ပုံပါ။
ဒီပုံကတော့မျက်နာ ပြင်အပြည့်ကိုဆွဲထားကြတယ်။

ပြတိုက်ကြီးထဲမှာဂျာမုန်းရိုက်လာတဲ့ရုပ်တုအချို့တွေ
ပြတိုက်ကြီးထဲကရုပ်တုတွေဟာအများအားဖြင့်...အ၀တ်မပါတဲ့ရုပ်တုတွေက.ပိုများတယ်။
ဘာကြောင့်လဲတော့မသိ။ဖြစ်နိုင်တာတစ်ခုက..အရှိကိုအရှိတိုင်းဖော်ထုပ်ပြသချင်လို့ဖြစ်မယ်။
ဒါကြောင့်ဂျာမုန်းတောင်းပန်ချင်တာက..ရိုက်လာတဲ့ပုံတွေကိုကြည့်ပြီး လန့်နေကြမှာဆိုးလို့ ကြိုတင် ပြီးတောင်းပန်းလိုက်ပါရစေနော်။
အဲဒီခေတ်ရဲ့..လုံမပျိုသုံးဦးရဲ့အလှဖြစ်မှာသေချာတယ်နော်။


ဒီရုပ်တုကို..ထုထားတဲ့သူဟာ အင်မတန်တော်ပါပေတယ်။
မျက်နာပေါ်အုပ်ထားတဲ့ပ၀ါကိုတောင် ထင်ထင် ရှားရှားပေါ်လွင်အောင်ထုထားတာတွေ့ရတယ်။

ဒီရုပ်ကို Nike (သို့) Victory လို့ခေါ်တယ်။ Victory ရုပ်တုဟာရှေးခေတ်ဂရိအနုပညာလက်ရာတစ် ခုဖြစ်တယ်။ဒီရုပ်တုကို ၁၈၆၃ ခုနစ် Samothrace အရပ်မှာ...စတင်တွေ့ရှိခဲ့တယ်လို့သိရတယ်။ စတင်တွေ့ရှိချိန်မှာ... ဦးခေါင်းနဲ့လက်မပါပဲတွေရှိခဲ့တယ်တဲ့။..........၁၉၅၀ခုနှစ်မှာ...လက် တစ်ဖက်ကိုပြန်လည်တွေ့ရှိကြောင်းသိရတယ်။

Victory ရဲ့အရပ်မှာ၉ပေလောက်ရှိတယ်တဲ့။ရှာဖွေတွေ့ရှိချက်အရ ဘီစီ၁၉၀ခန့်မှာ Parian Marble ကျောက်သားဖြင့်ထုလုပ်...ခဲ့ပြီး..အထူးသဖြင့်သင်္ဘော၏ဦးပိုင်းချွန်ထွက်နေသောရှေ့တွင်ထားပြီး. စစ်ပွဲအောင်နိုင်ဖို့ရန်အဆောင်....အဖြစ်ထားရှိကြတယ်လို့သိရတယ်။


ဒီရုပ်တုဟာ ဖခင်မေတ္တာကို ပေါ်လွင်စေတဲ့ရုပ်တုဖြစ်လို့ပြလိုက်တာပါ။
လန့်မသွားနဲ့နော်။ဂျာမုန်းတို့မိသားစုလည်းဒီပုံနဲ့အတူဓါတ်ပုံရိုက်ခဲ့သေးတယ်။ ပြောထားပြီးပြီနော်..အရှိကိုအရှိတိုင်းဖော်ပြထားတဲ့ရုပ်တုလို့။...ဒီထက်ဆိုးတဲ့ပုံတွေ တောင်ရှိသေးတယ်။အားနားလို့မပြတော့ဘူးနော်။

ဒီပုံကတော့...The Louvre Museumရဲ့မျက်နာခြင်းဆိုင်မှာရှိတဲ့ဝင်ပေါက်တစ်ခုပါ။
ဘေးပတ်လည်ကိုကြည့်လိုက်ရင်..အင်မတန်မှလှပတဲ့ရှုခင်းတွေနဲ့ဝိုင်းရံထားတာပါ။

ကဲ..ပြတိုက်အကြောင်းကိုဒီမှာပဲအဆုံးတတ်လိုက်ပါရစေနော်။

Eiffel Tower အကြောင်း

Eiffel Tower ဟာပဲရစ်မြို့ရဲ့စိတ်ဝင်းစားမူအကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။
အဲဒီနေ့မိုးအုပ်နေလို့လေ..ဂျာမုန်းရိုက်လာတဲ့ပုံကအနည်းငယ်မဲနေတယ်။
ဒီEiffel Tower မှာ
လာရောက်လည်ပတ်ကြတဲ့တိုးရစ်တွေဟာ..တစ်နစ်မှာအနည်းဆုံး 8millions လောက်ရှိတယ် ဟုသိရတယ်။ပဲရစ်နိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးနေရာ..တစ်ခုဖြစ်မယ်ထင်တယ်။

Eiffel Tower ရဲ့အမြင့်ပေဟာ၁၀၅၀ပေရှိပြီး၊ တန်ချိန် ၇၀၀၀လောက်ရှိတယ်တဲ့။
နောက်..ဒီ EiffelTower ဟာအထပ်သုံးထပ်နဲ့တည်ဆောက်ထားပြီး ပထမထပ်မှာပေပေါင်း ၁၈၇ပေ၊ ဒုတိယထပ်မှာ ၃၇၇ပေ၊ တတိယထပ်မှာ ၈၉၉ပေရှိကြောင်းလဲသိရပါတယ်။ အထပ်တိုင်းမှာ ဘားနဲ့စားသောက်ဆိုင်တွေလည်းရှိတယ်တဲ့။ Tower ပေါ်ကနေကြည့်လိုက်ရင် ၄၅ မိုင်အကွာဝေးမှာ ရှိတဲ့ရှုခင်းတွေကိုလည်းရှုမျှော်ခံစားလို့ရသေးတယ်တဲ့။..
ပထမအထပ်ကိုတက်ဖို့ဆိုရင်.တစ်ယောက်ကို..၇ယူရိုတော့ပေးရတယ်။

ဒီပုံကတော့ Eiffel Tower ရဲ့ဘေးတိုက်ပုံပါ။ အနီးကပ်ကိုရိုက်လာတာပါရှင်။

ဒီပုံကတော့ အလည်ဗဟိုတည့်တည့်ကနေရိုက်လာပုံပါ။မိတ်ဆွေများအတွက်ရှယ်ရိုက်လာတာနော်။

ဒါကတော့ Eiffel Tower ရဲ့ညရှုခင်းပုံပါ။ နေ့ဘက်သွားတာမကျေနပ်လို့..ညဘက်ပါထပ်သွားသေးတယ်လေ။
ဟိုထိပ်ဆုံးမှာထွန်းလင်ထားတဲ့မီးရောင်လေးဟာ.ပဲရစ်မြို့တစ်မြို့ လုံးရဲ့အလှကိုပိုပိုထင်ရှားအောင် ဆွဲဆောင်ပေးတဲ့ မီးတန်းလေးပေါ့။လှတယ်မဟုတ်လား..ဂျာမုန်းရိုက်လာတာလေ။

ဒါကEiffel Tower ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရုပ်တုပါ။ ဒါလည်းအရှိကိုအရှိတိုင်းဖော်ပြနေကြတာလေ။
ကြောက်မသွားကြနဲ့အုံးနော်။..ဒီအလည်မှာရပ်ပြီး...မိသားစုဓါတ်ပုံတောင်ရိုက်ခဲ့သေးတယ်။

ကဲဒီနေ့တော့..ဒီလောက်ပဲကြွားအုံးမယ်နော်။နောက်နေ့ထပ်ကြွားဖို့ကုန်သွားမှာဆိုးလို့ပါ။

ဂျာမုန်းရဲ့ဘလော့ကိုလာအားပေးတဲ့ပြီး..စိတ်ရှယ်စွာဖတ်သွားပေးကြတဲ့ ချစ်မိဆွေများအားလုံးကို အထူးပဲကျေးဇူးတင်မိပါတယ်။အိမ်စောင့်ပေးကြတဲ့ညီအကိုအားလုံးကိုလည်းကျေးဇူးတင်တယ်။
နောက်မှဟင်းချက်ကျွေးအုံးမယ်။

အားပေးသွားတဲ့ချစ်မိဆွေများရဲ့ခြေရာလေးတွေချန်ခဲ့စေချင်တယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးစေနော်
ဂျာမုန်းဒန်

Type rest of post here