ဒါလေးက Pork Steak လေးပါ။ German style လေးချက်ထားပေးတာနော်။ အဆင်သင့်ပဲ စားသွားနော်။ ဓါးနဲ့ ခရင်းကို ကိုယ်တိုင်ယူခဲ့ပြီးစားနော်။ ကျွန်မမေ့သွားလို့ပါ။ချက်နည်းကတော့လွယ်ပါတယ်...ပထမတော့ ၀က်သားပြားကို သကြား၊ အချိုမှုန့်၊ ဆား တို့နဲ့အရင်နယ်ထားတယ်။ ပြီးနောက် ဒယ်အိုးပြားကို မီးဖိုပေါ်တင်ပြီး အောက်တွင်ပြထားတဲ့ အ၀ါရောင်ဘူးလေး Rama Culinesse ဆီကို အနည်းငယ်ထည့်ပြီး အသားပြားကို ဟိုဘက်ဒီဘက်လှန်ပြီးကြော်ပါတယ်။ စားလို့ရပြီဆိုမှ Retwein လေးကို အသားပြားပေါ်မှာ အနည်းငယ်ဖြန်းရပါတယ်။ ပြီးနောက် ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်တယ်။ ဆော့လေးကိုတော့ ငပြာရည်အနောက်၊ ဆား၊ အချိုမှုန့်။ ကော်ရည်အနည်းငယ်ကို ရောပြီး အသားပြာဆယ်လိုက်ပြီးအိုးထဲမှာဘဲ တခါတည်း ထည့်ပြီးချက်လိုက်တာပါ။
ဒါလေးက အပေါ်က Pork Steak လေးကိုချက်တဲ့အခါ အသုံးပြုတဲ့ပစ္စည်းလေးပါ။ ၀ိုင်ဆိုတော့ ကြိုက်တတ်ရင် သောက်လို့ရပါတယ်။
ဒါလေးက တို့မှာရှိတဲ့ စပါကတီ ခေါက်ဆွဲလေ။ နည်းနည်းတော့မာတယ်...ဒါပေမယ့်ကောင်းပါတယ်။ ဒီမှာက ထမင်းအစား ဒီခေါက်ဆွဲမျိုးကိုစားကြတယ်လေ။ ကြိုက်ရင် အားမနာပါနဲ့ စားသွားနော်...ဇွန်းလေးနဲ့ အဆင်သင့်ပဲ...ပါးစပ်းလေးဟလိုက်ရုံပဲနော်။
ဒါလေးက ပုဇွန်ကိုအသီးတစ်မျိုးလေးနဲ့ ချက်ထားတာလေ။ အဲဒီအသီးကို မခေါ်တတ်ဘူး..ခေါ်တတ်ရင်ပြောပြနော်။ တို့ဆီမှာက ဒီအသီးကို အချဉ်သည်ပြီးလည်းစားကြတယ်၊ အမျိုးမျိုးလုပ်စားကြတယ်....အရမ်းကိုပေါ်ပြူလာဖြစ်တဲ့အသီးပဲ။ အိုးထဲမှာ ပုဇွန်၊ အသီး၊ သံပုရာသီး၊ ဆား၊ သကြား၊အချိုမှုန့်ကိုရောပြီး ချက်လိုက်တာပဲ။ ပြီးမှ တရုတ်နံနံပင်လေး ထည့်လိုက်တာ။
ဒါလေးက ကြက်ကောင်လုံး ကင်လေ။ စမုံစပါးကို ထောင်း၊ ကြက်သွန်မိတ်ကိုလှီးပြီ အစာပလာတွေနဲ့ ကြက်ဝမ်းဗိုက်ထဲသွပ်ထည့် လိုက်တယ်။ အိုဝမ် မီးဖိုထဲထည့်ပြီး ကျက်အောင်ကင်လိုက်တယ်.. ငရုတ်သီးဆော့လေးနဲ့ စားဖို့ပါ။ ကဲ....ဒါလဲအားလုံးစားဖို့ပါ...ဖဲ့စားသွားနော်..ပေါင်သားလား...ရင်အုပ်သားလား....ကြက်တောင်ပံလား....မြန်မြန်ဆုံးဖြတ်နော်။
ကဲ.....ဒါလေးက သီးစုံဟင်းချိုရည်လေးပါ။ ၀က်ပေါင်သားလေးနဲ့ ချက်ထားတာနော်။ အားရှိအောင် အားရပါးရသောက်သွားလို့ရတယ်နော်။ကဲ....ဂျာမုန်းဒန်က စေတနာရှိတုံးလေး ချက်ကျွေးတာနော်။ အားရပါးရကို စားကြပါလို့ မေတ္တာရပ်ခံပါတယ်.......ကောင်းမကောင်းလဲ ကြားချင်သေးတယ်။ ပြော်သွားအုံးနော်...