ဒါက...ကြက်ရင်အုပ်သားအချိုကြော်ပါရှင်။
ကြော်နည်းလေးပြောပြမယ်နော်။
ကြက်ရင်အုပ်သားကိုပါးပါးလှီးပြီးကော်မှုန့်၊ဆား၊အချိုမှုန့်နဲ့နယ်ထား။.....ပြီးတော့ကြက်သွန်နီကို လေးစိတ်စိတ်ပြီးထက်ခြမ်းပြန်လှီးထား....ဂျင်းကိုပါးပါးလှီးပြီးအချောင်းလေးဖြစ်အောင်ပြန်လှီး ထား။..ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထားတယ်။..အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..ဒယ်အိုးတွင် ဆီထည့်..ပူလာရင်..ငရုတ်သီးအချောက်တောင့်ကိုအရင်..ထည့်မယ်။..အမဲရောင်လေးတန်းလာပြီ ဆိုရင်ကြက်သားနယ်ထားတာကိုထည့်နော်...ကြက်သားအရောင်နီလာပြီးကျက်ပြီဆိုရင်..လှီးထား တဲ့အဆာပလာတွေထည့်နော်..။ပြီးရင်..ခရုဆီ၊ငံပြာရည်အနောက်၊ကြာညို့အနည်းငယ်ဆီထည့်ပြီး မွေပေးပါ...။ဆား၊အချိုမှုန့်ကိုလိုသလောက်ထည့်ပြီး...ကြက်ပြုရည်အနည်းငယ်ထည့်ပြီးမွေပေးပါ။ နောက်ဆုံးမှာ..ငရုတ်ကောင်းလေးဖြူး၊ကြက်သွန်မိတ်လေးထည့်ပြီး..ပန်းကန်းထဲလှလှလေးထည့် ပြီး..ရှယ်သုံးဆောင်နိုင်ပါပြီရှင်။
ကြက်ဥကိုပြုတ်ပြီးလှီးထည့်၊..ကြက်သွန်ဖြူဆီသပ်၊မကျီးမှည့်အချဉ်လေးထည့်၊နမ်းဆီမွေး အနည်းငယ်၊ဆား၊အချိုမှုန့်လေးနဲ့ငရုပ်သီးမှုန့်တွေထည့်ပြီးသုပ်ထားတာပါ။
..သုပ်စားကြည့်နော်။..သန့်သန့်လေးနဲ့စားကောင်းလို့ပြောပြတာပါရှင်။
ဂျာမန်မှာရောင်းတဲ့..စပါကတီခေါက်ဆွဲအ၀ါကိုပြုတ်ပြီးသုပ်ထားတာပါ။..ဒီထဲမှာ..ကြက်ဥကို
၎လုံးထည့်သုပ်ထားတော့...ပဲမှုန့်အကျက်ထည့်သလိုပဲ...အရမ်းကိုစားလို့ကောင်းတယ်။
မြန်မာပြည်က..အရသာအတိုင်းပဲ။
..ထိုင်စားလိုက်ရုံပဲ။....အစားကြီးသူများအတွက်အထူးစပါယ်ရှယ်ပြင်ဆင်ထားတာပါ။
ကဲ...အားလုံးပဲကျေနပ်နိုင်ပါစေရှင်။.ညီမလေးဆောင်းရေ...ချက်နည်းကိုတော့အနည်းငယ်ဆီရေး ထားပေးတယ်။. .နားမလည်ရင်..ပြန်မေးလို့ရပါတယ်.. .အားမနာပါနဲ့ရှင်။..
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here