Showing posts with label ၀က်နားရွက်သုပ်နှင့်အခြားဟင်းလျှာ. Show all posts
Showing posts with label ၀က်နားရွက်သုပ်နှင့်အခြားဟင်းလျှာ. Show all posts

Saturday, June 27, 2009

ဝက်နားရွက်သုပ်နှင့်အခြားဟင်းလျှာ


ဒီနေ့တော့ ၀က်နှားရွက်သုပ်စားကြမယ်နော်။ ပြုလုပ်နည်းလေးပြောပြမယ်။ ၀က်နှားရွက်ကိုရေစင်အောင်ဆေး၊ အပိုင်းကြီးကြီးဖြတ်ပြီး အနံ့ကင်းအောင်ရေနဲ့အရင် ဆယ်မိနစ်လောက် ပြုတ်လိုက်တယ်။ ရေမခန်းခင် ပြန်ဆယ်ပြီးရေဆေးလိုက်တယ်၊ လုံးဝအညီဇော်မနံအောင်ပေါ့။ ဆယ်ပြီးသားဝက်နားရွက်ကို ဂျင်း၊ အချိုမှုန့်၊ ဆား၊ ငံပြာရည်အနောက် အနည်းငယ်ထည့်ပြီး ရေခန်းအောင်ပြုတ်ထားမယ်။ ပြီးရင်ဝက်နားရွက်ကို ပါးပါးလှီးမယ်၊ ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးထည့်၊ ခရမ်းချဉ်သီးပါးပါး၊ ကြက်သွန်ဖြူကိုပါးပါး၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ သံပုရာသီးညှစ်ထည့်၊ ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်၊ ငံပြာရည်အကြည်အနည်းငယ်ထည့်မယ်၊ နံနံမိတ်လေးလှီးထည့်မယ်။ ပြီးရင်နယ်ပြီး အရသာမှီးကြည့်လို့ရပြီပေါ့။ ဒါက ဂျာမုန်လုပ်စားတဲ့နည်းပါပဲ။ လုပ်စားကြည့်နော်။


ဒါလေးက ပဲပြားသုပ်ပါရှင့်။ မမလုဆီကနည်းအတိုင်း သုပ်ထားတာနော်။ အရမ်းကိုကောင်းတယ်၊ စားသွားနော်။


ဒါကတော့ ပန်းမုန်လာကို ကြက်ဥနဲ့ကြော်ထားတာပါ။


ဒါလေးက ကြက်ဥဆီပြန်ဟင်းလေးချက်ထားတာပါ။ ကြက်ဥကိုပြုတ်ပြီးကြော်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသပ်ပြီးချက်ထားတာပါ။


ဒါလေးက ကြက်သားနဲ့ မှိုပါ။ အိုးကပ်လေးချက်ထားတယ်။ ချက်နည်းကတော့ ချက်မဲ့အိုးထဲမှာ ကြက်သားကို အနေတော်အတုန်းလေးတုန်းပြီးထည့်မယ်၊ ကြက်သွန်ဖြူအလုံးလိုက်ထည်၊ ဂျင်းပါးပါလှီးထည့်၊ တရုတ်မဆလာအနည်းငယ်ထည့်၊ ခရုဆီလေးအနည်းငယ် နဲ့ ဆား၊ အချိုမှုန့်လေးထည့်၊ ဆီလေးအနည်းငယ်ထည့်ပြီး မွေလိုက်တယ်။ ပြီမှမီးဖိုပေါ်တင်ပြီးအုပ်ထားမယ်။ ပြီးရင် ကြက်သားနုးသည်အထိချက်ပေးပါ။ နောက်အသင့်ဆေးပြီးသားမှိုကို ထည့်လိုက်တယ်။ ရေအနည်းငယ်ထည့်ပြီးအုပ်ထားလိုက်တယ်။ ရေခမ်းပြီဆိုရင် စားလို့ရပါပြီရှင်။


ဒါကတော့ ဂျာမန် ဂေါ်ဖီထုတ်ပါ။ ဂေါ်ဖီထုတ်အနီမျိုးပါ။ သုပ်စားကြည့်နော်။

လာရောက်အားပေးကြတဲ့ သူငယ်ချင်းများကိုအထူးပင်ကျေးဇူးတင်လို့မဆုံးပါရှင်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားအုံးနော...ပြန်ချက်ကြွေးမလို့ပါနော်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေရှင်
ဂျာမုန်းဒန်


Type rest of post here