Showing posts with label ငါးကင်ပေါင်းနဲ့အခြားဟင်းလျှာ. Show all posts
Showing posts with label ငါးကင်ပေါင်းနဲ့အခြားဟင်းလျှာ. Show all posts

Monday, June 29, 2009

ငါးကင်ပေါင်းနဲ့အခြားဟင်းလျှာ


ကဲအဆင်သင့်ပဲနော်။ ထိုင်စားလိုက်ရုံပဲ။ ခါတိုင်းဆိုရင် ထမင်းချက်ဖို့မေ့မေ့ သွားတယ် ဒီတခါတော့စေသနာအပြည့်နဲ့ အားလုံးပြင်ဆင်ထားပေးပါတယ်။ အ၀သာစားသွားနော်။ ပန်းကန်၊ ဇွန်းအားလုံးအဆင်သင့်ပဲနော်။


ဒါကတော့ ဒီနေ့အတွက်အထူးပြုလုပ်ထားတဲ့ ငါးပေါင်းကင်ပါရှင့်၊ Oven ထဲမှာပေါင်းကင်လုပ်ထားလို့ ငါးပေါင်းကင်လို့အမည်သပ်လိုက်တယ်။ လက်နဲ့ဖြစ်ဖြစ်၊ တူယူလာပြီးဖြစ်ဖြစ်စားဖြစ်အောင်တော့စားသွားနော်။ နက်ဖြန်ဆိုမချက်ကြွေးတော့ဘူး။ ဒါဒီနေ့အတွက်ပဲနော်။


ဒါကတော့ငါးစိမ်းကိုအစာပလာတွေနဲ့နယ်ထားပြီးပုံပါ။အဆင့်သင်ကင်ဖို့လုပ်ထားတာပါ။
ဒီငါးကတို့ဆီမှာ တခါတရံမှဝယ်လို့ရတာပါ။ Panny Mark's က၀ယ်လာတဲ့ငါးပါ။ ဒါမျိုးအကောင်ငါးကောင်ကိုသေချာထုတ်ပြီးပါတ်ကင်လိုက်ရောင်းထားတာကိုဝယ်လာတာပါ။ တို့ဆီမှာက တစ်ကောင်တစ်ကျပ်နှုန်း အားလုံး 5 Euro နဲ့ဝယ်လာတာပါ။

ပြုလုပ်နည်းလေးပြောပြမယ်နော်။ ငါးကိုရေသေချာဆေးပြီး စစ်ထားမယ်။ ပြီးတော့ ဆား၊အချိုမှုန့်၊ဂျင်းရည်ညှစ်ထည့်၊ငရုတ်ကောင်းမှုန့်နှင့်တရုတ်အမွှေးအကြိုင်မှားနှင့်သမအောင်နည်းပြီးဆယ်မိနစ်ခန့်နပ်ထားပါ။ များများနပ်ထားလေးကောင်းလေးပဲ။ ပြီးတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက်၊နံနံပင်နှင့်ပင်စိမ်းများကိုထောင်းထားပြီးဆီလေးအနည်းငယ်နဲ့ဆီသပ်ထားမယ်။ ဒီထဲမှာလဲ..ဆား၊ အချိုမှုန့်ကိုသမအောင်ထည့်ဖို့မမေ့နဲ့နော်။ ဒါမှအားလုံးမှာ အရသာရှိမှာလေ။ ဆီလေးသပ်ပြီးထည့်တော့ ပိုစားလို့ကောင်းတယ်။ ဆီသပ်ပြီးရင် နယ်ထားတဲ့ ငါးဝမ်းဗိုက်အတွင်းမှာ အစာသွပ်ထည့်ပါ။ ဒါပြီးရင်တော့ မီးမလောင်တဲ့ငွေစက္ကူပြားထဲသေချာစီထည့်မယ်။ အပေါ်မှာနံနံပင်၊ ပင်စိမ်းကိုအရွက်လိုက်တင်ပြီးကင်လို့ရပြီ။ တို့ဆီမှာကအရွက်သိပ်မဆုံဘူး။ ဒါပေမယ့် ရှိတဲ့အရွက်လေးနဲ့လုပ်စားရတာပေါ့။ Oven မရှိရင် မီးသွေးမီးဖိုမှာကင်ရင်လည်းရတယ်။ ချောက်ချောက်လေးနဲ့ပိုတောင်စားလို့ကောင်းမယ်။ ဒို့ဆီမှာက Oven ဘဲရှိတော့ ဒါနဲ့ပဲကင်ပေါင်းလုပ်ရတော့မှာပေါ့။ ကဲလုပ်စားကြည့်ပါ၊ မရှင်းရင်ပြန်မေးလို့ရတယ်နော်။


ဒါလေးက ခရမ်းသီးမီးဖုတ်ပြီးသုပ်ထားတာပါ။
ပြုလုပ်နည်းလေးပြောပြမယ်။ ခရမ်းသီးအလုံးကြီးတစ်လုံးကိုမီးဖုတ်ထားမယ်၊ ခရမ်းချဉ်သီးတစ်လုံးကိုပါမီးဖုတ်ထားမယ်။ မီးဖုတ်ပြီးခရမ်းသီးကို အခွံခွာ၊ ခရင်းဇွန်းလေးနဲ့အမျှင်ရှည်ရှည်သေးသေးလေးချစ်ပြီးသုပ်မည့်ပန်းကန်းထဲထည့်။ ဓားနဲ့တောက်တောက်စဉ်းကသိပ်မစားကောင်းဟုစိတ်ထဲမှာထင်မိလို့ ခရင်းနဲ့ချစ်ခိုင်းတာပါ။ခရမ်းချဉ်သီးမီးဖုတ်ကိုပါဓားနဲ့တောက်တောက်စဉ်းပြီးထည့်မယ်။ အခွံပဲနွ့ပြီးစဉ်းနော်။ရေမဆေးလိုက်ပါနဲ့။မီးဖုတ်ပြီးရေဆေးလိုက်ရင်စားလို့မကောင်းပါ။ ဒါပေမယ့်သန့်သန့်လေးကင်ဖို့တော့လိုတာပေါ့။ကြက်သွန်နီပါးပါးလှီးရေးဆေးပြီးထည့်ပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထည့်၊ ဆား၊အချိုမှုန့်၊ ဆီသန့်လေးအနည်းငယ် နဲ့နံနံပင်ပါးပါးလှီးထည့်ပြီး သုပ်လို့ရပါပြီရှင်။ ကြိုက်တတ်ရင် ပဲပုတ်ပြားလေးမီးဖုတ်ပြီးချေထည့်ရင်လည်းအရသာပိုရှိတယ်။ အရသာကိုအချဉ်အစပ်အငံကိုကြိုက်သလိုထည့်နိုင်ပါတယ်။ ကဲ..အရသာရှိတဲ့ခရမ်းသီးမီးဖုတ်သုပ်လေးရသွားပါပြီ။ လုပ်စားကြည့်နော်။


ဒါလေးက အတင့်ဝယ်လာတဲ့ ၀က်သားမြောင်းရှည်လေးများကိုဒီလိုလေး အစိမ်းကြော်ထားတာပါ။ စားသွားနော်။ တရုတ်နံနံလေးအုပ်ထားတော့အရသာလေးကတစ်မျိုးလေးနဲ့ စားလို့ကောင်းတယ်ရှင့်။


ဒါလေးက ဂျာမန်ဆလတ်ရွက်အနီပါရှင့်။ တို့ဆီမှာက ဆလတ်ရွက်ကို နှစ်မျိုးစားလို့ရတယ်။ အဖြူ၊ အနီပေါ့။ အနီကတော့ဈေးနည်းနည်းကြီးတယ်။ စားကြည့်နော်။


ဒါကတော့ တို့ဆီက ခရမ်းချဉ်သီး အ၀ါရောင်ပါ။ သုပ်စားကအရမ်းကောင်းပါတယ်။ သယ်သွားနိုင်ပါတယ်ရှင်။ မိတ်ဆွေတို့အတွက်ဝယ်လာတာပါ။

ကဲ....ဂျာမုန်းဒန်က အားလုံးအတွက် ရှယ်ချက်ထားတာနော်။ အားနာရင်တော့ငတ်မယ်နော်..ဟီး။ စတာပါ.....အားလုံးစာသွားရမယ်နော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here