Showing posts with label Germany Ph.D ဘွဲ့နှင်းသဘင်. Show all posts
Showing posts with label Germany Ph.D ဘွဲ့နှင်းသဘင်. Show all posts

Friday, June 19, 2009

Germany Ph.D ဘွဲ့နှင်းသဘင်

Germany Ph.D ဘွဲ့နှင်းသဘင်
ဒီနေ့ ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ ဘွဲ့ယူတဲ့ နေရာလေးကိုသွားခဲ့တယ်။ Ph.D Engineering ဘွဲ့ယူမယ်ဆိုတော့ တို့မြန်မာနိုင်ငံကလို ဘွဲ့ယူတဲ့သူငယ်ချင်းတွေနဲ့ လာရောက်သူဧည့်သည်တွေလည်း အများကြီး ထင်နေတာပေါ့။ ဘယ်ဟုတ်မှာလဲ ဘွဲ့ယူသူက ပူစီပေါင်းတွေအလယ်မှာ ထိုင်ပြီး လှည်းယဉ်လေးနဲ့ မြို့တစ်ပတ်ပတ်လိုက်ရင် ပြီးသွားပြီလေ။ နောက်ပြီး လှည်းယဉ်ကိုလဲ စက်နဲ့မောင်းမယ်ထင်နေတာ ဘယ်ဟုတ်မလဲ သူတို့ရဲ့ရှေးရိုးအဆင်အလာထင်ပါရဲ့ လူကဆွဲရတာပါ။ သူငယ်ချင်းတွေ တစ်ယောက်တစ်လှည့်ဆီ ၀ိုင်းဆွဲကြတယ်လေ။ လာရောက်ချီးမြင့်ကြတဲ့သူတွေကလည်း အခြားသူများမပါဘူး….မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘအတိုင်းအ၀ိုင်း၊ ခင်မင်တဲ့သူငယ်ချင်းတွေလောက်ပဲ လာကြတာတွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂုဏ်ပကာသနတွေ၊ မာနတွေ လုံးဝမရှိတာကို တွေ့လိုက်ရတယ်။


ဒီပုံလေးဟာ ဘွဲ့ယူမဲ့သူဆောင်မဲ့ ဦးထုပ်လေးပါ။ ဘွဲ့ယူစဉ်ဆောင်းဖို့ တည်းသန့်ပြုလုပ်ထားတာမရှိပါဘူး။ ဒီဦးထုပ်ကို ခင်တဲ့သူငယ်ချင်းများက ဖန်တီးပေးကြရတာပါ။ ကြိုက်တဲ့ပုံစံပြုလုပ်လို့ ရပါတယ်။


ဒီပုံလေးဟာ ဘွဲ့ယူသူရဲ့ မိဘအတိုင်းအ၀ိုင်း၊ သူငယ်ချင်းများနဲ့၊ Professor တွေနဲ့အတူရိုက်ထားတဲ့ပုံပါ။
ဒီနိုင်ငံမှာတမျိုးထူးခြားချက်ကတော့ ဘွဲ့ယူရမဲ့နေ့မှာပဲ စာမေးပွဲနှစ်မျိုးကိုဖြေရပါတယ်။ ပထမဆုံးက သူ့ပြုလုပ်ခဲ့တဲ့ သုသေသနနဲ့ဆိုင်တဲ့ Ph.D Open Defence Seminar ကိုပြုလုပ်ရပါတယ်။ ဒီ seminar မှာ တက်ရောက်သူများမေးတဲ့မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားပေးရမည်ဖြစ်ပြီး၊ ဒုတိယ ပိုင်းမှာ ဘုတ်အဖွဲ့ဝင်
Professor များနဲ့ Ph.D Oral Examination ကို ပြုလုပ်ရပါတယ်။


ဒီပုံကတော့ စာမေးပွဲခန်းမမှ ထွက်လာတဲ့ပုံပါ။ ထွက်လာတာနဲ့ ပြုလုပ်ထားတဲ့ ဘွဲ့ဦးထုပ်လေးကို သူငယ်ချင်းများမှ ဆောင်းပေးပြီး ပြင်ဆင်ထားတဲ့ အစားအစာများကို ပျော်ပျော်ပါးပါးစားသောက်နေကြတာပါ။ ပန်းစည်းများ ချီးမြင့်ကြသူလည်းအပါအ၀င်ပေါ့။




ဒီပုံလေးက German style အစားအစာလေးတွေပါ။ တက်ရောက်သူများအားလုံးကို ဧည့်ခံဖို့လေ။ သူငယ်ချင်းများရဲ့စေသနာတွေ နဲ့ ပြုလုပ်ထားကြတာတဲ့။ စားလို့တော့အရမ်းကောင်းတယ်။ မှီးကြည့်နော်။


မြို့ထဲပတ်ဖို့ လည်းကိုအဆင်သင့်ပြင်ဆင်ထားတဲ့ပုံပါ။


ဒီပုံကတော့ ဘွဲ့ယူသူနဲ့အတူ သူငယ်ချင်းများအားလုံး တစ်ယောက်တစ်လှည့်ဆီ ဆွဲပြီး မြို့ပတ်နေကြတာပါ။ လမ်းမှာရှိကြတဲ့ မြင်မြင်သမျှလူတွေအားလုံးလည်း ဂုဏ်ပြုစကားနဲ့ နုတ်ဆက်ကြပါတယ်။ ဒါသူတို့နိုင်ငံရဲ့ထုံးစံပဲထင်ပါတယ်။



ဒီနေရာလေးက Kronenplatz လို့ခေါ်တဲ့ဘတ်စ်ကားမှတ်တိုင်ဘေးနားက နေရာလေးပါ။ ဘွဲ့ယူသူဟာ လာရောက်ကြတဲ့သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်စကားပြောနေတာပါ။


ဒီပုံလေးက အောင်မြင်စွာပြီးဆုံးကြောင်း ပျော်ပျော်ပါးပါးနဲ့ ပြန်လာကြတဲ့ပုံပါ။

ဒီမြို့လေးဟာ ဂျာမုန်းဒန်တို့နေထိုင်တဲ့ Clausthal-Zellelfeld လို့ခေါ်တဲ့မြို့လေးပါ။ မြန်မာပြည်က မေမြို့ဆိုလည်း မမှားပါဘူး..အရမ်းအေးချမ်းတဲ့မြို့လေးပါ။ Germany နိုင်ငံရဲ့ အသဲနှလုံးမှာရှိလို့ တချို့က Heart Mountain လို့လဲတင်စားခေါ်ကြတယ်လေ။

ကဲ.....ဒီနိုင်ငံက ဘွဲ့နှင်းသဘင်လေး.....ပြီးသွားပါပြီနော်......။ ဘလော့ဝ်ရေးတဲ့နေ့ကနေစပြီး ဂျာမုန်းဒန်မှာ အငြိမ်ကိုမနေရတော့ပါဘူး.......။ တစ်ခုခုထူးထူးဆန်းဆန်းတွေ့ပြီးဆိုရင်.....ဓါတ်ပုံတွေလိုက်ရိုက်ရနဲ့ အားကိုမအားနိုင်ရှာဘူး.....ဒါတောင် ကလေးကတစ်ဖက်နဲ့.လေ။ ဘလော့ဝ်ချစ်သူငယ်ချင်းများကို ပြောပြချင်တဲ့ဆန္ဒနဲ့ပေါ့။ အားလုံးပျော်ရွှင်ပါစေနော်။ စာလုံးပေါင်းမှားရင် ခွင့်လွတ်ကြပါရှင်။

အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်

ဂျာမုန်းဒန်


Type rest of post here