Showing posts with label Egg Rolls and Dessert. Show all posts
Showing posts with label Egg Rolls and Dessert. Show all posts

Thursday, August 6, 2009

Egg Roll and Dessert

သားလေးကပြောတယ်။..”မေမေ...ဒီနေ့...သားသားချစ်တဲ့ဦးဦးဒေါ်ဒေါ်တို့အတွက်မုန့်လုပ်ကျွေးပေးပါ ...သားဆီလာကြပေမယ့်..ဘာမှမကျွေးဖြစ်ဘူး....ဗိုက်ဆာနေကြရော့ပေါ့...”. .ဆိုပြီးတောင်းဆိုလာတဲ့သားလေးရဲ့စကားကိုနားထောင်သောအားဖြင့်...ရှယ်ကို ပြုလုပ်ထားခြင်းဖြစ်တယ်။
ကဲ.....လာဘာပြီရှင်။

ဟောဒါကတော့...Egg Roll လေးပါ။....စားသွားကြပါရှင်။
ကြက်ဥလေးလုံးမှာကြက်သွန်နီ၊ခရမ်းချဉ်သီး၊ကြက်သွန်မိတ်၊ဆား၊အချိုမှုန့်တို့ကိုသမအောင်နယ်ပြီး ဒယ်အိုးအပြားမှာ..ဆီအနည်းငယ်ထည့်ပြီး..လေးထောင့်လေးဖြစ်အောင်ကြော်ထားတာပါ။ လေးထောင့်လေးဖြစ်လာအောင်..ဇွန်းနဲ့တူကိုအသုံးပြုပြီးလက်နဲ့သေချာခေါက်ပြီးကြော်ထားတာပါ။ တစ်ခါခေါက်ပြီးတိုင်းအနားသားကိုဇွန်းလေးနဲ့နာနာဖိပေးတယ်။ဒီလိုပဲအဆုံးအထိလိပ်ပေးရတယ်။
နောက်ဆုံးအေးသွားပြီဆိုမှ.ဓားနဲ့ပုံစံလှလှလေးလှီးထားလိုက်တယ်။..Smoke&Spiceရဲ့ကျေးဇူးပါ။


ဟောဒါလေးက...ပူတင်းပါ။ဘာပူတင်းလည်းဆိုတော့....၀က်ခြေထောက်ပူတင်းပါ။...၀က်ခြေထောက်ကို Pressure..Cookerနဲ့ပေါင်းပြီး...နောက်ဆုံးလက်ကျန်အရည်ကိုရေခဲသေတ္တာထဲထည့်ထားလိုက်ရင် ၀က်ခြေထောက်ပူတင်းလေးရပြီပေါ့။ကြိုက်ရင်စားသွားနော်။


ဒါက....အာလူးစနွင်းမကင်းပါ။...ဂျာမုန်းကိုယ်တိုင်လုပ်ထားတာပါ။...စားသွားနော်။

ဒါကတော့...ဗန်းလိုက်ချထားတာပါ။မ၀သေးသူအတွက်ပါရှင်။ကြိုက်သလောက်သာစားသွားပါ။


င....ငချိတ်ပေါင်း.....စားလို့ကောင်းနော်။.....ကောက်ညှင်းဆိုငချိတ်တဲ့။..ဂျာမုန်းကိုယ်တိုင်ပေါင်းထားတာပါ။
စားသွားကြပါ။


ကဲ....ကောက်ညှင်းနဲ့စားဖို့...အကြော်စုံပါကြော်ထားသေးတယ်ရှင်။


ကဲ......ရေနွေးကြမ်းပါသုံးဆောင်သွားပါအုံးရှင်။ရေနွေးအိုးထဲမှာ..လဖက်ချောက်နဲ့ရေနွေးအသင့်ထည့်ပြီးနော်။ ခတ်သောက်လိုကရုံပဲ။.ဂျာမုန်းဆိုဒီရေနွေးခွက်တွေနဲ့ရေနွေးသောက်လိုက်ရင်ပိုအရသာရှိသလိုပဲ။ မယုံရင်သောက်ကြည့်နော်။

ကဲ...ဒါက....၀က်နံရိုးပေါင်းခေါက်ဆွဲပါ။အပေါ်ကအစားအစာတွေမ၀ရင်....ထပ်စားဖို့ပါရှင်။


ဒါကတော့...တိုဖူးပျော့ပါ။ကြက်သားနဲ့နော်။ဝက်သားမစားသူအတွက်သီးသန့်ပါရှင်။

ကဲ...အားလုံးပဲသုံးဆောင်သွားကြပါရှင်။ကုန်အောင်စားရမယ်နော်။မစားရင်သားလေးကစိတ်ဆိုးမှာတဲ့။
ကောင်းမကောင်းလည်းပြောသွားကြပါအုံးရှင်။ကြားချင်လို့ပါ။

အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here