ဂျာမုန်းဒန်ရဲ့မိတ်ဆွေများအားလုံးအတွက်...ဒီနေ့တော့.....အထူးအဆန်းလေးဖြစ်အောင်... အားလူးကတ်သလိတ်လေးကြော်ထားပေးတယ်။..ဒါတင်မကသေးဘူး...အခြားစားစရာ၊ သောက်စရာလည်းအများကြီးပဲနော်။ အားရပါးရစားပြီးပြန်ရမယ်နော်။
ကြော်နည်းကတော့ဒီလိုပါ။
အားလူးကိုနုးအောင်ပြုတ်ပြီးညက်အောင်ထောင်းထားမယ်။ထောင်းနေစဉ်နွားနို့အနည်းငယ်ထည့်. ထောင်းပါ။.သို့မှသာအာလူးပိုပြီးစေးထန်လာပြီး....ကြော်သည့်အခါ...မပေါက်ကွဲဘဲရှိလိမ့်မည်။ ....ထို့နောက်..ဆိတ်သား(သို့)ကြက်သားကိုစဉ်းကောပြုလုပ်ပြီး...ကြက်သွန်နီ၊ငရုတ်သီး၊မဆလာ၊ ဆား၊ငံပြာရည်တို့နှင့်နယ်ပြီး..ဆီနှင့်ကျက်အောင်ကြော်ထားပါ။ဂျာမုန်းကတော့ကြက်သားနဲ့လုပ် ထားတာပါ။...ပြီးလျှင်ထောင်းထားသည့်အာလူးကိုအနေတော်အလုံးများပြုလုပ်ပြီး...ထိုအလုံး များထဲတွင်စောစောကကြော်ထားသည့်ကြက်သားများကိုအစာသွတ်သွင်းပါ။ ..မကပ်မငြိအောင်မုန့်ကြွပ်(သို့)ဂျုံမှုန့်များဖြူးပြီးကိုင်သွယ်ရပါမည်။. .ကြော်သည့်အခါဆီများများမထည့်ပါနှင့်။ဒယ်အိုးတွင်ဆီအနည်းငယ်ဆီထည့်ပြီးကြော်ပါ။ တစ်လုံးနှင့် တစ်လုံးမကပ်စေရန်ဟိုဘက်ဒီဘက်လှန်ပြီးကြော်ပေးပါ။....ဒါပါပဲရှင်။
ဒါကတော့..ကော်ဖီသောက်တိုင်းလွမ်းနေဖို့ပါ။မနေ့ကဂျာမုန်းတို့..ကော်ဖီဆိုင်သွားတယ်လေ။ဒီမှုန့် တွေလည်းစားခဲ့သေးတယ်။..ဒီမှုန့်ကိုပဲ...သူငယ်ချင်းတွေအတွက်ဝယ်ခဲ့တာပါ။စားသွားပါအုံးနော်။
အားလုံးအ၀စားပြီးပြန်ကြပါရှင်။အကုန်လည်းစားရမယ်နော်။မစားရင်အိမ်ထိလာကျွေးမယ်။ အိမ်အထိလာကျွေးရင်..ဂျာမုန်းကိုလည်းတစ်မျိုးပြန်ကျွေးရမယ်..ဒါပဲ။
အားလုံးကိုစေတနာအပြည့်နဲ့ကျွေးမွေးချင်သူက
ဂျာမုန်းဒန်ပါ။
Type rest of post here
အားလုံးအ၀စားပြီးပြန်ကြပါရှင်။အကုန်လည်းစားရမယ်နော်။မစားရင်အိမ်ထိလာကျွေးမယ်။ အိမ်အထိလာကျွေးရင်..ဂျာမုန်းကိုလည်းတစ်မျိုးပြန်ကျွေးရမယ်..ဒါပဲ။
အားလုံးကိုစေတနာအပြည့်နဲ့ကျွေးမွေးချင်သူက
ဂျာမုန်းဒန်ပါ။
Type rest of post here