Tuesday, February 23, 2010

မင်္ဂလာသက်တမ်းသုံးနှစ်ပြည့်အထိမ်းအမှတ်ပါတီပွဲလေး


ချစ်သောလလော့ဝ်ညီအကိုမောင်နှမများအားလုံးကို လိုက်လဲစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဂျာမုန်းတို့ရဲ့ဇနီးမောင်နှံ ပျော်ရွှင်တဲ့ခရစ်ယာန်အိမ်ထောင်ကို တည်ထောင်ခဲ့တာ မနေ့က (ဖေဖော်ဝါရီလ၂၂.၂၀၁၀)နေ့မှာပဲ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့် တစ်မြို့ထဲမှာအတူနေထိုင်ကြတဲ့ သူငယ်ချင်းများကို ဖိတ်ပြီး အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပ ဖြစ်ခဲ့တယ်။တခြားမြို့ကနေရောက်လာသူငယ်ချင်း ၂ယောက်လည်းရှိတယ်။ လာရောက်အားပေးကြ တဲ့သူငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်တယ်ကွယ်။

အိမ်ထောင်နဲ့ပတ်သက်ပြီး ၀န်ခံချက်လေးရှိတယ်။.ဒီမင်္ဂလာသက်တမ်းသုံးနှစ်အတွင်းမှာပေါ့။ .ဂျာမုန်း အိမ်ထောင်ကျ ကံကောင်းတယ်လို့ ပြောရမှာပေါ့လေ။ သူက..ဂျာမုန်းအပေါ် သိပ်ကောင်းပြီး သိပ်လည်းအလိုလဲလိုက်တယ်လေ။ တခါမှ..သူကြောင့်စိတ်မဆင်းရဲခဲ့ရဘူး။ ဒါကြောင့်လည်းသူ့ကို သိပ်ကျေးဇူးတင်ပြီး ဂျာမုန်းရဲ့ အချစ်တွေအားလုံး စုပုံပေးထားတာပါ။

သူ့မှာဂျာမုန်းကြိုက်တဲ့အချက်တွေအများကြီးရှိတယ်။ အဓိကတော့ဘုရားကို ချစ်ကြောက်ရိုသေတယ်၊ မိသားစုကိုအချိန်ပေးတတ်တယ်။
မိသားစုအပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ။ ဒါကြောင့် ဂျာမုန်းလည်း သိပ်ချစ်တဲ့ခင်ပွန်းအတွက် သိပ်ချစ်စရာကောင်းတဲ့ သားမြတ် ရတနာလေးကို မွေးပေးခဲ့တာပေါ့။

ကဲကဲ....စာဖွဲ့နေရင် ပီးမှာမဟုတ်တော့ဘူး။ အစားအသောက်နဲ့ ပြန်ဧည့်ခံပါရစေရှင်။
ဒါတွေက..ဂျာမုန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း၃နှစ်ပြည့် အထိမ်းအမှတ် ပါတီပွဲ အစားအသောက်တွေပါ။ အားလုံးဝလျှင်စွာစားပြီးမှ ပြန်ရမယ်နော်။

ဒါကတော့..ဆူရှိပါ။ ဂျာမုန်းကိုယ်တိုင်လုပ်ထားတာနော်။

ဒါကတော့ ကန်စွန်းဥဆနွင်းမကင်းပါ။ သိပ်အရတာရှိတာနော်။

ဒါကတော့ မုန်းလုံးရေပေါ်ပါ။ အထဲမှာ မြေပဲကိုထောင်းပြီးအချိုလေးပါထည့်ထားတယ်။ အလွန်းပြေ စားသွားပါရှင်။

ဒါကတော့ အအီပြေလေးစားဖို့ သံလွင်သီးပါ။ ဂျာမုန်းတော့အရမ်းကြိုက်တယ်။ ထမင်းစားတိုင်းထည့်စားဖြစ်တယ်။

ဒါက ချောကလက်ပါ။ လက်ဆောင်ရတာလေ။ အတူစားကြမယ်နော်။

ဒါက သီးစုံပါရှင်။

ဒါက စပါကတီခေါက်ဆွဲကြော်ပါ။ ကြက်သားနဲ့ပုဇွန်ကို ရောကြော်ထားတာပါ။

ဒါကတော့ အထူစပါယ်ရှယ် ဘဲကင်ပါရှင်။ ဘဲကင်ကိုတော့ သားသားရဲ့ဖေကြီးကတာဝန်ယူတာပါ။
သူ့လက်ရာလည်း တော်တော်တိုးတက်လာပြီ။ မယုံရင် မြည်းကြည့်နော်။

ဒါကတော့ ဘဲကင်ကိုခုတ်ထားပြီးပုံပါရှင်။ ယူစားလို့ရပါပြီ။

ကဲ..စားချင်တာစားနော်။ ဘူဖေးစတိုင်ပေါ့။

ကြိုက်တာစားပေတော့။

ဒါလဲဘဲကင်ပါပဲ။ ဘာကြောင့်မဲသွားသလဲဆိုတော့ အရွက်အစုံထည့်တာကြောင့်ပါ။ ဘဲ ကချင်ကင်ပေါ့။ အရွက်တွေကတော့..ပင်စိမ်း၊နံနံပ်၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတွေကိုရောနယ်ပြီး ဘဲ ၀မ်းဗိုက်မှာ အစာသွပ်ပြီးကင်တာပါ။ အရသာတော့ရှယ်ပဲနော်။ မွှေးနေတာပဲ။

ဒါက..ကြက်သားကချင်ချက်ပါ။ ငရုပ်သီးတော့စပ်တယ်နော်။
ဒီဟင်းကို ဂျာမန်သူငယ်ချင်းတစ်ယောက်က မြည်းကြည့်တာနဲ့တင် မျက်နှာတစ်ခုလုံး နီရဲသွားတယ်။စပ်လွန်းလို့နဲ့တူတယ်။

ဒါက..ကြက်ကုန်းဘောင်းကြော်နော်။

ကဲ နောက်ဆုံးဟင်းပွဲလေးကတော့.. ပဲငပိတိုဖူးအစပ်ချက်ပါရှင်။

ကဲ...အားလုံးအ၀စားပြီမှ ပြန်ရမယ်နော်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားနော်။ နောက်ပြန်ချက်ကျွေးမှာမို့ပါ။နောက်ပြီး..ဂျာမုန်းတို့မိသားစုအတွက် ဆုထောင်းပေးကြပါဟု မေတ္တာ ရပ်ခံရင်း အားလုံးကိုနုတ်ဆက်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန် မိသားစု

Type rest of post here

Sunday, February 7, 2010

ဂျာမုန်းတို့နေထိုင်တဲ့ မြို့ပတ်ဝန်းကျင်နှင်းတောရှုခင်း


ဂျာမုန်းတို့နေထိုင်ထဲ့မြို့လေးဟာ Germany နိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်မှာ တည်ရှိနေတာကြောင့် ဂျာမနီနိုင်ငံရဲ့အသဲနှလုံးတောင်ဟုခေါ်ဝေါ်ကြတာပေါ့။ ဂျာမုန်းတို့မြို့လေးကိုတော့ Clausthal-Zellelfeld လို့ခေါ်တယ်။ Clausthal နဲ့ Zellelfeld ဆိုတဲ့မြို့လေးနှစ်မြို့ကိုပေါင်းစည်းထားတယ်လေ။
မြို့ကြီးမဟုတ်ပေမယ့် လေကောင်းလေသန့် နဲ့အတူ ပတ်ဝန်းကျင်ရဲ့အလှအပတွေကတော့ တကယ့် ကို မက်မောစရာပင်။ ရာသီဥတုနဲ့အညီ လက်ဖက်အောင်လှပနေတာကတော့..ဂျာမုန်းတို့နေထိုင်တဲ့ မြို့လေးပဲပေါ့။ မယုံရင် ဓါတ်ပုံကိုသာကြည့်လိုက်နော်...ဆွတ်ဇလန်နိုင်ငံရဲ့ရှုခင်းနဲ့ နင်လား..ငါလားပဲ။


ဒီအိမ်က ဂျာမုန်းတို့မိသားစုနေထိုင်တဲ့အိမ်လေးပါ။ နှင်းတွေကတော့ အိမ်ရဲ့ပတ်ဝန်းကျင်အပြည့်ပဲ။
တခါတခါအပြင်ထွက်ဖို့ဆိုတာ..မလွယ်ဘူး..သားလေးရဲ့တွန်းလှည်းနဲ့ဆိုတော့လေ။ ဈေးတောင် တပတ်နှစ်ခါလောက်ပဲသွားဖြစ်တယ်။

ဒီပုံကတော့ အိမ်ရှေ့ပြတင်းပေါက်ကနေ တွေ့မြင်ရတဲ့ရှုခင်းလေးပါ။

ဒါကတော့ အိမ်နောက်ရှုခင်းပါ။

ဒီပုံတွေကတော့ ဒီနေ့ နေသာနေတုန်း ဂျာမုန်းရိုက်လာခဲ့တဲ့ နှင်းတောရှုခင်းလေးပါ။
ဒီနှင်းတောလေးတွေဟာ အိမ်နဲ့သိပ်မဝေးဘူး...အိမ်ကနေဆယ်မိနစ်လောက်လှမ်းလျှောက်ရင် ရောက်ပြီ။ ဒီကွင်းပြင်ကြီးဟာ နွေရာသီဆိုရင်..ပန်းပင်လေးတွေအပြည့်ပဲ။ ပန်းပင်နားမှာရေကန်တွေ လည်းရှိတယ်။ အသဲနှလုံးရေကန်တွေပေါ့။ အဲဒီရေကန်မှာ ငါးတွေသွားမျှားလို့ရတယ်။






ဂျာမုန်းရိုက်လာတဲ့ပုံတွေကတော့ သိပ်မလှသေးဘူးလို့ပြောရမယ်။
မျက်စိနဲ့မြင်တွေ့လိုက်မှ ပိုကျေနပ်ဖွယ်ရှိလိမ့်မယ်ထင်တယ်။
ဒါကြောင့် မျက်စိအစာကျွေးချင်သူများ အလည်လာခဲ့ပါအုံးဟု ဖိတ်ခေါ်ရင်း
အားလုံးကိုခင်မင်လျှက်
ဂျာမုန်းဒန်

Type rest of post here

Wednesday, January 13, 2010

မိသားစုထမင်းဝိုင်းလေး


ဂျာမုန်းဒန်မိသားစုထမင်းဝိုင်းလေးမှာ မိတ်ဆွေများကိုလည်း အတူလာစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဟင်းတွေလည်ုးစုံလို့ပါရှင်။ ကြိုက်တာထည့်စားနော်။
မိသားစုထမင်းဝိုင်းလေးမှာ နေ့တိုင်းလာစားချင်သူအတွက် နေ့တိုင်းကိုချက်ကျွေးအုံးမှာ။ ချက်ကျွေးချင်တဲ့ဆန္ဒကတော့ ဂျာမုန်းမှာအပြည့်ပဲနော်။ အမြဲလာစားဖို့ပဲလိုတယ်ရှင့်။
ကဲ....ပြောနေရင်ကြာတယ်ကွာ.....ထမင်းဝိုင်းထဲဝင်ထိုင်ကြစို့လား။

ကဲ....ဒါကတော့ ကြက်သားနဲ့မှိုသုန်ပေါင်းပါရှင်။ ၀ါးမျှစ်လေးပါထည့်ထားသေးတယ်။ စားသွားနော်။

ကဲ...မိသားစုထမင်းဝိုင်းလေးပြင်ဆင်ပြီးပါပြီ။ စားကြမယ်ဟေ့ကောင်းကောင်းနော်။

ဒါကတော့ ထောပတ်ထမင်းကြော်ပါ။ ပဲရစ်မှာစားခဲ့တဲ့ထမင်းကြော်အတိုင်းကြော်ထားတာပါ။ စားကြည့်နော်။ ကြိုက်မှာပါ။

ဒါကတော့ အထူးစပါယ်ရှယ် ကြက်သားဘဲဥ မတ်စလာချက်ပါရှင်။ ရှယ်ပဲနော်။ အ၀ကိုစားကြပါရှင်။

ဒါကတော့ ကချင်အားတိုးဆေးကြီးဖြစ်တဲ့ ကြက်သားစွပ်ပါရှင်။ ဂျာမုန်းတို့ ငယ်ငယ်တုန်းက ဖျားပြီးနေကောင်း ခါစမှာ မေမေက ဒီလိုအားရှိအောင် ပေါင်းကျွေးလေ့ရှိတယ်။ မယုံမရှိနဲ့နော်..တကယ့်အားတိုးဆေးကြီးပါ။ ချဉ်စော်ကားသီးချောက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ဆား နဲ့ ဆနွမ်းမှုန့်လေးနည်းနည်းထည့်ပြီးပေါင်းထားတာပါပဲ။ ကြက်သားနူးသွားရင် ငရုတ်ကောင်းလေးဖြူးပြီးသောက်နော်။

ဒါကတော့ ၀က်သားမှိုခြောက်အချိုချက်ပါ။
ဝက်သားလေးက နူးအိနေတာပဲ။ နိုက်စားသွားကြပါရှင်။ အားမနာကြနဲ့သိလား။

ဒါကတော့ အမဲအူကို နူးအောင်ပြုတ်ပြီး သုပ်ထားတာပါ။ ငရုတ်သီးစပ်စပ်လေးနော်။ ချဉ်ငံစပ်ပေါ့။ အစပ်ကြိုက်သူအတွက်ကတော့ လျှာလည်သွားစေရမယ်...ဟဲ..ဟဲ။

ဒါကတော့ မုန်ညှင်းချဉ်ကြော်ပါရှင်။ ဂျာမုန်းကိုယ်တိုင်လုပ်တဲ့မုန်ညှင်းချဉ်ပေါ့။ မြည်းကြည့်ပါအုံးလား။

ကဲ..ဒီနေ့ထမင်းဝိုင်းလေး စားမိန်ရဲ့လား...ပြောကြပါအုံးနော်။
နောက်နေ့လည်း လာစားကြဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။
အားလုံးကိုအစဉ်ကြိုဆိုလျှက်
ဂျာမုန်းဒန်(ရွှေနိုင်ငံ)

Type rest of post here

Sunday, January 10, 2010

၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီနော်



၂၀၁၀ရဲ့နှစ်သစ်မှာ ဂျာမုန်းတို့မိသားစု အမှတ်တရပေါက်စီလုပ်စားဖြစ်တယ်။ စိတ်ထဲမှာ အလိုလိုနေရင်းပေါက်စီစားချင်စိတ်တွေ ၀င်လာမိတယ်။ မြန်မာပြည်ရဲ့မန်းပေါက်စီကိုလည်း ပြေးပြီးသတိရတာပေါ့ရှင်။ဒီဂျာမနီရောက်တာ ၂နှစ်ပြည့်တော့မယ်၊ ပေါက်စီကို ဒါပထမဆုံး လုပ်စားခြင်းပါပဲ။ ဒါကြောင့် ဒီပို့စ်လေးရဲ့ ခေါင်းစဉ်ကို ၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီ လို့ အမည်ပေးရခြင်းပဲ ဖြစ်ပါတယ်။

ပေါက်စီလုပ်ရဒါ သိပ်တော့မခက်လှပါဘူး။ ဂျာမုန်း ပေါက်စီကို မလုပ်ဖူးခင်က အရမ်းခက်မယ်ထင်နေတာ လုပ်လိုက်တော့လည်း အလွယ်လေးပါ။ ပေါက်စီလိပ်နည်းကိုတော့ တရုတ်ဝပ်ဆိုက်ထဲက ကြည့်လုပ်ဒါပါ။
မိတ်ဆွေတို့ လုပ်ကြည့်ချင်တယ်ဆိုရင် ဒီမှာလင့်ထည့်ထားပေးတယ်နော်။


ပါက်စီ ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
ဂျုံ၊
သကြား၊ ပွဆေး၊ ဆီ၊ ကြက်ဥ၊ ဆား၊ ၀က်သား(သို့)ကြက်သား၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်ဟင်းမွှေးမတ်စလာ၊ဆီမွှေးအနည်းငယ် တို့လိုအပ်ပါတယ်။

ပေါက်စီပြုလုပ်နည်းအဆင့်ဆင့်
ပေါက်စီအတွက် ဂျုံကို ညကတည်းကနပ်အောင်နယ်ထားမယ်။ နယ်ထားပြီး၎နာရီလောက် ဆိုရင်လည်း ပြုလုပ်လို့ရပါတယ်။ ဂျုံတစ်ကီလိုလောက်ဆိုရင် ပွဆေး၂ထုပ်လောက်ထည့်ရပါတယ်။ ဆီအနည်းငယ်ထည့်၊ သကြားထမင်းစားဇွန်း၎ဇွန်းလောက်ထည့်၊ ဆားအနည်းငယ်ထည့်၊ ကြက်ဥ ၂လုံးဖောက်ထည့်ပြီး လက်နဲ့သမအောင်နယ်ထားရမယ်။ နယ်ထားပြီးတဲ့ဂျုံအပေါ်တွင် ပလပ်စတိတ် အိတ်ဖြင့် လုံအောင်ပိတ်ထားပါ။ နယ်ထားတဲ့ဂျုံမမာသွားအောင် ဖုံးထားပေးခြင်းဖြစ်တယ်။

အစာသွပ်ရန်အတွက်ပြင်ဆင်ကြမယ်နော်။
နုတ်နုတ်စဉ်းထားပြီးဖြစ်တဲ့ ၀က်သား(သို့)ကြက်သားကို ပန်းကန်ထဲထည့်မယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီးစိတ်စိတ်လေးတွေဖြစ်အောင်စဉ်းပြီး ထည့်မယ်။ တရုတ်ဟင်းမွှေးမတ်စလာအနည်းငယ် ထည့်၊ မုန်လာဥအနီကိုအမြောင်းလေးတွေဖြစ်အောင်ခြစ်ပြီးထည့်၊ ဆား၊အချိုမှုန့်နဲ့ ဆီမွှေးအနည်းငယ်ထည့်ပြီး နယ်ထားမယ်။ကြက်ဥကိုခေါက်ပြီးကြော်ထည့်။ ပြီးတော့ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး သမအောင်နယ်ပေးမယ်။ ပြီးတော့ အပေါ့အငံမြည်းကြည့်ပြီး ပေါက်စီစလုပ်လို့ရပါပြီ။ မန်းပေါက်စီအတွက် ကြက်ဥပြုတ်ထားမယ်နော်။ ပြုတ်ပြီးရင်အခွံနွာပြီး ဓါးနဲ့အစိတ်လေးတွေလုပ်ထားမယ်နော်။


ဒါကတော့ ပေါင်းထားပြီးပုံပါ။ နိုက်စားလို့လည်းရပါပြီရှင်။
ဂျာမုန်းမှာ ပေါင်းအိုးစကာမရှိလို့ ဒီပလတ်စတိတ်စကာလေးနဲ့ပဲပေါင်းရတာပါ။
စကာကတော့အဓိကမဟုတ်ပါ။ ပေါက်စီကသာ အဓိကပါနော်။ ဟုတ်တယ်ဟုတ်။

ဒါကတော့ ဂျာမုန်းသုံးတဲ့ ပွဆေးပါ။ ပွဆေးကတော့အမျိုးမျိုးရောင်းကြတယ်။
ကြိုက်တာဝယ်သုံးလို့ ရမယ်ထင်တယ်။


ဒါကတော့ ပေါက်စီအတွက်အစာသွပ်ဖို့ အသားကိုရောထားပုံပါ။ မှန်းပေါက်စီအတွက်ဆိုရင် ကြက်ဥ ကိုပြုတ်ပြီးဓါးနဲ့အစိတ်လေးတွေခွဲပြီး ဒီအစာသွပ်နဲ့အတူထည့်နော်။

ဒါကတော့ ဂျုံကိုပြားအောင်လုပ်ဖို့ သစ်သားကရိယာပါ။ ဒီဂျုံပြားတွေဟာ ပေါက်စီအတွက် မဟုတ်ဖူး နော်။ ဒမ်းပလိန်းဖက်ထုပ်အတွက်ပါ။ပေါက်စီအတွက်ဆိုရင် ဒီထက်ကြီးကြီးလေးလုပ်ရပါမယ်။


ကဲ ပေါင်းထားပြီးပါပြီိ။သုံးဆောင်သွားကြပါရှင်။ အားမနာနဲ့နော်၊ နိုက်စားကြပါနော်။ အော်မေ့နေတယ် ပေါက်စီနဲ့စားဖို့ ခရမ်းချဉ်သီးဆော့ကို လေ။ မထူးပါဘူး အိမ်ကပဲသယ်ခဲ့နော်။


ဒါကတော့ ၀က်သားပေါင်းပါ။ စိတ်ကူးရှိတိုင်းလျှောက်လုပ်ထားတာပါ။ စားကြည့်နော်၊ တကယ် ကောင်းတယ်။ မယုံမရှိနဲ့သိလား။

ဒါကတော့ ဒမ်းပလိန်း ဖက်ထုပ်ပေါင်းပါ။
ကြော်ပြီးစားလည်းရတယ်။ ကြိုက်ရင်ပြောအုံးနော်။ ကြော်ကျွေးအုံးမှာ။

ကဲ အားလုံးကို ပေါက်စီလုပ်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်။
လုပ်စားဖြစ်ရင်လည်း မေ့မထားနဲ့အုံးနော်။ ပေါက်စီစားဖိတ်ဖို့ပါ။
လိုအပ်တာရှိရင်လည်း ထပ်မေးလို့ရပါတယ်။ စီပုံးမှာအော်ထားရင်လည်းရပါတယ်နော်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

Saturday, January 2, 2010

သားလေးတစ်နှစ်ပြည့်မွေးနေ့ပွဲလေး

ချစ်သားလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာကျင်းပဖြစ်ခဲ့တယ်။
အရမ်းကိုပျော်စရာကောင်းတယ်။..သူငယ်ချင်းတွေလည်းစုံလို့လေ။
သူငယ်ချင်းတွေကပြောတယ်......သားလေးရဲ့အပြုံးက စွဲမက်စရာကောင်းတယ်တဲ့။
ဟုတ်တယ်..အဲဒါဂျာမုန်းလည်းထောက်ခံတယ်..သားလေးပြုံးလိုက်ရင်သိပ်ချစ်စရားကောင်းတယ်။
ဟော်.တွေ့လား..အခုလည်း..ဘလော့ဝ်ထဲကသူငယ်ချင်းတွေအားလုံးကို..အပြုံးနဲ့ကြိုဆိုနေတာလေ။


''သားသားမွေးနေ့ကိုလာရောက်အားပေးကြတဲ့ ဦးဒေါ်ဒေါ်တို့အားလုံးကို.. သားသားဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်ဗျာ။မွေးနေ့ကိတ်ကို အ၀ကြိတ်သွားကြဖို့ မှာလိုက်ပါရစေဗျာ။''
ကဲ..ဦးဦးဒေါ်ဒေါ်တို့ရေ.....ကြွားလိုက်ပါရစေနော်။
ဒီကားလေးက..Frankfurtမှာနေတဲ့ သားသားရဲ့ဒုတိယဦးဦးက၀ယ်ပေးတာပါ။
စီးချင်တဲ့သူလက်ညိုးထောင်နော်....ဟီး။ နောက်ကတွန်းပေးဖို့လေ...ဟီး..ဟီး။

ဒီကိတ်လေးက..သိပ်အရသာရှိတာ။..စားသွားနော်။
ဒီကိတ်လေးကို..Holland ကဘကြီးဝယ်ပေးတာနော်။


ဟား...ဟား..ဟား.....သိပ်စီးလို့ကောင်းတယ်ကွ။ စီးချင်ရင်နောက်ကလိုက်ဟေ့။
သားကဆက်စီးအုံးမယ်...တ့တာ..။

အခုတော့..မောသွားပြီ..အိပ်တော့မယ်။

သားလေးက..စာဖတ်ဝါသနာပါတယ်လေ။ စာအုပ်ကိုတွေ့ရင်...လက်ညိုးထိုပြီးအော်တတ်တယ်။
စာအုပ်ကိုတောင်လှန်တတ်နေပြီလေ။

ဒီလူပျိုလေးက..ရှက်စရာ။
ခုထိ..နို့သီးကောင်းလေးနဲ့ပါ။


ကဲ...ဒါက..သားလေးရဲ့မွေးနေ့အစားအစာတွေပါ။..မွေးမိခင်မေမေက..ချက်ပေးတာပါ။
အားရပါးရ သုံးဆောင်သွားကြပါဗျာ။အားနာနဲ့နော်။

ဟော်ဒါလေးက..မွေးနေ့လက်ဆောင်တွေပါ။အားလုံးက..သားအကြိုက်တွေပါ။

ဒါလေးက..သားသားမာမီ..ကိုယ်တိုင်ထိုးပေးတဲ့မွေးနေ့လက်ဆောင်ပါ။
လှတယ်နော်။

ကဲ...အားလုံးကို..သားသားနုတ်ဆက်လိုက်တယ်နော်။
နောက်မှပြန်တွေ့ကြမယ်နော်။သားကိုမေ့မသွားကြနဲ့အုံးနော်။
ပျော်ရွင်တဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ သားသားဆုတောင်းလိုက်တယ်။
အားလုံးကို ဘုရာရှင်ကောင်းကြီးပေးပါစေဗျာ။
မေမေဂျာမုန်းဒန်နှင့် သားသား
Type rest of post here