ဘ၀ကိုသတိရစေတဲ့ဟင်းဟုဆိုလိုက်တာနဲ့”OneKiss”လို့ခေါ်တဲ့လယ်တောထဲကကောက်ပြီးချက်တဲ့
ခရုဟင်းကိုသတိရမိတယ်။ခရုဟင်းမစားခင်မှာအိမ်းသားတွေကိုမေးခွန်းလေးတစ်ခုအမြဲမေးဖြစ်တာကိုသတိရမိတယ်။ အဲဒီမေးခွန်းက”မစားခင်လဲခွက်အပြည့်၊စားပြီးတော့လဲခွက်အပြည့်ပဲဆိုတဲ့ဟင်းခွက်ကဘာလဲ……”တဲ့။
အိမ်သားတွေကခရုဟင်းချက်ထားတော့သဘောပေါက်လွယ်ကြတယ်လေ။ အဖြေကတော့ ခရုဟင်းပဲပေါ့။
ခရုဟင်းကိုစားပြိုင်မယ်ဆိုရင်ဂျာမုန်းဒန်ကပထမရမယ်သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ခရုဟင်းစားနည်း၊စုတ်နည်းကိုကောင်းကောင်းသိထားလို့ပဲ။ ဘယ်လိုစားရမလဲဆိုတော့ One Kiss ကိုအသုံးပြုရုံပဲပေါ့။ တခါတည်းခရုပါးစပ်ကိုအလုံပိတ်ပြီး တစ်ချက်ပဲ One Kiss လုပ်လိုက်တယ်။ အထဲကအသားတွေအားလုံးထွက်လာပြီလေ။ဒါဘာပဲဘာမှမခက်ဘူး….မယုံရင်စမ်းကြည့်လိုက်နော်။
ခရုကိုမချက်ခင်မှာခရုဖင်ကိုရှည်ရှည်ခုတ်မှသာ…Onekiss...လုပ်လို့လွယ်တယ်။ ခရုဟင်းကိုဂျာမုန်းကောင်းကောင်းချက်တတ်တယ်။ဆန်လော်လေးနဲ့ချက်ရင်လည်းကောင်းတယ်၊ အဲဒီထဲမှာမျှစ်ခြင်လေးပါထည့်ပြီးချက်ရင်ဘယ်လောက်ကောင်းသလဲဆိုတော့ ကိုယ့်နာမည်ပါမေ့သွားလောက်အောင်ပဲလေ။ တကယ်ပြောတာ။
ဂျာမုန်းကမိရိုးဖလာကိုလက်ခံတဲ့တောသူမလေးတစ်ယောက်ပါ။ ဒါကြောင့် တောကဟင်းဆိုအာလုံးကြိုက်တယ်။ ကိုယ်တိုင်လယ်တောဆင်းပြီး ခရုတွေလိုက်ကောက်တယ်။သူငယ်ချင်းတွေနဲ့မြင်းခွာရွက်တွေရှာထွက်တယ်။ ပြီးတော့ဒါတွေကိုဈေးမှာရောင်းတတ်သေးတယ်။ရောင်းလို့ရတဲ့ပိုက်ဆံကိုစုဘူးဝယ်ပြီးစုထားတတ်သေးတယ်။ အဲဒါတွေကြောင့်ဂျာမုန်းကိုမေမေကအရမ်းချစ်တယ်လေ။မေမေ့အချစ်ဆုံးသမီးလေးပေါ့။ မေမေကချစ်စရာနာမည်လေးတစ်ခုပေးထားတယ်အဲဒါကဇိုင်းဝါးဘာသာစကားလို (Ma Kyet) မာကေရပ် တဲ့။ အဓိပ္ပါယ်ကတော့ (အလိမ်မှာတုံးလေး) တဲ့လေ။ ဂျာမုန်းတို့မောင်နှမတွေအားလုံး ၈ ယောက်ပါ။ မိန်းကလေး ၃ယောက် ယောင်္ကျားလေး ၅ယောက်လေ။ ဂျာမုန်းက ရ ယောက်မြောက်သမီးပါ။ ဂျာမုန်းက မိန်းကလေးထဲမှာ အငယ်ဆုံးသမီးပေါ့။
နောက်သူငယ်ချင်းတစ်စုနဲ့ထင်းရှာထွက်၊ငါးမျှားလည်းမကြာခဏကိုထွက်ဖြစ်တယ်။ အဲဒီအချိန်တုံးကဆိုဂျာမုန်းရှစ်နှစ်ကိုးနှစ်အရွယ်ပဲရိုသေးတယ်ထင်တယ်။ ထင်းရှာထွက်ဆိုလို့ပြောရအုံးမယ်။ငယ်ငယ်တုံးကအိမ်နားကဂျာမနီသစ်ပင်တောတွေမှာ ဂျာမနီထင်းလေးတွေရှာခဲ့တာမှတ်မိသေးတယ်။လက်စတတ်တော့ဂျာမနီမှာနေရမှာမို့လို့ထင်တယ်။ ဂျာမနီရောက်တော့ငယ်ငယ်ကထင်းခုတ်ခဲ့တဲ့ဂျာမနီပင်ကိုရှာကြည့်သေးတယ်၊တပင်မှကိုရှာလို့မတွေဘူး။.
.ဒါတွေပြန်တွေးပြီးတယောက်ထဲခိုးရယ်နေမိတာအမှန်ပါ။ဂျာမနီရွက်ဆိုပြီးဘယ်သူများရှာကျန်မဲ့ထားကြသလဲပေါ့။
ဒီတခုလဲ မပြောမဖြစ်ပဲ။ ဘ၀ကိုသတိရစေတဲ့အစားအသောက်ဆိုဒါလဲပါသေးတယ်။
”တောသားမြို့ရောက်ဖာလူဒါသောက်”ဆိုတာလည်းအင်မတန်မှန်ပါပေတယ်။ ငယ်ငယ်ကဂျာမုန်းဒန်မြို့ကိုသွားပြီဆိုရင်ဖာလူဒါလေးမသောက်လိုက်ရရင် မေမေ့ကိုစကားမပြောတော့ပဲစိတ်ကောက်တယ်။မေမေကအကြောင်းသိတော့”ဟေ့သမီး …..သမီးလေးဖာလူဒါသောက်ချင်လို့လား…”လို့မေးလာတော့မှ မျက်နာလေးကရွှင်လာသတဲ့လေ။
ဒီပုံလေးက ကိုယ်တိုင်ချက်ထားတာမဟုတ်ဘူးနော်။ Internet က ဒေါင်းလုပ်ထားတာပါ။ တို့ဆီမှာမရှိလို့ မချက်ကျွေးတာနော်။ ရှိရင်တော့ပြောစရာကိုမလိုဘူး။ ဂျာမုန်း ချက်စားရင်ဒီလိုမဟုတ်ဘူး။ ဆန်လော်ပြီး မျှစ်ခြင်လေးနဲ့ ဆီသပ်ပြီးချက်တယ်။ ဒါကခရုဟင်းပါဆိုတာလေးပဲဖော်ပြတာနော်။ ကြိုက်ရင်တော့စားသွားပေါ့။
ဒါကတော့ ခရုဖင်ကို ရှည်ရှည်လေးဖြတ်ထားပုံပါ။ ဒီလိုဖြတ်မှ One Kiss လုပ်လိုလွယ်တယ်လေ။ကဲ….ဒီလောက်ဆိုကျေနပ်လောက်ပြီထင်တယ်…..လင်းကြယ်ဖြူရေ။ ဘ၀ကိုသတိရစေတဲ့အကြောင်းလေးတွေဝေမျှ ခွင့်ပေးတဲ့ Tag Post လေးအတွက် စာရေးဆရာကြီး လင်းကြယ်ဖြူကို အရမ်းပဲကျေးဇူတင်ပါတယ်။ ငယ်ဘ၀ကိုစမြုတ်ပြန်ရတာ အင်မတန်ပျော်စရကောင်းတယ်။ ငယ်ကျိုးငယ်နာကို စမြုတ်ပြန်မယ်ဆိုရင် အများကြီးပါ။ အများကြီးရေးရင်အများကြီးပေါ်သွားမှာဆိုးလို့ ဒီလောက်နဲ့ပဲဂျာမုန်းဒန်ချစ်တဲ့ဘလော့သူငယ်ချင်းများအားလုံးကိုတင်ပြလိုက်ပါတယ်ရှင်။
စာကိုစိတ်ရှည်ရှည်ဖတ်ပြီး…..ကော့မင့်ပေးကြတဲ့သူငယ်ချင်းအားလုံးကိုလဲအထူးပင်ကျေးဇူးတင်တယ်ရှင်။
ွှစားလုံးပေါင်းအမှားရှိရင်ခွင့်လွတ်ကြပါ။
အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေလို့
ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
ွှစားလုံးပေါင်းအမှားရှိရင်ခွင့်လွတ်ကြပါ။
အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေလို့
ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here























