Wednesday, January 13, 2010

မိသားစုထမင်းဝိုင်းလေး


ဂျာမုန်းဒန်မိသားစုထမင်းဝိုင်းလေးမှာ မိတ်ဆွေများကိုလည်း အတူလာစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဟင်းတွေလည်ုးစုံလို့ပါရှင်။ ကြိုက်တာထည့်စားနော်။
မိသားစုထမင်းဝိုင်းလေးမှာ နေ့တိုင်းလာစားချင်သူအတွက် နေ့တိုင်းကိုချက်ကျွေးအုံးမှာ။ ချက်ကျွေးချင်တဲ့ဆန္ဒကတော့ ဂျာမုန်းမှာအပြည့်ပဲနော်။ အမြဲလာစားဖို့ပဲလိုတယ်ရှင့်။
ကဲ....ပြောနေရင်ကြာတယ်ကွာ.....ထမင်းဝိုင်းထဲဝင်ထိုင်ကြစို့လား။

ကဲ....ဒါကတော့ ကြက်သားနဲ့မှိုသုန်ပေါင်းပါရှင်။ ၀ါးမျှစ်လေးပါထည့်ထားသေးတယ်။ စားသွားနော်။

ကဲ...မိသားစုထမင်းဝိုင်းလေးပြင်ဆင်ပြီးပါပြီ။ စားကြမယ်ဟေ့ကောင်းကောင်းနော်။

ဒါကတော့ ထောပတ်ထမင်းကြော်ပါ။ ပဲရစ်မှာစားခဲ့တဲ့ထမင်းကြော်အတိုင်းကြော်ထားတာပါ။ စားကြည့်နော်။ ကြိုက်မှာပါ။

ဒါကတော့ အထူးစပါယ်ရှယ် ကြက်သားဘဲဥ မတ်စလာချက်ပါရှင်။ ရှယ်ပဲနော်။ အ၀ကိုစားကြပါရှင်။

ဒါကတော့ ကချင်အားတိုးဆေးကြီးဖြစ်တဲ့ ကြက်သားစွပ်ပါရှင်။ ဂျာမုန်းတို့ ငယ်ငယ်တုန်းက ဖျားပြီးနေကောင်း ခါစမှာ မေမေက ဒီလိုအားရှိအောင် ပေါင်းကျွေးလေ့ရှိတယ်။ မယုံမရှိနဲ့နော်..တကယ့်အားတိုးဆေးကြီးပါ။ ချဉ်စော်ကားသီးချောက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ဆား နဲ့ ဆနွမ်းမှုန့်လေးနည်းနည်းထည့်ပြီးပေါင်းထားတာပါပဲ။ ကြက်သားနူးသွားရင် ငရုတ်ကောင်းလေးဖြူးပြီးသောက်နော်။

ဒါကတော့ ၀က်သားမှိုခြောက်အချိုချက်ပါ။
ဝက်သားလေးက နူးအိနေတာပဲ။ နိုက်စားသွားကြပါရှင်။ အားမနာကြနဲ့သိလား။

ဒါကတော့ အမဲအူကို နူးအောင်ပြုတ်ပြီး သုပ်ထားတာပါ။ ငရုတ်သီးစပ်စပ်လေးနော်။ ချဉ်ငံစပ်ပေါ့။ အစပ်ကြိုက်သူအတွက်ကတော့ လျှာလည်သွားစေရမယ်...ဟဲ..ဟဲ။

ဒါကတော့ မုန်ညှင်းချဉ်ကြော်ပါရှင်။ ဂျာမုန်းကိုယ်တိုင်လုပ်တဲ့မုန်ညှင်းချဉ်ပေါ့။ မြည်းကြည့်ပါအုံးလား။

ကဲ..ဒီနေ့ထမင်းဝိုင်းလေး စားမိန်ရဲ့လား...ပြောကြပါအုံးနော်။
နောက်နေ့လည်း လာစားကြဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။
အားလုံးကိုအစဉ်ကြိုဆိုလျှက်
ဂျာမုန်းဒန်(ရွှေနိုင်ငံ)

Type rest of post here

Sunday, January 10, 2010

၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီနော်



၂၀၁၀ရဲ့နှစ်သစ်မှာ ဂျာမုန်းတို့မိသားစု အမှတ်တရပေါက်စီလုပ်စားဖြစ်တယ်။ စိတ်ထဲမှာ အလိုလိုနေရင်းပေါက်စီစားချင်စိတ်တွေ ၀င်လာမိတယ်။ မြန်မာပြည်ရဲ့မန်းပေါက်စီကိုလည်း ပြေးပြီးသတိရတာပေါ့ရှင်။ဒီဂျာမနီရောက်တာ ၂နှစ်ပြည့်တော့မယ်၊ ပေါက်စီကို ဒါပထမဆုံး လုပ်စားခြင်းပါပဲ။ ဒါကြောင့် ဒီပို့စ်လေးရဲ့ ခေါင်းစဉ်ကို ၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီ လို့ အမည်ပေးရခြင်းပဲ ဖြစ်ပါတယ်။

ပေါက်စီလုပ်ရဒါ သိပ်တော့မခက်လှပါဘူး။ ဂျာမုန်း ပေါက်စီကို မလုပ်ဖူးခင်က အရမ်းခက်မယ်ထင်နေတာ လုပ်လိုက်တော့လည်း အလွယ်လေးပါ။ ပေါက်စီလိပ်နည်းကိုတော့ တရုတ်ဝပ်ဆိုက်ထဲက ကြည့်လုပ်ဒါပါ။
မိတ်ဆွေတို့ လုပ်ကြည့်ချင်တယ်ဆိုရင် ဒီမှာလင့်ထည့်ထားပေးတယ်နော်။


ပါက်စီ ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
ဂျုံ၊
သကြား၊ ပွဆေး၊ ဆီ၊ ကြက်ဥ၊ ဆား၊ ၀က်သား(သို့)ကြက်သား၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်ဟင်းမွှေးမတ်စလာ၊ဆီမွှေးအနည်းငယ် တို့လိုအပ်ပါတယ်။

ပေါက်စီပြုလုပ်နည်းအဆင့်ဆင့်
ပေါက်စီအတွက် ဂျုံကို ညကတည်းကနပ်အောင်နယ်ထားမယ်။ နယ်ထားပြီး၎နာရီလောက် ဆိုရင်လည်း ပြုလုပ်လို့ရပါတယ်။ ဂျုံတစ်ကီလိုလောက်ဆိုရင် ပွဆေး၂ထုပ်လောက်ထည့်ရပါတယ်။ ဆီအနည်းငယ်ထည့်၊ သကြားထမင်းစားဇွန်း၎ဇွန်းလောက်ထည့်၊ ဆားအနည်းငယ်ထည့်၊ ကြက်ဥ ၂လုံးဖောက်ထည့်ပြီး လက်နဲ့သမအောင်နယ်ထားရမယ်။ နယ်ထားပြီးတဲ့ဂျုံအပေါ်တွင် ပလပ်စတိတ် အိတ်ဖြင့် လုံအောင်ပိတ်ထားပါ။ နယ်ထားတဲ့ဂျုံမမာသွားအောင် ဖုံးထားပေးခြင်းဖြစ်တယ်။

အစာသွပ်ရန်အတွက်ပြင်ဆင်ကြမယ်နော်။
နုတ်နုတ်စဉ်းထားပြီးဖြစ်တဲ့ ၀က်သား(သို့)ကြက်သားကို ပန်းကန်ထဲထည့်မယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီးစိတ်စိတ်လေးတွေဖြစ်အောင်စဉ်းပြီး ထည့်မယ်။ တရုတ်ဟင်းမွှေးမတ်စလာအနည်းငယ် ထည့်၊ မုန်လာဥအနီကိုအမြောင်းလေးတွေဖြစ်အောင်ခြစ်ပြီးထည့်၊ ဆား၊အချိုမှုန့်နဲ့ ဆီမွှေးအနည်းငယ်ထည့်ပြီး နယ်ထားမယ်။ကြက်ဥကိုခေါက်ပြီးကြော်ထည့်။ ပြီးတော့ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး သမအောင်နယ်ပေးမယ်။ ပြီးတော့ အပေါ့အငံမြည်းကြည့်ပြီး ပေါက်စီစလုပ်လို့ရပါပြီ။ မန်းပေါက်စီအတွက် ကြက်ဥပြုတ်ထားမယ်နော်။ ပြုတ်ပြီးရင်အခွံနွာပြီး ဓါးနဲ့အစိတ်လေးတွေလုပ်ထားမယ်နော်။


ဒါကတော့ ပေါင်းထားပြီးပုံပါ။ နိုက်စားလို့လည်းရပါပြီရှင်။
ဂျာမုန်းမှာ ပေါင်းအိုးစကာမရှိလို့ ဒီပလတ်စတိတ်စကာလေးနဲ့ပဲပေါင်းရတာပါ။
စကာကတော့အဓိကမဟုတ်ပါ။ ပေါက်စီကသာ အဓိကပါနော်။ ဟုတ်တယ်ဟုတ်။

ဒါကတော့ ဂျာမုန်းသုံးတဲ့ ပွဆေးပါ။ ပွဆေးကတော့အမျိုးမျိုးရောင်းကြတယ်။
ကြိုက်တာဝယ်သုံးလို့ ရမယ်ထင်တယ်။


ဒါကတော့ ပေါက်စီအတွက်အစာသွပ်ဖို့ အသားကိုရောထားပုံပါ။ မှန်းပေါက်စီအတွက်ဆိုရင် ကြက်ဥ ကိုပြုတ်ပြီးဓါးနဲ့အစိတ်လေးတွေခွဲပြီး ဒီအစာသွပ်နဲ့အတူထည့်နော်။

ဒါကတော့ ဂျုံကိုပြားအောင်လုပ်ဖို့ သစ်သားကရိယာပါ။ ဒီဂျုံပြားတွေဟာ ပေါက်စီအတွက် မဟုတ်ဖူး နော်။ ဒမ်းပလိန်းဖက်ထုပ်အတွက်ပါ။ပေါက်စီအတွက်ဆိုရင် ဒီထက်ကြီးကြီးလေးလုပ်ရပါမယ်။


ကဲ ပေါင်းထားပြီးပါပြီိ။သုံးဆောင်သွားကြပါရှင်။ အားမနာနဲ့နော်၊ နိုက်စားကြပါနော်။ အော်မေ့နေတယ် ပေါက်စီနဲ့စားဖို့ ခရမ်းချဉ်သီးဆော့ကို လေ။ မထူးပါဘူး အိမ်ကပဲသယ်ခဲ့နော်။


ဒါကတော့ ၀က်သားပေါင်းပါ။ စိတ်ကူးရှိတိုင်းလျှောက်လုပ်ထားတာပါ။ စားကြည့်နော်၊ တကယ် ကောင်းတယ်။ မယုံမရှိနဲ့သိလား။

ဒါကတော့ ဒမ်းပလိန်း ဖက်ထုပ်ပေါင်းပါ။
ကြော်ပြီးစားလည်းရတယ်။ ကြိုက်ရင်ပြောအုံးနော်။ ကြော်ကျွေးအုံးမှာ။

ကဲ အားလုံးကို ပေါက်စီလုပ်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်။
လုပ်စားဖြစ်ရင်လည်း မေ့မထားနဲ့အုံးနော်။ ပေါက်စီစားဖိတ်ဖို့ပါ။
လိုအပ်တာရှိရင်လည်း ထပ်မေးလို့ရပါတယ်။ စီပုံးမှာအော်ထားရင်လည်းရပါတယ်နော်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

Saturday, January 2, 2010

သားလေးတစ်နှစ်ပြည့်မွေးနေ့ပွဲလေး

ချစ်သားလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာကျင်းပဖြစ်ခဲ့တယ်။
အရမ်းကိုပျော်စရာကောင်းတယ်။..သူငယ်ချင်းတွေလည်းစုံလို့လေ။
သူငယ်ချင်းတွေကပြောတယ်......သားလေးရဲ့အပြုံးက စွဲမက်စရာကောင်းတယ်တဲ့။
ဟုတ်တယ်..အဲဒါဂျာမုန်းလည်းထောက်ခံတယ်..သားလေးပြုံးလိုက်ရင်သိပ်ချစ်စရားကောင်းတယ်။
ဟော်.တွေ့လား..အခုလည်း..ဘလော့ဝ်ထဲကသူငယ်ချင်းတွေအားလုံးကို..အပြုံးနဲ့ကြိုဆိုနေတာလေ။


''သားသားမွေးနေ့ကိုလာရောက်အားပေးကြတဲ့ ဦးဒေါ်ဒေါ်တို့အားလုံးကို.. သားသားဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်ဗျာ။မွေးနေ့ကိတ်ကို အ၀ကြိတ်သွားကြဖို့ မှာလိုက်ပါရစေဗျာ။''
ကဲ..ဦးဦးဒေါ်ဒေါ်တို့ရေ.....ကြွားလိုက်ပါရစေနော်။
ဒီကားလေးက..Frankfurtမှာနေတဲ့ သားသားရဲ့ဒုတိယဦးဦးက၀ယ်ပေးတာပါ။
စီးချင်တဲ့သူလက်ညိုးထောင်နော်....ဟီး။ နောက်ကတွန်းပေးဖို့လေ...ဟီး..ဟီး။

ဒီကိတ်လေးက..သိပ်အရသာရှိတာ။..စားသွားနော်။
ဒီကိတ်လေးကို..Holland ကဘကြီးဝယ်ပေးတာနော်။


ဟား...ဟား..ဟား.....သိပ်စီးလို့ကောင်းတယ်ကွ။ စီးချင်ရင်နောက်ကလိုက်ဟေ့။
သားကဆက်စီးအုံးမယ်...တ့တာ..။

အခုတော့..မောသွားပြီ..အိပ်တော့မယ်။

သားလေးက..စာဖတ်ဝါသနာပါတယ်လေ။ စာအုပ်ကိုတွေ့ရင်...လက်ညိုးထိုပြီးအော်တတ်တယ်။
စာအုပ်ကိုတောင်လှန်တတ်နေပြီလေ။

ဒီလူပျိုလေးက..ရှက်စရာ။
ခုထိ..နို့သီးကောင်းလေးနဲ့ပါ။


ကဲ...ဒါက..သားလေးရဲ့မွေးနေ့အစားအစာတွေပါ။..မွေးမိခင်မေမေက..ချက်ပေးတာပါ။
အားရပါးရ သုံးဆောင်သွားကြပါဗျာ။အားနာနဲ့နော်။

ဟော်ဒါလေးက..မွေးနေ့လက်ဆောင်တွေပါ။အားလုံးက..သားအကြိုက်တွေပါ။

ဒါလေးက..သားသားမာမီ..ကိုယ်တိုင်ထိုးပေးတဲ့မွေးနေ့လက်ဆောင်ပါ။
လှတယ်နော်။

ကဲ...အားလုံးကို..သားသားနုတ်ဆက်လိုက်တယ်နော်။
နောက်မှပြန်တွေ့ကြမယ်နော်။သားကိုမေ့မသွားကြနဲ့အုံးနော်။
ပျော်ရွင်တဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ သားသားဆုတောင်းလိုက်တယ်။
အားလုံးကို ဘုရာရှင်ကောင်းကြီးပေးပါစေဗျာ။
မေမေဂျာမုန်းဒန်နှင့် သားသား
Type rest of post here

Wednesday, December 16, 2009

**Chrismat Ga Shagawp**


X’mas ten du wa jang,
Bumga na mare hpe bai myit mang.
X’mas hpe hkalum ai bapa htu,
Tsaw manang ni hte rau sha lu.

Chrismat ngu ai hpa rai ta,
Kabu gara hkamla ai shata,
Nang ngai yawng a myit masin hta,
Chrismat a nam chyim hpe chye mai nga.

Mari a madat mara ai lam hta,
Hkye madu Meshia a kanu tai lu sa.
Shatsam hkrum ai bungli hpe, Yosep hkap la,
Meshia a shinggyim kawa tai lu sa.

Yuda mung na Betlehem hta,
Hkye hkrang la Madu du sai da,
Hpa chyi rawng ni, kan tam lawm,
Herot Hkawhkam, ning-yun bu hkawm,
Sagu rem ni, kabu gara shiga tsun gajai bu,
Yubak kap ai anhte matu du sai da lu.

Hkristuq ngu ai madu gaw,
David a mare e, shangai sai da law.
Moi gaw, Wu shat wakang hta shangai wa,
Ya gaw, na a myit masin hta shangai mayu nga.
Hkaptau la na, jin sai kun lu,
Hkyela madu hpe hkalum na matu lu.

Madu Yesu a matsun mungga,
Tsawra myit a lam chyu tsun da.
Lamu ga apart htum du hkra,
Nanhte hte rau dinggrin nga na nga.
Dai ga hpe, ya jang anhte dum hprang,
Gawng run ai myit masin hte, kyu hpyi sit shang.

Madu a tsaw myit wa,
nye ntsa gade ram kaba,
Panglai zai bru hte pyi, shadawn n lu hkra,
Kaba la ai tsaw myit ndai,
Na kraw hta prat tup matsing da na hkrai.

X’mas hte seng ai ga hkum masum,
Dai hpe na kraw hta, bang da yang lum,
(Love) ngu ai tsaw ra myit a lam,
(Peace) ngu ai ngui pyaw simla lam,
(Joy )ngu ai Kabu gara ai lam,
Na chying kabu gara ai shiga ndai,
Ya jang, htawn tsun na anhte lit nan tai.

Prat madang shachyut,
Chyumlaika dum hprut,
Dam hkawm ai amyu gaw n tai ga lu yaw.
Dai hpe dum let , ya jang rawt sa
X’mas poi a noqkuq hta.


Ga shagawp ai wa-………
Myu tsaw shayi, Zaiwazomyi
Yawng a ntsa Wa Karai Kasang bausin nga u ga law.
Jamungdan


Thursday, November 19, 2009

ပဲရစ်မြို့သို့အလည်တစ်ခေါက်(ဒုတိယပိုင်း)


ပဲရစ်မြို့ရဲ့အကြောင်းကို..ဒုတိယပိုင်းအနေနဲ့..ထပ်ပြီးတင်ဆက်လိုက်ပါရစေရှင်။
ရေးမယ်ရေးမယ်နဲ့...မအားဘူးဖြစ်နေလို့လေ။..တနေ့တနေ့..သားလေးနဲ့အချိန်ကုန်နေရတယ်။
သူအိပ်သွားမှပဲ...ဘလော့ဝ်ထဲပြေးရတော့တယ်။..၀ါသနာကလည်းရှိသေးဆိုတော့.မလွယ်ပါဘူးရယ်။
.''မုန့်စားရင်း..လှည်းစီး..ငါးနှစ် ကောင်ဖမ်း...''ဆိုသလို..ဖြစ်နေရပြီပေါ့ကွယ်။..ဘယ်တတ်နိုင် ပါ့မလဲ..ခုချိန်မှာ..သားလေးက..မိသားစုတစ်ခုလုံးရဲ့..အာဏာရှင်ကြီးဖြစ်နေလို့ပဲလေ။
************


ညီမလေးမမိုးမေးထားတဲ့..မေးခွန်းလေးပါ။
””ဂျာမုန်းတို့ တည်းခဲ့တဲ့ ဟော်တယ်နာမည်၊ လိပ်စာနဲ့ ဈေးနှုန်းလေးပြောပေးလို့ရမလားဟင်
တဲ့။..သိပ်ပြောပြလို့ရတာပေါ့လို့။
.ဟော်တယ်နာမည်က..Royal Bastille Hotel ပါ။..တစ်ရက် တည်းခိုးစရိတ်က..ယူရို၃၀ပါရှင်။မနက်စာကိုfree ကျွေးပါတယ်။ဒီနေရာဟာ..ပဲရစ်မြို့ရဲ့အလယ် ဗဟိုမှာရှိတာကြောင့်..အရမ်းကိုအဆင်ပြေတဲ့နေရာပါ။..ရထားမှတ်တိုင်နဲ့လည်းနီးတယ်။မှတ် တိုင်နာမည်လည်း..Bastille မှတ်တိုင်မှာဆင်းလိုက်ရုံပဲနော်။..သွားဖြစ်ရင်တော့..ဒီဟိုတယ်ဟာ အကောင်းဆုံးဖြစ်မှာပါ။ဈေးနှုန်းလည်းသက်တာတယ်လေ။..ဖုန်းနံပါတ်ကိုမေ့သွားလို့.နော်။
Hotel မြေပုံအသေးစိတ်နဲ့အကြောင်းအရာတွေသိလိုပါက...ဒီနေရာလေးကို.၀င်.ကြည့်နော်။

ပဲရစ်မြို့ရဲ့..ရထားမှတ်တိုင်အကြောင်း
ပဲရစ်မြို့မှာ..ခရီးသွားရတာသိပ်အဆင်ပြေတယ်။လမ်းများများလျှောက်စရာမလိုဘူး။မြေပုံတစ်ခုကိုင် ပြီးသွားချင်တဲ့နေရာဆီ..ရထားစီးပြီးသွားလိုက်ရုံပဲ။ရထားကလည်းအချိန်အကြာကြီးစောင့်ဖို့မလိုဘူး။ ၃မိနစ်ဆိုတခါဆိုက်တယ်။.ရထားရဲ့ဝင်ပေါက်ထွက်ပေါက်ထိပ်တိုင်းမှာ..မှတ်တိုင်နာမည်နဲ့..မီးရောင်
ကို..သင်္ကေတအဖြစ်..ပြုလုပ်ထားကြတယ်။နောက်ပြီး..မိုက်နဲ့လည်းကြော်ငြာပေးသေးတယ်။
နာမည်ကြီးတဲ့နေရာတိုင်းမှာ..မှတ်တိုင်ထားပေးတယ်...ရထားစီးပြီးသွားလိုက်ရုံပဲ။.
တနေ့လုံးအတွက်
Day ticket ကိုတစ်ယောက်..၆ယူရိုကျတယ်။
ရထားဘူတာကလည်း..ဟိုရှေးခေတ်ကအတိုင်းပဲ။
မူလလက်ဟောင်းကို..မပျောက်အောင်ထိန်းသိမ်းထားကြတယ်လေ။..မြေအောက်ဆင်းတာတောင် သုံးဆင့်လောက်ဓါတ်လှေခါးနဲ့အရင်ဆင်းပြီးတော့..ရထားစီးရတယ်။ကိုယ်ရောက်ချင်တဲ့နေရာမှာ ဆင်းပြီး..ညွှန်ပြထားတဲ့မျှားအတိုင်းအပေါ်ဆုံးထိတက်သွားလိုက်ရင်..ရောက်ရောပဲ။
ဂျာမုန်း..အီတလီသွားလည်တုန်းကနဲ့နိုင်းယှဉ်ကြည့်ရင်...အရမ်းကိုကွာနေတာတွေ့ရတယ်။
အီတလီမှာဆိုရင်..ရထားလမ်းကသိပ်အဆင်မပြေဘူး။..တနေရာနဲ့တနေရာရောက်ဖို့..အဝေးကြီးလှမ်း လျှောက်ရတယ်။....အရမ်းကိုမောပြီး..ပင်ပန်းလိုက်တာလို့ခံစားရလို့ပါ။

ရောက်ခဲ့တဲ့နေရာအချို့တွေပါ။
ဒါက..SACRE-COEUR လို့ခေါ်တဲ့...တောင်ထိပ်ဘုရားကျောင်းတော်ကြီးတစ်ခုပါ။ဒီဘုရားကျောင်း ပေါ်ကနေကြည့်လိုက်ရင်..ပဲရစ်မြို့တစ်ခုလုံးကို..ကွင်းကွင်းကွက်ကွက်မြင်နိုင်ပါတယ်။..ဂျာမုန်းဒီ တောင်ပေါ်ရောက်တော့...ဓါတ်ပုံကိုပဲ..အာရုံစိုက်နေရလို့...ရှုခင်းကြီးပဲမရိုက်ခဲ့ရဘူး။..တောင်ပေါ်က နေဆင်းလာတဲ့လမ်းတစ်လျှောက်လုံးမှာတော့...လက်ဆောင်ဝယ်ဖို့..ဆိုင်တန်းတွေအများကြီးပဲ။
ဂျာမုန်းတောင်.ပုဝါလေးတစ်ခု၊.တာဝါတိုင်နာရီလေးတစ်ခုဝယ်ခဲ့သေးတယ်။ကြွားပြန်ပြီ။


ဒါကို...ARCH OF TRIUMPH လို့ခေါ်တယ်။ ဒီနေရာလေးဟာ..ပဲရစ်မြို့ရဲ့အလှကိုပေါ်လွင်စေတဲ့ ၀င်ပေါက်တစ်ခုဖြစ်သလို..ဒီဝင်ပေါက်တည့်တည့်ကနေကြည့်လိုက်ရင်...ဟိုအဝေးကလန်းမြင်နေရ
တဲ့ရှုခင်းလေးကလည်း..ဘယ်ပန်းချီမရေှးဖွဲ့လို့မမီနိုင်ဘူး။နောက်တစ်ခုက..ဒီဝင်ပေါက်ကြီး အရှေ့တည့်တည့်မှာရှိတဲ့လမ်းပေါ်ကဆိုင်တွေဟာ..ပဲရစ်မြို့ရဲ့ဈေးအကြီးဆုံးဆိုင်တန်းဆိုပြီးနာမည် ကြီးသေးတာ။.ပစ္စည်းတော့ကောင်းတယ်..ဈေးကလည်း မနည်းဘူးတဲ့လေ။ဂျာမုန်းတော့.ပစ္စည်း တော့မ၀ယ်ဘူး..ဓါတ်ပုံတော့ရိုက်ခဲ့တယ်။


ဒီအောက်မှာတွေ့ရတဲ့ပုံလေးပုံဟာ..ပဲရစ်ရဲ့အစွန်ဆုံးမှာရှိတဲ့မြို့သစ်လေးပါ။
အခုချိန်မှာ..ကောင်းတ
ထက်ကောင်းအောင်အဆောက်အဦးတွေတိုးချဲ့ဆောက်လုပ်နေဆဲလို့သိရ
တယ်။တိုက်တွေကို ကြည့်လိုက်ရင်..အဆုံးကိုတောင်မမြင်နိုင်အောင်မြင့်မားလွန်းတယ်။
..ကြည့်ပါလား..Camera မှာတောင်ဆန့်အောင်မရိုက်ခဲ့ရဘူး။ ဒီနေရာက ..ပဲရစ်မြို့နဲ့တော့. .အနည်းငယ်ဝေးတယ်..ရထားမှတ်တိုင်ကိုကြည့်လိုက်ရင်..အစွန်ဆုံးမှတ်တိုင်အထိစီးရတယ်။..


ဒါကို..Bords de Seine လို့ခေါ်ကြတယ်။

ဒါကို.The Villette လို့ခေါ်တယ်တဲ့။

ဒါကတော့...The ''Grande Arche'' လို့ခေါ်တယ်တဲ့။

ဒါကတော့..အဲဒီမြို့သစ်နားမှာရှိတဲ့ရေကန်လေးပေါ့။

ဒီအောက်ကပုံတွေကတော့..ပဲရစ်မြိျု့မှာ..Disneyland..ဆိုပြီးထင်ရှားတဲ့နာမည်အကြီးဆုံးကစား
ကွင်းကြီးတစ်ခုပါ။ပဲရစ်ကိုလာလည်ကြတဲ့.တိုးရစ်တွေအများဆုံးလည်ဖြစ်တဲ့နေရာတစ်ခုပါ။ဒီကစား ကိုသွားမယ်ဆိုရင်..၆ယူရိုတန်လက်မှတ်တစ်ခုထပ်ဝယ်ရသေးတယ်။ဒါတောင်..ကြည့်ရုံသက်သက်ပဲ။
အထဲဝင်ပြီးကစားဖို့ဆိုရင်...တစ်ယောက်ကိုဝင်းကြေး..၃၂ယူရိုထပ်ပေးရသေးတယ်။ဒါတောင်ကိုပိုင် ကဒ်ရှိပြီးသားလူမှနော်။ဒီကစားကွင်းကို..တကယ်တန်းတာလည်မယ်ဆိုရင်..တစ်ရက်တော့အချိန် ပေးရတယ်တဲ့။ဂျာမုန်းတို့သွားတုန်းက..မိုးအရမ်းရွာတယ်လေ..ကလေးနဲ့ဆိုတော့..မလွယ်ဘူး။
မက်ဒေါ်နာဆိုင်မှာ..ကော်ဖီဝင်သောက်၊ဗိုက်ဖြည့်ပြီး...ဟိုကြည့်ဒီကြည့်လုပ်ပြီး..ပြန်လာခဲ့ရတယ်။

ဒါကတော့..Disneyland..ဘူတာကြီးရောက်တာနဲ့..အရင်ဦးဆုံးမြင်လိုက်ရတဲ့..၀င်ပေါက်ပါ။
ဒီထဲမှာတော့..၀င်ကြည့်လို့ရတယ်။အထဲမှာ...အမှတ်တရပစ္စည်းအရောင်းဆိုင်တွေအများကြီးပဲ။
ဂျာမုန်းတောင်..သားလေးအတွက်..ဦးထုပ်တစ်ခုဝယ်ပေးသေးတယ်။ဈေးကတော့..အရမ်းကြီးတယ်။
အထဲမှာဆိုတော့လေ။..

ဒါကတော့..အမှန်အကန်ကစားတော့မယ်ဆိုသူတို့အတွက်...ဒီကနေလက်မှတ်ဝယ်ပြီး..အထဲကို ၀င်ကြတာပါ။အထဲရောက်ရင်..တနေကုန်.ကြိုက်တာကစားပဲ။


မှိုဆိုတာကို..အလှကြည့်ဖို့ပြုလုပ်ထားကြတာ။...ဒီမှိုတစ်ပင်ဆိုရင်လူတစ်ယောက်ရဲ့အရပ်၂ရပ်
လောက်တော့ရှိ မယ်ထင်တယ်။ဒီနေရာမှာ..ဓါတ်ပုံတော့ရှယ်ရိုက်ခဲ့တယ်။

တွေ့လား..သားကိုဝယ်ပေးလိုက်တဲ့ဦးထုပ်ဆိုတာလေ။..တစ်ခုကို၁၅ယူရိုပေးခဲ့တယ်။ဘေးနားက ကောင်းမလေးက..သားလေးသူငယ်ချင်းလေ။မိသားစုနှစ်စုနဲ့ကိုချီတက်ကြတာပေါ့။

ဒါက..Hollywood..တဲ့။
ဒါက..ကစားကွင်းထဲက..ရုပ်ရှင်ရုံပါ။
ဒီမှာလေ..ကစားကွင်းထဲက...မက်ဒေါ်နာဆိုင်ကြီးပေါ့။ဒီထဲမှာ..အ၀ကြိတ်ခဲ့သေးတယ်။EUနိုင်ငံမှာ်..မက်ဒေါ်နာဆိုင်ဟာ..ဈေးနုန်းအသက်သာဆုံးပဲ။နေရာတိုင်းမှာလည်းဖွင့်လင့်ထားကြတယ်။
ဒါကြောင့်..ဂျာမုန်းတို့အကြိုက်..မက်ဒေါ်နာဆိုင်မှာခိုက်ပဲ။
Disneyland အကြောင်းကိုဒီမှာပဲအဆုံးတတ်လိုက်တယ်နော်။


ဒီပုံကတော့...ရှေးဟောင်းရဲတိုက်ကြီးတစ်ခုပါ။ဒါကို...Chateau de Vincennes လို့ခေါ်တယ်တဲ့။
ပြင်သစ်နာမည်ဖြစ်မယ်ထင်တယ်။ဒီထဲမှာဝင်လိုက်တာနဲ့..ကိုယ်တိုင်ဘုရင်မကြီးလို့တောင်ထင်မိ
တယ်။ အရှေ့၊အနောက်၊တောင်၊မြောက်ကိုကြည့်လိုက်တာနဲ့..အုပ်မြို့ရိုးလေးခုနဲ့...၀န်းရံ ထားတာဆိုတော့လေ။..တကယ့်ရှေးဟောင်းရဲတိုက်ကြီးပါ။..အထဲမှာ..အင်မတန်လှပတဲ့ဘုရား
ကျောင်းလည်း ရှိသေးတယ်။..


ဒါပေါ့..လှပတဲ့ဘုရားကျောင်းဆိုတာလေ။

ဒါကတော့..Notre-Dame...လို့ခေါ်တဲ့ဘုရားကျောင်းတော်ကြီးပါ။.တော်တော်လက်ရာမြောက်တဲ့ အဆောက်အဦးပဲ။အ၀င်ဝတိုင်းမှာလည်း..ရုပ်တုမြောက်များစွာပါရှိတယ်။
.ဒီနေရာကို.ဂျာမုန်းတို့လမ်းလျှောက်သွားကြတယ်လေ။

ဒါကတော့...လမ်းတစ်လျှောက်ဖြတ်သွားရင်..တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ။ခွေးလေးနှစ်ကောင် ကိုရင်ခွင်ထဲမှာပိုက်ပြီး..အတူအိပ်နေရှာတယ်။..ဂျာမုန်းက..ဟာတယ်ထူဆန်းပါလား။..ဒီလူကြီးမနိုး သေးခင်ဓါတ်ပုံရိုက်လိုက်မှ.ဆိုပြီး..နှစ်ပုံလောက်ရိုက်လိုက်တယ်။..အိမ်ရောက်မှာ..သူ့နှဘေးမှာထား ထားတဲ့စာဒါးကိုဖတ်လိုက်တော့..ဓါတ်ပုံတစ်ပုံရိုက်ရင်..ပိုက်ဆံပေးဖို့ရေးထားတဲ့စားဖြစ်နေတယ်။
လက်စတတ်တော့...အိပ်နေတာမဟုတ်...တောင်းစားတဲ့သူဖြစ်နေတယ်လေ။..


ဒါကတော့..Tomb of Napoleon ပြတိုက်ကြီးပါ။..နပိုလီယမ်ကိုမြုတ်နှံထားတဲ့ပြတိုက်ကြီးတဲ့။
ဒီပြတိုက်ကြီးကို...တနင်္လာနေ့တိုင်းပိတ်တယ်။..ဂျာမုန်းတို့ရောက်သွားတော့..ပိတ်တဲ့နေ့ဖြစ်နေလို့ အထဲမ၀င်ခဲ့ရဘူး။

ဒါက..နပိုလီယမ်ပြတိုက်ကြီးရဲ့..အ၀င်ပေါက်ပါ။ဒီရွှေရောင်တွေဟာ.တကယ့်အစစ်အမှန်လို့ပြောကြ တယ်။..ရောက်တုန်းရောက်ခိုက်ဆိုပြီး..ဓါတ်ပုံရိုက်ပြီးပဲ..ပြန်လာခဲ့ရတယ်။

ဒီအောက်မှာပြထားတဲ့ပုံအားလုံးကို..Pont Alexandre 3 လို့ခေါ်တယ်တဲ့။


အလည်မှာမြင်နေရတဲ့တာဝါတိုင်က..ပထမပိုင်းမှာပြထားပြီးဖြစ်တဲ့..Eiffel Tower တိုင်ကြီးပေါ့။

ဒီတံတားပေါ်ကနေကြည့်လိုက်ရင်...ကိုယ်သွားခဲ့၊လည်ခဲ့တဲ့နေရာတွေ..အားလုံးကိုပြန်တွေ့ရတယ်။
ဒီတံတားပေါ်မှာရှိတဲ့နံရံ၊အုပ်တံတိုင်းတွေဟာ..တကယ့်ကိုလက်ရာမြောက်တယ်။ဒီပုံက..တံတားပေါ်
ကနေမြင်ရတဲ့ရှုခင်းပါ။


ဒီပုံကတော့..တံတားအောက်ကနေမြင်ရတဲ့ရှုခင်းပုံပါ။..မြို့ပတ်သင်္ဘောဆီးပြီးလည်ပတ်လို့လည်း ရတယ်။မြို့ပတ်သင်္ဘောစီးနုန်းက..တစ်ယောက်ကိုယူရို၁၅ပေးရတယ်။

ဒီတံတားပေါ်မှာ..ဒီလိုသစ်သားနဲ့ပြုလုပ်ထားတဲ့..လက်ရာမြောက်တဲ့မြင်ကွင်းတွေအများကြီးကို တွေ့ရတယ်။

ဂျာမုန်းရိုက်လာတဲ့..ပုံတွေကတော့အများကြီးပါ။ဒါပေမယ့်..ဒီလောက်ဆို..ကျေနပ်လောက်ပါပြီနော။
သွားလည်ဖြစ်တဲ့သူရှိရင်လည်း...အကြောင်းကြားစေချင်တယ်ကွယ်။လိုအပ်တာရှိရင်..ဂျာမုန်းကို အချိန်မရွေးမေးလို့ရပါတယ်။လာရောက်အားပေးကြတဲ့..ချစ်တဲ့ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးတင်တယ်။

ဒီဘလော့ဝ်လေးဟာ..ကျမဘ၀၊ ကျမရဲ့ဒိုင်ယာရီလေးတစ်ခုပါ။
ဘလော့ရေးနေချိန်မှာ..ပင်ပန်းသည် မရှိ၊ မောပန်းသည်မရှိ၊ အိပ်ရေးပျက်သည်မရှိပါ။ နောက်ပြီး.မိတ်ဆွေများရေးပေးလိုက်တဲ့..ကောမင့်စာဒါးလေးကလည်း ကျမဘ၀ရဲ့..အပြင်းပြဆုံး မျော်လင့်ချက်တစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့.ကျမရဲ့ဒိုင်ယာရီလေးကို..အတူဖန်တီးရေးသား
ပေးတဲ့သူအဖြစ်တတ်မှတ်လို့ပဲလေ။ကျေးဇူးလည်းတင်မိတယ်။
အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်

Type rest of post here