Friday, September 17, 2010

စံပြုထိုက်တဲ့အိမ်ထောင်ရေးးးးးးးးးးးးးတဲ့.




ချစ်သူငယ်ချင်းတို့ရေ........။
စံပြုထိုက်တဲ့အိမ်ထောင်ရေးးးးးးးးးးးးးတဲ့.........သူငယ်ချင်းတို့ အမှတ်ဘယ်လောက်ရမလဲ တွက်ကြည့်နော် ;)

1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား
နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။ ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့် ချစ်သူက
ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။


No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။ ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင် အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့ တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့) နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်) သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့) လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့.....။

ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ မေးလ်ပို့စ်လေးပါ။ ချစ်စရာကောင်းတဲ့ပို့စ်လေးမို့ ပြန်ပြီးဝေငလိုက်တာပါ။

လာရောက်အားပေးသူအားလုံးကို ကျေးဇူးတင်လျှက်
ဂျာမုန်းဒန်

Monday, August 2, 2010

ချစ်စရာ့မြန်မာအစားအစာ (28) မျိုးနော်



ကျန်းမာဖို့အတွက် အစာအဟာရဟာ အရေးကြီးသလို၊ မျက်စိကျန်းမာဖို့ အတွက်ကလည်း မျက်စိအစားကျွေးဖို့လို့အပ်လိမ့်မယ်ထင်။ ဒါကြောင့်
ဂျာမုန်းချစ်တဲ့ ဘလော့ဝ်ချစ်သူငယ်ချင်းများနှင့် မြန်မာပြည်နှင့်ကင်းကွားပြီး အဝေးရောက် ချစ်မိတ်ဆွေများအတွက် ဒီနေ့တော့ မြန်မာပြည် အလွမ်းပြေ မြန်မာ့အစားအစာကို စပါယ်ရှယ်စီစဉ်ထားပေးတာပါ။ အထင်တော့မကြီးလိုက်နဲ့အုံးနော်....ဒါတွေအားလုံး ဂျာမုန်းပြုလုပ်ထားတာ မဟုတ်ပါ။ သူငယ်ချင်းပို့ပေးတဲ့ မေးလ်ထဲကရတာပါ။
မိတ်ဆွေများ ငေးပြီး စားပြီးရင် ဘယ်အစားအစာကို အကြိုက်ဆုံးလဲ ဆိုတာတော့ ပြောသွားအုံးနော်။ မမေ့နဲ့သိလား။ ချက်ကျွေးချင်လို့ပါ။
အားလုံးရဲ့အကြိုက်၊ ၀က်သားတုပ်ထိုးဆိုရင်တော့ ....ဟီး။
































အကြိုက်ဆုံးအစားအစာကို ပြောသွားအုံးနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်နော်

ဂျာမုန်းဒန်

Sunday, July 25, 2010

ဂျာမန်စတိုင်ငါးပေါင်း၊ကြော်ချက်နှင့်ဂျာမန်ပေါင်မုန့်ကင်


ချစ်တဲ့မောင်နှမများကို ဒီနေ့တော့ ဂျာမန်အစားအစာလေးတွေ ချက်ကျွေးချင်တယ်။ စားကြမယ်မဟုတ်လားရှင်။ဂျာမန်အစားအစာကတော့...မခက်လှပါဘူး။ ရေဒီမိတ်ထုပ်ကိုဝယ်ပြီးပြင်ဆင်လိုက်ရုံပဲ။ ဘာအစားအစာတွေလဲဆိုတော့ ဂျာမန်ငါးပေါင်း၊ ငါးကောင်လုံးကြော်ချက်၊ကြက်ကောင်လုံးကင်နှင့်စပါကတီခေါက်ဆွဲ၊ ၀က်အူချောင်းကင်နှင့် ဂျာမန်ပေါင်မုန့်ကင်အမျိုးမျိုးတို့ပါရှင်။...ဒီလိုရှယ်လုပ်စားဖြစ်တဲ့နေ့ဆိုရင် အရင်ဦးဆုံးသတိရမိတာက...ဂျာမုန်းချစ်တဲ့...ဘလော့မောင်နှမတွေပါပဲ။ ကော်နယ်ရှင်မကောင်းလို့ အိမ်မလည်ဖြစ်တာတော့ ခွင့်လွှတ်နော်။ အားလုံးကိုတော့အမြဲပဲ သတိရနေပါတယ်။ တကယ်ပြောတာ..ယုံပါကွယ်။


ဒါက ဂျာမန်ဝက်အူချောင်းကင်ပါ။
ဈေးကနေ၀ယ်လာတဲ့ ၀က်အူချောင်းထုပ်ကို ဓါးလေးနဲ့အနည်းငယ်ဆီ မွမ်းလိုက်တယ်။ ဒယ်အိုးအပြားမှာဆီအငယ်ငယ်သာထည့်ပြီး ဟိုဘက်ဒီဘက်လှည့်ပြီး မီးအရှိန်နည်းနည်းနဲ့ ကြော်ကင်လုပ်လိုက်တယ်။မီးသွေးနဲ့ကင်စားလည်းရပါတယ်။ အကင်နဲ့တွဲစားတဲ့ဆော့ကိုလည်း ဈေးက၀ယ်လာတဲ့ အထုပ်ကိုအရည်ဖျော်ပြီး ကျိုလိုက်တယ်။ ပြီးတော့ အပေါ်မှာအသာလေးလောင်းထည့်လိုက်တယ်။ ဒါပါပဲ။

ဒါက ကြက်ကောင်းလုံးကင်နှင့်စပါကတီခေါက်ဆွဲသုပ်ပါ။
ကြက်ကိုတော့ ဂျာမုန်းကင်တာမဟုတ်။ ဈေးကနေ ကင်ပြီးသားဝယ်လာတာပါ။ ခေါက်ဆွဲတော့ ကိုယ်တိုင်သုပ်ထားတာနော်။ အရသာတော့ရှယ်ပဲပေါ့။ မြည်းကြည့်နော်၊ စားကြည့်နော်၊ မ၀သေးက ပါဆွယ်ပါဆွဲသွားခွင့်ပြုတယ်။

ဒါက ဂျာမန်ငါးပေါင်းပေါ့။
သူငယ်ချင်းတစ်ယောက်ရဲ့ပါတီပွဲမှာယူသွားဖို့ပြုလုပ်ထားတာပါ။

ဒါလည်း ပြုလုပ်ပြီးသားငါးထုပ်ကို Penny Markt ကနေ၀ယ်ခဲ့တယ်။ အိမ်ရောက်မှ Oven ထဲမှာပေါင်းလိုက်တယ်။ကျက်လောက်ပြီဆိုမှ Oven ထဲကနေထုတ်ယူပြီး စားချင်းစဖွယ်လေးဖြစ်အောင်..ဟင်းရွက်စုံနဲ့..အလှပြင်ဆင်လိုက်တယ်။ စားကြည့်နော်..မြည်းကြည့်...အားရှိနော်။



ဒါက ဂျာမန်ပေါင်မုန့်ပြုလုပ်နေပုံပါ။
သူငယ်ချင်းတစ်ယောက်ရဲ့ Doctor Convocation party အတွက် အိမ်မှာဝိုင်းလုပ်ကြတာလေ။ အစတော့ ဂျာမုန်းလည်းမလုပ်တတ်ဘူး။ဂျာမန်သူငယ်ချင်းတစ်ယောက်ကိုယ်တိုင်လာလုပ်ပြတာမို့ အခုတော့လုပ်တတ်သွားပြီ။ အရမ်းကိုလွယ်ပါတယ်။
ပေါင်မုန့်ကင်ကို အလည်ကနေ ပေါင်မုန့်လှီဓါးနဲ့ထက်ခြမ်းခွဲလိုက်တယ်။ အရင်ဦးဆုံး ပေါင်မုန့်တွေကို ထောပတ်နဲ့အရင်သုပ်လိမ်းပေးရတယ်။ ပြီးမှ အပေါ်မှာအသားညှပ်တွေတင်လိုက်တယ်။ ငါးစိမ်း၊ အသားစိမ်းတွေနဲ့တွဲစားချင်ရင် ညှီနှံ့ကင်းအောင် Tafel Meerrettich ဆိုတဲ့ မုန်လာဥဖြူနှစ်နဲ့တွဲစားရတယ်။ ဘယ်ဘက်ပုံရဲ့ ပုလင်းပါ။
သခွားသီးနဲ့ ခရမ်းချဉ်သီးကို အ၀ိုင်းလေးလှီးပြီး အပေါ်မှာတင်လိုက်တယ်။ အရမ်းကိုလွယ်ပါတယ်။


ကဲဒါက စားဖို့အဆင်သင့်ပဲနော်။ ဒီဂျာမန်ပေါင်မုန့်အသားညှပ်က ဂျာမန်တွေအတွက်တော့ အဓိကထမင်းပေါ့။ ဒို့မြန်မာလူမျိုးတွေအတွက်တော့ Snack ပေါ့ကွယ်။ လက်ဝဲဘက်ပန်းကန်က ငါးနဲ့ပါ။ လက်ယာဘက်ပန်းကန်ကတော့ ဒိန်ခဲ့ပြားနဲ့ပေါင်မုန့်ပါ။ ယူစားသွားကြပါရှင်။

ဒါက ငါးကောင်းလုံးကြော်ချက်ပါ။ ဒါလည်း သူငယ်ချင်းပါတီအတွက်ပြုလုပ်သွားတာပါ။ ဒါကတော့ ဂျာမန်အစားအစာရယ်လို့တော့မဟုတ်ဘူးပေါ့။
မောင်နှမတွေလည်း...အဆင်ပြေခဲ့ရင်.ချက်စားလို့ရအောင် ချက်နည်းလေးမျှဝေပေးလိုက်ရတာပါနော်။

ငါးကြော်ချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေက
ငါးအကောင်ကြီးတစ်ကောင်
ရှာလကာရည်အနည်းငယ်
ကြက်သွန်နီသုံးဥ
ကြက်သွန်ဖြူတစ်ဥ
ငရုတ်သီးအစိမ်းပွ
ခရမ်းချဉ်သီးဥကြီးတစ်လုံး
ကော်ရည်ထမင်းစားဇွန်း၂ဇွန်းလောက်
ပဲငပိအနည်းငယ်
ဂျင်း
ဆား၊ ဟင်ခတ်မှုန့်၊ ငံပြာရည်အနောက်
သကြားအနည်းငယ်၊ ကြာညို့အနည်းငယ်
ကြက်သွန်မိတ်တို့လိုအပ်ပါတယ်။

ချက်လုပ်နည်းအဆင့်ဆင့်
ငါးကိုရေဆေးပြီး ဂျင်းနှင့်ကြက်သွန်ဖြူတို့ကိုညှက်အောင်ထောင်းပြီး ဆား၊ ရှာလကရည်တို့နှင့် နယ်ထားမယ်။ကြက်သွန်နီကို...အခွံနွာအ၀ိုင်းလေးတွေလှီးထားမယ်။ ကြက်သွန်ဖြူကိုလည်းရိုက်ပြားထားမယ်၊ ငရုတ်သီးအပွကိုလေးထောင့်အစိတ်လေးစိတ်ထားမယ်။ ခရမ်းချဉ်သီးကိုလည်းလေးထောင့်လေးတွေလှီးထားမယ်။ ကော်ရည်ကိုရေနဲ့ဖျော်ထားမယ်။ ပြီးရင်ဒယ်အိုးတွင်ဆီထည့်ပြီး..နယ်ထားတဲ့ငါးကိုအကောင်းလိုက်ကြော်မယ်။ ကြေမသွားအောင်အသာလေး လှန်ပြီးကြော်ပေးပါ။ ကြက်ပြီဆိုရင် ဆယ်ယူပြီး ငါးအကောင်လုံးဆန့်တဲ့ပန်းကန်ပြားလှလှလေးမှာတင်လိုက်နော်။
ပြီးရင် ငါးကြော်ထားတဲ့ဆီမှာပဲ ကြက်သွန်ဖြူရိုက်ပြားထားတာအရင်ထည့်နော်။
အစပ်ကြိုက်သူအတွက်ငရုတ်သီးအခြောက်ကိုအရင်ဦးဆုံးဆီသပ်ပြီးထည့်လို့ရတယ်။ ပြီးရင်ပဲငပိထည့်ပြီးမွေနော်။ပြီးရင်ကြက်သွန်နီတွေထည့်ပါ။
ပြီးနောက် ခရမ်းချဉ်သီးနှင့်ငရုတ်သီးပွတို့ကို ထည့်ကြော်ပါ။ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်နှောက်နှင့် ကြာညို့တို့ကို လိုသလောက်ထည့်နော်။ အားလုံးအိုကေပြီဆိုရင် ကော်ရည်လေးလောင်းထည့်လိုက်ပါ။ အရသာကိုအပေါ့အငံမြည်းကြည့်ပြီး ကြက်သွန်မိတ်ကိုအပေါ်မှာဖြူးပေးလိုက်ပါ။ ပြီးရင် တင်ထားတဲ့ငါးပန်းကန်လုံးပေါ်တွင် အသာလေးလောင်းထည့်လိုက်နော်။ အရသာနဲ့ပြည့်စုံတဲ့ ငါးကောင်လုံးကြော်ချက်လေးရပြီပေါ့။ ဟင်းပန်းကန်ကိုအလှဆင်ဖို့မမေ့ပါနဲ့အုံးနော်။ ဒါလည်းအရေးကြီးတဲ့အထဲမှာပါသေးတယ်။ စားချင်စဖွယ်လေးဖြစ်အောင်ပေါ့။ ကဲ..သုံးဆောင်လို့ရပါပြီရှင်။
လိုအပ်တာရှိရင်မှာခဲ့နော်။

အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here
Type rest of post here

Monday, June 28, 2010

ကြက်ခြေထောက်ပေါင်း၊ကိုးရီးယားထမင်းသုပ်နှင့်ကြေးအိုးဆီချက်

တခါတလေ ဟို..ငယ်ဘ၀ကိုလွမ်းမိတိုင်း ကြက်ခြေထောက်ကို မောင်နှမတွေလုပြီး ကိုက်စားခဲ့ကြတာကို အမှတ်ရနေမိတယ်။ ကြက်တကောင်လုံးချက်မှ ကြက်ခြေထောက်က နှစ်ချောင်းပဲဆိုတော့ လုစားဖြစ်ပြီပေါ့။ အခုတော့ လုစားဖို့မလိုတော့ဘူး.... ကြက်ခြေထောက်ကို ကီလိုလိုက်ဝယ်ပြီးချက်စားလိုက်ရုံပဲ။ လုစားစရာမလိုတော့လဲ အရသာက တမျိုးလိုနေသလိုပါ။ ကြက်ခြေထောက်စားရင် အထူးသတိနော်..။ မိသားစု(သို့)တစ်ယောက်တည်းစားတာ ပိုကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေကိုအားနားလိုပါ။ လက်နဲ့အားရပါးရစားရမှာမို့လေ။ မကျွေးချင်လို့တော့လုံးဝ မဟုတ်ဘူးနော်။ တချို့လူတွေက ကြက်ခြေထောက်ကို စားဖို့ကြောက်ကြတယ်လေ။ ကဲ...အပိုတွေမပြောတော့ဘူး.. ချက်နည်းလေးပြောပြထားတယ်။ အောက်ဆုံးမှာ သွားဖတ်နော်။

ဒါက.. ဂျာမုန်းလုပ်တဲ့ ကြေးအိုဆီချက်ခေါက်ဆွဲပါ။ ၀က်သားနဲ့နော်။ ၀က်သဲကိုပါ ကြော်ထည့်ထားတာနော်။ စားကြည့်..အားရှိ အရသာတကယ်ကိုကောင်းနော်။

ဒါက...ကိုးရီးယားထမင်းသုပ်တဲ့။ ဂျာမုန်းရဲ့ညီမလေး အိမ်ကိုလာလည်ရင်း လာသုပ်ကျွေးတာပါ။ စားလို့အရမ်းကိုကောင်းတယ်။ ထမင်းသုပ်ထဲမှာပါတာကတော့ အစုံပါပဲ။ မှိုခြောက်၊ပန်းခြောက်၊ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ ကင်ချီ၊ မုန်လာဥနီ၊ ရှပီးနပ်ရွက် တို့ကို ပါးပါးလှီးထည့်ရတယ်။ ကြက်ဥကိုတော့ ဟတ်ဘွယ်ကြော်ထည့်တယ်။ ပြီးရင်တော့ ကိုးရီးယားအစပ်ဘူးထဲက အစာပလာတွေထည့်ပြီး ရောလိုက်တာပါပဲ။ လုပ်စားကြည့်နော်။

ဒါက.. ကြက်တောင်ပံကြော်ပါ။

ဒါက စပါကတီခေါက်ဆွဲသုပ်ပါ။


ကဲ....ဒီမှာ... ကြက်ခြေထောက်ပေါင်းနည်းနော်။
ကြက်ခြေထောက်ပေါင်းအတွက် လိုအပ်တာတွေက

ကြက်ခြေထောက် ၁ ကီလို
ကြက်သွန်နီဥကြီးသုံးဥ
ချင်းငါးကျပ်သား
မုန်လာဥနီအနည်းငယ်
ကြက်သွန်ဖြူ ၂ဥလောက်ကိုအလုံးလိုက်နွာထား
ငရုတ်သီးအပွအနည်းငယ်ကို ရေစိမ်ထား
ဆီအနည်းငယ်
ပဲငံပြာရည်
ခရုဆီ
တရုတ်ဟင်းမွှေးမတ်စလာ(စောင်ကော်၊ပါးကော်)
ဆား၊ အချိုမုန့်
နံနံပင်တို့ လိုအပ်ပါတယ်။


ပြုလုပ်ပုံအဆင့်ဆင့်

ကြက်ခြေထောက်တွေကိုရေဆေးပြီး ခြေထောက်ထိပ်ဖြားတွေကိုဖြတ် ချက်မိအိုးထဲထည့်မယ်။ ပြီးနောက် ဆား၊ အချိုမုန့်၊ ပဲငံပြာရည်၊ တရုတ်ဟင်းမွှေးမတ်စလာ၊ ဆီအနည်းငယ်၊ခရုဆီ တို့ကိုထည့်ပြီး အိုးကိုအဖုံးပိတ်ပြီး သမသွားအောင် လက်နှစ်ဖက်နှင့် နာနာလှုပ်ခါပေးပါ။ အားလုံးသမသွားပြီဆိုရင် နယ်ထားပြီးကြက်ခြေထောက်ပေါ်တွင် ကြက်သွန်နီကို အလုံးကြီးက နှစ်ခြမ်းခြမ်းထည့်၊ အလုံးသေးက အလုံးလိုက်ကိုအသာလေတင်ထားမယ်။ ကြက်သွန်ဖြူကိုလည်းအလုံးလိုက်၊ ချင်းကိုပါးပါးလှီးပြီးတင်မယ်။ မုန်လာဥနီကို ရေဆေးပြီးအလုံးလိုက်တင်မယ်။ နံနံပင်ကိုရေဆေးပြီး အပင်လိုက်အုပ်လိုက်ပါ။ စိမ်ထားတဲ့ ငရုတ်သီးအပွကိုလည်းအပေါ်မှာတင်ထားမယ်။ ပြီးတော့ ရေအနည်းငယ်ထပ်ထည့်ပါ။ အားလုံးပြီးပြီဆိုရင် အိုးအဖုံးကိုပိတ်ပြီး မီးဖိုပေါ်မီးပြင်းပြင်းနဲ့ တင်ထားလို့ရပါပြီ။ ကြက်ခြေထောက်တွေနူးသွားပြီ ဆိုရင်မီအရှိန်လျော့ပြီး ခဏလေး ဆက်တင်ထားမယ်။ အရသာလေးမွှေးပြီးစားချင်စိတ်တွေ ထိန်းမရဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပိုပြီးကောင်းအောင် ခဏလေးတော့ ဆက်စောင့်နော်။ စောင့်နေချိန်မှာကြက်ခြေထောက်ပေါင်းနှင့်တွဲစားဖို့ သခွားသီးကိုပါးပါးလှီးထားမယ်။ မန်ကျည်းမှည့်အချဉ်ရည်ကို စပ်စပ်လေးလုပ်ထားမယ်။ စားဖို့ပြင်တော့မယ်ဆိုရင် ပန်းကန်လုံးထဲတွင် ကြက်ခြေထောက်ပေါင်းကိုအသာလေး ခတ်ထည့်နော်။ ပန်းကန်ဘေးနားမှာ လှီးထားတဲ့သခွားသီလေးကို စီပြီးထည့်နော်။ အပေါ်မှာနှံနံပင်လေးအုပ်ပေးနော်။ ကဲ အချဉ်ပန်းကန်လေးကို ယူပြီးအားရအောင်စားပေတော့။
ရှလွတ်...ရှလွတ်....ထူးရှယ်အရသာ.. တကယ်ကိုကောင်း။

လာရောက်အားပေးကြတဲ့ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
ဂျာမုန်းဒန်

Type rest of post here

Monday, June 14, 2010

ကြက်ဥဘာလချောင်ကြော်နှင့်ထမင်းဝိုင်း


ချစ်မိတ်ဆွေများရှင်...ခုသလောဂျာမုန်း Online Ebay မှာလေလံတွေစွဲ၊ ဈေးဝယ်ထွက်နေတာကြောင့် တစ်နေ့တစ်နေ့ အိမ်မှာနေပြီးလုံးဝကို မအားဖြစ်နေပါတယ်။ အွန်လိုင်းမှာဘာတွေဝယ်ထားသလဲဆိုတာတော့ နောက်နေ့မှပြောပြတော့မယ်။ ခုတော့ ချစ်မိတ်ဆွေများကို ထူးထူးခြားခြား ဟင်းတစ်မျိုး ချက်ကျွေးချင်တယ်။ အားလုံးကိုမြည်းကြည့်စေချင်တဲ့စိတ်နဲ့ ဂျာမုန်းကြော်ထားတဲ့ ကြက်ဥဘာလချောင်ကြော် လေးနဲ့ထမင်းကို သုံးဆောင်သွားကြဖို့ဖိတ်ခေါ်လိုက်တယ်။ အရမ်းအရမ်းကိုစားလို့ကောင်းတာမို့ ကြက်ဥဘာလချောင်ကြော်နည်းကို အောက်ဆုံးမှာ ရေးထားပေးတယ်နော်။

ကဲ....စားကြမယ်ဟေ့ကောင်းကောင်းနော်။အ၀သာစားကြပေတော့။ ဘာဟင်းတွေလဲ..ဆိုတာပြောပြမယ်။

ကဲ....ထူးခြားတဲ့အစားအစာဆိုတာ ဒါပေါ့။ ကြက်ဥဘာလချောင်ကြော်ပါ။ မြည်းကြည့်နော်။

ဒါကတော့ ငါးဖေါင်ရိုးခြောက်ကြော်ပါ။ စပ်တယ်နော်။ အစပ်ကြိုက်သူအတွက်ရှယ်နော်။ မြန်မာပြည်ကပိုလိုက်တဲ့ လက်ဆောင်ပါ။ ကြော်ထားတာက မဂျာမုန်းဒန်ပါရှင်။

ဒါက...၀က်သားကုန်းဘောင်ကြော်ပါ။

ဒါက အစားကြီးသူတို့အတွက် ထမင်းလိုက်ပွဲနော်။

ဒါကတော့ ဂေါ်ရခါးသီးဝက်သားကြော်ပါ။ အလွမ်းပြေလေးစားသွားကြနော်။ ဂေါ်လခါးသီးကို အာရှဆိုင်မှာ တစ်ခါတစ်လေပဲရောင်းတာမို့ ကြော်ကျွေးထားတာပါ။


ကြက်ဥဘာလချောင်ကြော်ရန်အတွက်
စိမ်းစားငါးပိ...........................တစ်ဆယ်သား
ပုစွန်ခြောက်(သို့)ငါးခြောက်.....ဆယ့်ငါးကျပ်သား
ကြက်သွန်နီ...........................နှစ်ဆယ်သား
ကြက်သွန်ဖြူ .........................တစ်ဆယ်သား
ထန်းလျက်(သကြား) ..............နှစ်ကျပ်သား
မန်ကျည်းမှည့်ရည်..................ပန်းကန်လုံးလေးတွင်ဖျော်ထား
ကြက်ဥ .................................ငါးလုံး
ဆီ ........................................လေးဆယ်သား
ငရုတ်သီးမှုန့် ...........................ငါးကျပ်သား
နနွင်းမှုန့်နှင့်အရောင်တင်မှုန့် ...အနည်းငယ်
ငံပြာရည်...............................အနည်းငယ် တို့လိုအပ်ပါတယ်။

ကြော်နည်းအဆင့်ဆင့်နော်
ပုစွန်ခြောက်(သို့)ငါးခြောက်ကိုရေဆေးပြီးညက်အောင်ထောင်းထားမယ်။ မန်ကျည်းမှည့်ထဲသို့ ထန်းလျက်ကိုပါ အနည်းငယ်ထည့်ဖျော်ထားမယ်။အရသာပိုကောင်းအောင်လို့ပါ။ ကြက်ဥကိုနာနာခေါက်ထားမယ်။ကြက်သွန်နီ၊ဖြူတို့ကို ပါးပါးလှီးထားမယ်။ ဒယ်အိုးတွင်ဆီထည့်ပြီး ကြက်သွန်များကို နီရဲလာအောင်ကြော်ပြီး ဆယ်ထားပါ။ ယင်းဆီချက်ထဲသို့ နနွင်းမှုန့်နှင့်အရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။ ပြီးနောက်ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ။ တအောက်ကြာလျှင် စိမ်းစားငါပိကို ထည့်ကြော်ပါ။ ငါးပိအနေတော်လေးဖြစ်ပြီဆိုရင် ထောင်းထားသည့် ပုစွန်ခြောက်ကို ထည့်ကြော်ပါ။ ထပ်ပြီးမွေပေးပါ။ ပြီးနောက် နာနာ ခေါက်ထားတဲ့ကြက်ဥကိုလောင်းထည့်လိုက်ပါ။ ပြီးရင်အားလုံးကျေညက်သွားအောင်မွေပေးနော်။ ငံပြာရည်အနည်းငယ်နှင့် အချိုမှုန့်တို့ကို လိုသလောက်ထည့်နော်။
ပြီးရင်တော့ မြည်းကြည့်လို့ရပါပြီ။ ကြာရည်ခံထားနိုင်အောင် နောက်ဆုံးတွင်သံပုရာရည်လေး အနည်းငယ်ညှစ်ထည့်နော်။ အရသာပြည့်စုံတဲ့ ကြက်ဥဘာလချောင်ကြော်လေးကို ပုလင်း(သို့)ဗူးကြီးထဲထည့်ပြီး နေ့တိုင်းမိတ်ဆွေတို့အတွက် အရသာကောင်း၊ ထမင်းမိန်စေတဲ့ ဟင်းကောင်းလေး တစ်ခွက်ဖြစ်နိုင်ပါစေနော်။ လုပ်စားဖြစ်အောင်လုပ်စားကြနော်။

အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here