Thursday, June 4, 2009

စားကြမယ်ဟေ့ကောင်းကောင်း

သူငယ်ချင်းတွေဆီ လိုက်လိုက်စားနေရဒါ အရမ်းကိုအားနာနေပြီ၊ ဒါကြောင့် ဒီနေ့တော့ ဂျာမုန်းဒန်တစ်လှည့် ပြန်ချက်ကြွေးဒါနော်၊ မနေ့ကတော့ ချက်မလို့ပါဘဲ၊ လက်မှာဆီပူလောင်သွားလို့စာကိုမရေးနုင်တော့ဒါပါ။

ဒါကတော့ ကြက်သားလုံးကြော်လေးပါ။ ၀ါးဖြစ်အောင်ဝါးလိုက်အုံး။

ဒါလေးကတော့ မာလာခေါက်ဆွဲကို ဒီလိုလေးချက်ထားတယ်။
ဒို့ဆီမှာက ငါးအစိမ်းမရှိဘူးလေ၊ အိတ်နဲ့ထုတ်ပြီးသားကိုပဲ ၀ယ်စားနေရတယ်လေ၊ ဒီငါးလေးကိုအိတ်ကထုတ်ပြီး ပန်းကန်ထဲထည့်ထားဒါပါ။
အပေါ်မှာထုတ်ပြထားတဲ့ငါးကို ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ငံပြာရည်လေးနဲ့ ဒီလိုလေးအဆပ်ကြော်ထားဒါ၊ စားကြည့် အရမ်းကောင်းတယ်။
ဒါကတော့ ဒို့ဆီမှာရှိတဲ့ အသီးတစ်မျိုးပါ၊ ဒါလေးကိုပါးပါးလှီးပြီးသုတ်စားရင်လည်းအရမ်းကောင်းတယ်၊ ဟင်းရည်ချက်စားရင်လည်း ဘူးသီးအရသာလိုလို အရမ်းစားလို့ကောင်းတယ်။
အပေါ်မှာပြထားတဲ့ အသီးလေးကို ဟင်းရည်သောက်လေးချက်ထားတယ်။ ငရုတ်ကောင်းလေးပါဖြူးထားပေးတယ်၊ သောက်ကြည့်နော် မွှေးနေဒါဘဲ။
ဒါကတော့ သခွားသီးပါးပါးလှီး၊ ၀က်သားကိုပါးပါးလှီးပြီး အစိမ်းကြော်ပုံစံလေးကြော်ထားဒါပါ။

စားကြမယ်ဟေ့ကောင်းကောင်းနော်သူငယ်ချင်းတို့ရေ။


5 comments:

လင်းကြယ်ဖြူ said...

ကျွန်တော်သာအဲ့သလောက်ဟင်းချက်တတ်ရင်ကောင်းမယ်ခင်ဗျ။
ခုတော့ ကြက်ဥပြုတ်တာကို ကောင်းကောင်းကျွမ်းတဲ့အဆင့်ပဲရှိနေတယ်လေ။
အရမ်းကို အားကျ ဗိုက်ဆာတာပဲခင်ဗျာ...ဒါကြောင့် ပထမဆုံး လာပြီး မန့်လိုက်တာလေ..ငတ်ကြီးကျတာပေါ့..ဟဲ..ဟဲ..
ပျော်ပါစေခင်ဗျာ အစ်မရေ

မိုးကောင်းသူ said...

ဒို့ဆီမှာရှိတဲ့ အသီးတစ်မျိုးက နိုကိုလီဥလို့ခေါ်တယ်ထင်တယ် ညီမလေး ဂျာမုန်းဒန်ရေ။ ချိုတယ်နော်။ အသားနဲ့ရောပြီး အစိမ်းကြော်စားလဲ ကောင်းတယ်။ အိမ်မှာ အမေတော့ ကြော်ကျွေးတယ်။ ဒီမှာတော့ မတွေ့လို့ မစားရသေးဘူး။ မာလာခေါက်ဆွဲတော့ အကြိုက်ပဲဗျို့။

Anonymous said...

မရေးးးးးးးးးးးးး
လာစားတယ်နော်
နောက်ကျသွားတယ်သိလား
ဆေားရိနော်ယယအကုန်စားသွားတယ်နော်
ချစ်တဲ့
မြူးလေး

မိုးခါး said...

နှိပ်စက်တယ်နော် ..း((
သရေကျသွားပါတယ် .. စားကောင်းမှာဗျ .. :D ဗိုက်ဆာလိုက်ဒါ
:P

Unknown said...

ma ma yay cook recipe lay tway tin pay par lar ? ma arr mhan tot thi bar tel dar bay met ae lo. myin tot lae ko tine cook chin tel ma cook tat lo. bar.