Saturday, June 13, 2009

B.E.D.C ဆိုတဲ့စရိုက်လေးမျိုးနဲ့အတွဲရှာ


ဒီမနက်အိပ်ယာနိုးတော့ ကျွန်မ တက္ကသိုလ်ကျောင်းသူ ဘ၀တုံးက အကြောင်းလေးတစ်ခုကို ပြန်လည်မြင်ယောင်မိတယ်။ အဲတာ ဘာအကြောင်းလဲဆိုတော့ B.E.D.C ဆိုတဲ့အကြောင်းလေး တစ်ခုပါ။ ဒီအကြောင်းလေးစဉ်းစားမိတိုင်း သေဖော်သေဖက် ဆိုပြီးပေါင်းလာခဲ့တဲ့ သူငယ်ချင်းလေးယောက်အကြောင်းကို
ပြန်လည်သတိရမိတယ်။ သူငယ်ချင်းလေးယောက်ထဲမှာ တစ်ယောက်က ယောင်္ကျားလေးပါ၊ သူက တွံတေးကလေ။ ….မိန်းခလေးသုံးယောက်ထဲမှာ တစ်ယောက်က ပြည်က၊ တစ်ယောက်က ရန်ကုန်သာကေသ၊ တစ်ယောက်ကတော့ မြစ်ကြီးနားသူဖြစ်တဲ့ ကျွန်မပေါ့။

တို့တွေစုံခဲ့တဲ့အချိန်က သန်လျင်တက္ကသိုလ်ပထမနှစ် တုံးကပေါ့……ကျောင်းမှာ practical လုပ်ရင်း ခင်သွားကြတာပါ။ အတူသွား၊ အတူလာ၊ အတူစားကြ၊ အတူစာကျက်ကြဆိုတော့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့။ ပြည်ကဆိုတဲ့သူငယ်ချင်းက သူနာပြုဆရာမလေးဖြစ်ပေမယ့် သူက ကွမ်းယာ ကြိုက်တတ်တယ်၊ ထမင်းစားပြီးတိုင်း တို့တွေ အားလုံး သူ့ကြောင့် ကွမ်းယာဆိုင်သွားသွားနေရတယ်လေ။ သူက ကွမ်းယာစားရင် ဗမာဆေးပါ ထည့်စားတယ်။ သူ့ကိုအားကျတော့ တို့သူငယ်ချင်းသုံးယောက်ပါ ကွမ်းယာကို လိုက်စားကြတယ်။ စားနေရင်းနဲ့ လက်တွေ့ခန်းမှာ practical လုပ်နေတဲ့စားပွဲပေါ်မှာ သုံးရောက်သားမှောက်လဲကျသွားတယ်။ ကျောင်းသားအားလုံးရဲ့ မျက်လုံးတွေ တို့ဆီရောက်ကုန်ကြတယ်လေ။ ထန်းတောထဲက ပြန်လာပြီး အရက်မူးလာကြတယ်အောက်မေ့ကြတာပေါ့။ အဲဒီနောက်ပိုင်း ကွမ်းယာကိုစိတ်နာပြီး လုံးဝကို မှီးစမ်းခြင်း မပြုဝံ့တော့ပါပေါ့။ ဒီလိုနဲ့ ပထမနှစ်ကို ကုန်ဆုံးခဲ့ကြတယ်။ အဲဒီအချိန် တို့တွေအားလုံးက ရည်းစားမထား တတ်သေးဘူးလေ။

ဒုတိယနှစ် ရောက်လာတော့ ချစ်သူတွေထားတတ် လာကြပြီလေ။ ပြည်က ဆိုတဲ့သူငယ်ချင်းနဲ့ တွံတေးက သူငယ်ချင်း…သူတို့နှစ်ယောက်ချစ်ြုကိုက်သွားပြီးအတွဲတွေ ဖြစ်သွားကြတယ်။
သာကေသမှာနေတဲ့ သူငယ်ချင်းက အတွဲမရှိသေးဘူး။ သူကျွန်မကိုဘာမေးသလဲဆိုတော့….”သူငယ်ချင်းရေ….ငါ့ကို ရည်းစားတစ်ယောက်လောက်ရှာပေးပါလား…” တဲ့။ ကျွန်မလဲ “အေ….ကောင်းပြီလေ….နင်ကြိုက်တဲ့သူဟာ..ဘယ်လိုလူလဲဆိုတာပြော..” လို့ ပြန်ပြောလိုက်တယ်။ အဲဒီအချိန်မှာသူက .”ငါကြိုက်တာနင်တကယ်ရှာပေးမှာသေချာတယ်နော်….အေ ငါကြိုက်တာ….B.E.D.C နဲ့ပြည့်စုံတဲ့သူ…အဲဒီလူကိုနင်ရအောင်ရှာပေးရမယ်တဲ့။ ”ကဲ…B.E.D.C ဆိုတဲ့အဓိပ္ပါယ်ကိုအရင်ပြောပါအုံး” ဆိုတော့ ”ဟုတ်ပြီငါရှင်းပြမယ်

B ဆိုတာ Boss ဖြစ်ရမယ်။

E ဆိုတာ Education ရှိရမယ်။

D ဆိုတာ Dollar ရှိရမယ်။

C ဆိုတာ Character ကောင်းရမယ် တဲ့။

ကျွန်မလဲ..”သူငယ်ချင်းရေ….မင်းကြိုက်တဲ့သူက အင်မတန်ရှားပါးပစ္စည်းပဲနော်….တစ်ရာမှာ ဆယ်ယောက်လောက်ရှိရင် ကံကောင်းပဲ..ငါတော့မရှာတတ်ဘူး…မင်းဟာမင်းရှာယူတော့ဟေး..” ဆိုပြီးပြောလိုက်တယ်။ နောက်တော့ သူတွဲတဲ့လူကလည်း B ဆိုတဲ့ Boss တော့ဟုတ်ပါတယ်လေ။

ကျွန်မကတော့ ကျောင်းက သူငယ်ချင်းထဲကမဟုတ်ပါဘူး…….တခြားကျောင်းကပါ၊၊ သူနဲ့ စတင်တွေ့ခဲ့တဲ့နေရာလေးက ရန်ကုန်ကချင်ဘုရားကျောင်းမှာပါ။ ဘုရားကျောင်းမှာ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာလေ။ သူကျွန်မကို မြင်မြင်ချင်းချစ်သွားတယ်ထင်တယ်၊ အဲဒီနောက် ကျွန်မရဲ့ဖုန်းနံပါတ်ကိုရှာပြီး နေ့တိုင်းဖုန်းဆက်တော့တာဘဲ……မချစ်ဘူးတဲ့အချစ်ရူးကြီးလိုပေါ့။

သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြားတစ်ခုကိုပြောပြရမယ်ဆိုရင်…..သိပ်အံ့သြေဖို့ကောင်းတာက တနေ့ ကချင်လူငယ် ၇၀၀ ကျော်လောက် ရန်ကုန်မြို့ရဲ့တဖက်ကမ်း တွံတေးမြို့လေးကို သင်္ဘောစီးပြီး တစ်နှစ်မှာ တကြိမ်သာ ပြူလုပ်တဲ့ ခွန်အားသစ်လောင်းပွဲ ကိုသွားကြတယ်။ အဲဒီထဲမှာ သူနဲ့ကျွန်မလည်း အပါအ၀င်ပေါ့။ ဒီပွဲမှာ သွားတဲ့လူငယ်တိုင်းမှာ လက်ဆောင်တခုခုယူလာဖို့ ဆရာတွေကမှာလိုက်တော့ အားလုံးတစ်ယောက်တစ်ခုစီ ယူသွားရတာပေါ့။ လက်ဆောင်လဲဖို့ အတွက်တဲ့လေ။

ဟိုရောက်တော့ လူငယ်တွေကိုလက်ဆောင်ကိုယ်စီကိုင်ထားခိုင်းပြီးတော့ ၀ိုင်းထိုင်ခိုင်းကြတယ်။ အဲဒီအချိန် ကျွန်မလဲ ……” ဟာငါဘယ်သူနဲ့များကြမလဲ..” ဆိုပြီး ရင်ခုန်နေခဲ့တာ အမှန်ပါ။ ကျွန်မကိုလာပေးတဲ့စာရွက်လေးက ”ထောက်” ဆိုတဲ့စကားလုံး တစ်လုံးထဲပါ။ ထောက်ဆိုတာ ဘာလဲ….ငါဘယ်သူနဲ့များကြမလဲ….ဆိုပြီးသွေးပူနေမိတာအမောဘဲလေ။ အဲဒီအချိန် ဆရာက……”ခြေ နဲ့ ထောက် ထွက်လာပါ…ဗျို့” လို့ အော်လိုက်တော့ ကျွန်မလဲ လက်ဆောင်လေးကိုင်ပြီး လူအလယ်ခေါင်မှာထွက်လာခဲ့တယ်။

ဘယ်သူနဲ့ကျသလဲဆိုတော့…ဟိုတခါဘုရားကျောင်းမှာဆုံခဲ့ဘူးတဲ့ သူဖြစ်နေပြန်တယ်။ အဲဒီအချိန် ကျွန်မရဲ့အသံ….”ဟာ…..သူပါလား…”.ဆိုရင်းလက်ဆွဲနုတ်ဆက်ပြီး လက်ဆောင်လဲခဲ့တယ်။ အဲဒီနေ့ကစပြီး သူနဲ့ပတ်သက်တဲ့ ရင်ခုန်မူ တစ်မျိုးကိုခံစားခဲ့ရတာအမှန်ပါ။ နှလုံးသားလေးထဲကို မျှားလေးတစ်စင်း စိုက်ဝင်သွားသလိုမျိုးပေါ့။ အချစ်ဆိုတဲ့အရာဟာ အင်မတန်ဆန်းကြယ်တယ်နော်။

အဲဒီနောက်တော့ သူလဲ …”ဟာ…ငါ့ဖူးစားရှင်များလား…” ဆိုပြီး နေ့တိုင်းကျွန်မနောက်လိုက်ခဲ့တယ်တဲ့လေ။ ကျွန်မကျောင်းသွားတဲ့အချိန်တိုင်း လိုက်လိုက်ပို့တယ်။ လိုက်ပို့တဲ့အချိန် ရည်းစားစကားပြောဖို့ ကြိုးစာခဲ့တယ်။ ဒါပေမယ့်မပြောထွက်ရှာဘူး… ”မင်းကိုပြောစရာရှိတယ်ဆိုပြီး…စကားဖွင့်ထားပြီးတော့ နေကြာစေ့ထိုင်စားနေတာ နေကြာစေ.ခွံတွေတောင်လိုပုန်သွားတယ်။ ဒီလိုနဲ့ပဲ သူမပြောထွက်တာ သုံးလေးခါရှိသွားတယ်။ နောက်ဆုံးပြောထွက်လာတဲ့ ရည်းစားစကားက သိပ်နားဝင်ချိုတယ်သိလား ”ငါဘ၀မှာမင်းတစ်ယောက်ကိုပဲချစ်ခဲ့ဘူးတာ…..မင်းကိုငါလက်ထပ်ဖို့အထိ ဆုံးဖြတ်ထားတယ်…မင်းဟာငါ့ဘ၀ရဲ့အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပဲ..
ငါ့အချစ်ကိုလက်ခံပေးဖို့ မင်းစဉ်းစားပေးပါ
” တဲ့လေ။ ဒီစကားတွေကို ကျွန်မရင်ထဲမှာ ခုထိကြားရောင်နေဆဲပဲ။

ဒါပေမယ့် ကျွန်မအလွယ်လွယ်နဲ့တော့အဖြေမပေးဘူး ဆိုပြီး သူ့အချစ် စစ်မစစ်ကို အမျိုးမျိုးစမ်းသပ်ခဲ့တာပေါ့။ အချိန်တွေကြာလာလေ၊ သူ့အချစ်ကပိုပိုပြီးတိုးလာတော့ နောက်ဆုံး ကျွန်မနှလုံးသားက သူမလာတဲ့နေ့တွေဆို ရင်ထဲမှာ အရမ်းကိုခံစားရတယ်….သူ့အကြောင်းကိုပဲမြင်ယောင်မိတယ်…အရင်ကမခံစားဘူးတဲ့ခံစားမူမျိုးပေါ့။ ”ဟာ….ငါသူကိုချစ်နေတာသေချာပြီ….” ဆိုပြီး ပါးစပ်ကနေ အလိုလိုပြောနေမိတယ်။ ဒါပေမယ့် သူ့ကို အဖြေမပေးသေးပဲ ဆက်ပြီးလေ့လာခဲ့တယ်။ နောက်ဆုံးတော့ သူ့အချစ်ကို ထာဝရလက်တွဲသွားဖို့ ဆုံးဖြတ်ပြီး နှစ်ယောက်သားသစ္စာဆိုပြီး အဖြေပေးခဲ့တယ်။

အဲဒီသူဆိုတဲ့သူက ဘယ်သူလဲ သိလား……အခုကျွန်မသိပ်ချစ်ရတဲ့ သားလေးရဲ့ အဖေ ကျွန်မခင်းပွန်းပေါ့။ ဒီလိုနဲ့ ရည်းစားသက်တမ်း ၆ နှစ်ကိုဖြူစဉ်စွာနဲ့ဖြတ်သန်းခဲ့ပြီး လက်ထက်ဖြစ်ခဲ့တာ အခုအိမ်ထောင်သက် နှစ်နှစ်ကျော်သွားပြီလေ။ ကျွန်မပိုင်ဆိုင်ထားတဲ့လူက B.E.D.C လောက်တော့မပြည့်စုံပေမယ့် အချက်နှစ်ချက်တော့ပြည့်စုံတာ သေချာတယ်။ အဲဒါက E ဆိုတဲ့ Education နဲ့ C ဆိုတဲ့ Character ပါပဲ။ ဒီနှစ်ချက်ဟာ ယောင်္ကျား တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အချက်လို့ ကျွန်မ ထင်တယ်။

ကဲသူငယ်ချင်းတို့ရေ….ဂျာမုန်းဒန်က B.E.D.C ထဲက အချက်နစ်ချက်ကို ပိုင်ဆိုင်တဲ့သူကို ရပြီမို့ ကျေနပ်နေတာအမှန်ပါ။ သူငယ်ချင်းတို့အနေနဲ့လည်း လက်ရှိဘယ်အချက်ကိုပိုင်ဆိုင်ထားတဲ့သူကို ရှာတွေ့ထားပြီလဲ၊ တကယ်လို့ ရည်းစားရှာတော့မယ်ဆိုရင် ….ဘယ်အချက်နဲ့ပြည့်စုံတဲ့သူကို
ရှာဖွေမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပါအုံးနော်။

အားလုံးကိုခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

12 comments:

Unknown said...

Dear a ma,
Very nice post.
I think not only E and C.
He also have D. You can change euro to dollar. :)
I wish all the best for you and your family to possess hapiness for 100 years.

လပြည့်ရိပ် said...

ဟားဟား ......... အရမ်းကောင်းတဲ့ post ပဲ။ ဖတ်နေရင်းနဲ့ အစ်မတို့ရဲ့ ရုပ်လွှာတွေကို မြင်ယောင်လာတယ်။ kokz က B.E.D.C အားလုံးနဲ့ ပြည့်စုံပါတယ်။

မေလေး said...

မမရေ
မေလေးက အဲလိုရွေးဖို့ နေနေ ချစ်သူကချစ်တယ် ဆိုတာတောင် သေချာမယုံ ရဲသေးဘူးလေ..

Apprenticeship said...

Sadu da kau ai yaw... B.E.D.C grai tam yak ai.. Mu yang mung naw tsun dat rit yaw. :P

လင်းကြယ်ဖြူ said...

ကျွန်တော်ကတော့ပြည်သားပဲ..ဒါပေမယ့်က္ဂမ်းယာမကြိုက်ပါ။ထန်းရည်တော့ကြိုက်တ
တယ်..ဟဲ..ဟဲ...BEDC လေးမှတ်သားလောက်ပါပေတယ်ခင်ဗျာ

တောင်ပေါ်သား said...

အမရေ လာခံစားသွားပါတယ် ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘ၀လေးပါပဲဗျာ လောက်ကမှာ BEDC လိုအားလုံးပြည့်စုံဖို့မလွယ်ပေမဲ့ သာယာပျော်ရွှင်တဲ့ အိမ်လေးတွေ တည်ဆောက်နိုင်ကြပါတယ်း)


လေးစားလျက်
တောင်ပေါ်သား

minsoesan said...

Ama yay..read nay yin ne' ama toe twe pratical room hte' ka table paw mar le' kya kya dar ko myin yaung pi tot a yan yee chin te..:)...I le BEDC ne' pyi sone te' kg ma lay ta yout tot shar oo me...help pi tot le shar pay par oo::::):)

yamhpat said...

BEDC hpe sa hti ngun la lu sai majaw, tam hkawm wa na sai yaw.
bai hkrum ga i,

Unknown said...

အော်........အမက မြစ်ကြီးနားသူကိုးးးးးးးး
အမကို ...... ဘဲဘဲကြီးက ”မင်းဟာငါ့ဘ၀ရဲ့အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပဲ” ဆိုရင် ဘဲဘဲကြီးကို ပြန်မေးလိုက် အမက အချစ်ဆုံးနဲ့ နောက်ဆုံးအချစ် ဆိုတော့ အရင်အချစ်တွေ ရှိဘူးလားလို့......... :D :P အချွန်နဲ့ မပြီး ပြေးပြီ........ ဟီးးးး

မိုးခါး said...

bedc ကိုလိုက်ရှာဦးမယ် အမရေ :D
လောဘတော့မကြီးပါဘူး .. e c ရှိဖို့တော့ ပိုအရေးကြီးမယ်ထင်တယ် ..း)
ပျော်ရွှင်ပါစေမရေ ..း)

Anonymous said...

B E D C
B E D C
B E D C
ထင်တော့ ထင်တယ် .. ကြော်ငြာဝင်တော့ မယ်လို့ ...
ထင်တဲ့ အတိုင်းပဲ သားသားတို့ ဖေဖေ ကြော်ငြာ ဝင်ချလာပါတော့တယ် ... :D
ကောင်းပါတယ်ဗျာ .. ကြည်နူးစရာပါ .. B E D C ဆိုတဲ့ ၄ ချက်လုံးနဲ့ ပြည့်စုံနိုင်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ဆိုတာကလည်း တကယ်တော့ မလွယ်ပါဘူး .... ၂ ချက်ပြည့်စုံတယ် ဆိုရင်ပဲ တော်တော်လေး ကျေနပ်ဖို့ ကောင်းနေပါပြီ .. အဲ့ထဲမှာ ပိုကျေနပ်ဖို့ ကောင်းတာက .. C လေးပါနေတာပါ ... Perfect ပါပဲ
နေဒေးသစ်။

Julia Saw said...

Oh ! a ma ! It is very fascinating story of your love. great !