Saturday, June 6, 2009

ခန္တီးရှမ်းစာပေ

ကျွန်မနဲ့အတူ စာပေသင်တန်းအတူတက်ခဲ့ဘူးတဲ့ ခန္တီးရှမ်းဆရာတစ်ယောက်ဆီကနေ မနေ့က Email ရတယ်၊ သူ့ရဲ့ ခန္တီးရှမ်းစာတတ်မြောက်ရေးသင်တန်း(Literacy Class) ဘယ်လောက်အောင်မြင်တဲ့ အကြောင်းကိုပါ ကြွားလိုက်တယ်လေ။ ဓာတ်ပုံ သုံးပုံပါထည့်ပေးလိုက်တယ်လေ။ ကျွန်မလည်း ခန္တီးရှမ်းလူမျိုးရဲ့ အခြေခံဖတ်စာအုပ်ပြုလုပ်ခြင်းသင်တန်းနဲ့ ဆရာဖြစ်သင်တန်း(Teacher Training)တွေမှာ Trainer အဖြင့်ပါဝင်ကူညီခဲ့ဘူးတယ်။ ခန္တီးရှမ်းလူမျိုးများဟာ ရှမ်းလူမျိုးအနွယ်ဝင်ထဲက လူမျိုးတစ်မျိုးဖြစ်တယ်၊ ကချင်ပြည်နယ်တစ်ဝိုက်နဲ့ ပူတာအိုဘက်မှာ အများဆုံးနေထိုင်ကြောင်းသိရတယ်။
ခန္တီးရှမ်းစာပေဟာ ရှမ်းကြီးစာပေနဲ့ သိပ်မကွာဘူး၊ ခပ်ဆင်ဆင်ဘဲ။ ဒါပေမယ့် စကားတော့ အများဆုံးမတူကြဘူး။ စလုံးပေါင်းအသုံးအနှုန်းကို မြန်မာဗျည်းအက္ခရာနဲ့ အခြေခံပြီး အသုံးပြုကြတယ်။
ဒါနဲ့ကျွန်မလည်း ဘလော့ဝ်သူငယ်ချင်းများဖတ်ရှုနိုင်အောင်လို့ ဓာတ်ပုံနဲ့အတူ ထပ်ပြီးဝေမျှလိုက်တာပါ။



ဒီပုံက Big Book ပေါ်မှာစာလုံးတွေ၊ ပုံတွေကိုထောက်ပြီး သင်ကြားနေတဲ့ပုံပါ။



ဒီပုံကတော့ Literacy Class မှာ သီချင်းများ၊ ရိုးရာအကများဖြင့် သင်ကြားနေတဲ့ပုံပါ။



ဒီပုံကတော့ သင်တန်းပြုလုပ်စဉ် ၀ိုင်းဖွဲ့ ကစားနေကြတဲ့ပုံလေးပါ။


Type rest of post here

3 comments:

လင်းကြယ်ဖြူ said...

ပျော်စရာကြီးနော် အစ်မ...

Unknown said...

စာလာသင်တယ်...... ဂျာမုန်းဒန်ရေ.....

မဟာဆန် said...

တခြား activities တွေကိုလည်း မျှဝေပါအုံး