ငါးကင်ပေါင်းနဲ့အခြားဟင်းလျှာ
ကဲအဆင်သင့်ပဲနော်။ ထိုင်စားလိုက်ရုံပဲ။ ခါတိုင်းဆိုရင် ထမင်းချက်ဖို့မေ့မေ့ သွားတယ် ဒီတခါတော့စေသနာအပြည့်နဲ့ အားလုံးပြင်ဆင်ထားပေးပါတယ်။ အ၀သာစားသွားနော်။ ပန်းကန်၊ ဇွန်းအားလုံးအဆင်သင့်ပဲနော်။
ဒါကတော့ ဒီနေ့အတွက်အထူးပြုလုပ်ထားတဲ့ ငါးပေါင်းကင်ပါရှင့်၊ Oven ထဲမှာပေါင်းကင်လုပ်ထားလို့ ငါးပေါင်းကင်လို့အမည်သပ်လိုက်တယ်။ လက်နဲ့ဖြစ်ဖြစ်၊ တူယူလာပြီးဖြစ်ဖြစ်စားဖြစ်အောင်တော့စားသွားနော်။ နက်ဖြန်ဆိုမချက်ကြွေးတော့ဘူး။ ဒါဒီနေ့အတွက်ပဲနော်။
ဒါကတော့ငါးစိမ်းကိုအစာပလာတွေနဲ့နယ်ထားပြီးပုံပါ။အဆင့်သင်ကင်ဖို့လုပ်ထားတာပါ။
ဒီငါးကတို့ဆီမှာ တခါတရံမှဝယ်လို့ရတာပါ။ Panny Mark's က၀ယ်လာတဲ့ငါးပါ။ ဒါမျိုးအကောင်ငါးကောင်ကိုသေချာထုတ်ပြီးပါတ်ကင်လိုက်ရောင်းထားတာကိုဝယ်လာတာပါ။ တို့ဆီမှာက တစ်ကောင်တစ်ကျပ်နှုန်း အားလုံး 5 Euro နဲ့ဝယ်လာတာပါ။
ပြုလုပ်နည်းလေးပြောပြမယ်နော်။ ငါးကိုရေသေချာဆေးပြီး စစ်ထားမယ်။ ပြီးတော့ ဆား၊အချိုမှုန့်၊ဂျင်းရည်ညှစ်ထည့်၊ငရုတ်ကောင်းမှုန့်နှင့်တရုတ်အမွှေးအကြိုင်မှားနှင့်သမအောင်နည်းပြီးဆယ်မိနစ်ခန့်နပ်ထားပါ။ များများနပ်ထားလေးကောင်းလေးပဲ။ ပြီးတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက်၊နံနံပင်နှင့်ပင်စိမ်းများကိုထောင်းထားပြီးဆီလေးအနည်းငယ်နဲ့ဆီသပ်ထားမယ်။ ဒီထဲမှာလဲ..ဆား၊ အချိုမှုန့်ကိုသမအောင်ထည့်ဖို့မမေ့နဲ့နော်။ ဒါမှအားလုံးမှာ အရသာရှိမှာလေ။ ဆီလေးသပ်ပြီးထည့်တော့ ပိုစားလို့ကောင်းတယ်။ ဆီသပ်ပြီးရင် နယ်ထားတဲ့ ငါးဝမ်းဗိုက်အတွင်းမှာ အစာသွပ်ထည့်ပါ။ ဒါပြီးရင်တော့ မီးမလောင်တဲ့ငွေစက္ကူပြားထဲသေချာစီထည့်မယ်။ အပေါ်မှာနံနံပင်၊ ပင်စိမ်းကိုအရွက်လိုက်တင်ပြီးကင်လို့ရပြီ။ တို့ဆီမှာကအရွက်သိပ်မဆုံဘူး။ ဒါပေမယ့် ရှိတဲ့အရွက်လေးနဲ့လုပ်စားရတာပေါ့။ Oven မရှိရင် မီးသွေးမီးဖိုမှာကင်ရင်လည်းရတယ်။ ချောက်ချောက်လေးနဲ့ပိုတောင်စားလို့ကောင်းမယ်။ ဒို့ဆီမှာက Oven ဘဲရှိတော့ ဒါနဲ့ပဲကင်ပေါင်းလုပ်ရတော့မှာပေါ့။ ကဲလုပ်စားကြည့်ပါ၊ မရှင်းရင်ပြန်မေးလို့ရတယ်နော်။
ဒါလေးက ခရမ်းသီးမီးဖုတ်ပြီးသုပ်ထားတာပါ။
ပြုလုပ်နည်းလေးပြောပြမယ်။ ခရမ်းသီးအလုံးကြီးတစ်လုံးကိုမီးဖုတ်ထားမယ်၊ ခရမ်းချဉ်သီးတစ်လုံးကိုပါမီးဖုတ်ထားမယ်။ မီးဖုတ်ပြီးခရမ်းသီးကို အခွံခွာ၊ ခရင်းဇွန်းလေးနဲ့အမျှင်ရှည်ရှည်သေးသေးလေးချစ်ပြီးသုပ်မည့်ပန်းကန်းထဲထည့်။ ဓားနဲ့တောက်တောက်စဉ်းကသိပ်မစားကောင်းဟုစိတ်ထဲမှာထင်မိလို့ ခရင်းနဲ့ချစ်ခိုင်းတာပါ။ခရမ်းချဉ်သီးမီးဖုတ်ကိုပါဓားနဲ့တောက်တောက်စဉ်းပြီးထည့်မယ်။ အခွံပဲနွ့ပြီးစဉ်းနော်။ရေမဆေးလိုက်ပါနဲ့။မီးဖုတ်ပြီးရေဆေးလိုက်ရင်စားလို့မကောင်းပါ။ ဒါပေမယ့်သန့်သန့်လေးကင်ဖို့တော့လိုတာပေါ့။ကြက်သွန်နီပါးပါးလှီးရေးဆေးပြီးထည့်ပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထည့်၊ ဆား၊အချိုမှုန့်၊ ဆီသန့်လေးအနည်းငယ် နဲ့နံနံပင်ပါးပါးလှီးထည့်ပြီး သုပ်လို့ရပါပြီရှင်။ ကြိုက်တတ်ရင် ပဲပုတ်ပြားလေးမီးဖုတ်ပြီးချေထည့်ရင်လည်းအရသာပိုရှိတယ်။ အရသာကိုအချဉ်အစပ်အငံကိုကြိုက်သလိုထည့်နိုင်ပါတယ်။ ကဲ..အရသာရှိတဲ့ခရမ်းသီးမီးဖုတ်သုပ်လေးရသွားပါပြီ။ လုပ်စားကြည့်နော်။
ဒါလေးက အတင့်ဝယ်လာတဲ့ ၀က်သားမြောင်းရှည်လေးများကိုဒီလိုလေး အစိမ်းကြော်ထားတာပါ။ စားသွားနော်။ တရုတ်နံနံလေးအုပ်ထားတော့အရသာလေးကတစ်မျိုးလေးနဲ့ စားလို့ကောင်းတယ်ရှင့်။
ဒါလေးက ဂျာမန်ဆလတ်ရွက်အနီပါရှင့်။ တို့ဆီမှာက ဆလတ်ရွက်ကို နှစ်မျိုးစားလို့ရတယ်။ အဖြူ၊ အနီပေါ့။ အနီကတော့ဈေးနည်းနည်းကြီးတယ်။ စားကြည့်နော်။
ဒါကတော့ တို့ဆီက ခရမ်းချဉ်သီး အ၀ါရောင်ပါ။ သုပ်စားကအရမ်းကောင်းပါတယ်။ သယ်သွားနိုင်ပါတယ်ရှင်။ မိတ်ဆွေတို့အတွက်ဝယ်လာတာပါ။
ကဲ....ဂျာမုန်းဒန်က အားလုံးအတွက် ရှယ်ချက်ထားတာနော်။ အားနာရင်တော့ငတ်မယ်နော်..ဟီး။ စတာပါ.....အားလုံးစာသွားရမယ်နော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here
18 comments:
အမဂျာရေ သက်သားတော့ မစားဘူး ကျန်တာအကုန်စားသွားတယ် မနက်ဖြန် မချက်ကျွေးမှာလဲ ကြောက်လို့ ဒီနေ့ဘဲ အကုန်စားသွားတယ်
အားးးးးးးးးး
စားလို့ ကောင်းလိုက်တာ ...
ခရမ်းချဉ်သီးမီးဖုတ်သုတ် အရမ်းကြိုက် ...
ငါးကင်ပေါင်းတော့ လက်နဲ့ တီးတယ် ...
ဇွန်းနဲ့ဆို အားမရလို့ ...
ကောင်းမှကောင်းပဲ ...
ကျေးဇူး ..
နေဒေးသစ်။
ငါးမီးကင်ပေါင်း + ခရမ်းချဉ်သီးမီးဖုတ်သုတ် = ဗိုက်တင်းစားလို့ကောင်း
ကချင်မော်ဒယ်မလေးများ + ကချင်မော်ဒယ်မလေးများ = ဟဲ.ဟဲ.မိုက်တယ်ဗျာ
မဂျာမုန်းဒန် + ဟင်း = နေ့တိုင်းချက်တာ တော်လိုက်တာ...
(ကျွန်တော်ဆို ကြက်ဥပဲ ကောင်းကောင်းပြုတ်တတ်တာ..း )
မမရေ....လာဝါးသွားတယ်...
ငါးကင်ကမိုက်တယ်...ဝေးးး
ခရမ်းချဉ်သီး အ၀ါက weight ချချင်ရင်များများစား
လို့ရတယ်ဟုတ်....။
ဂျစ်အကြိုက်ပဲ...................။
ချစ်တဲ့
ဂျစ်
di ta khar tot thit pi tot lar ma sar kya tay bu..taw tay de..but nay day thit, lin kye phyu ne' git tuu toe ka tot a chane mi be' naw..:):)..comment twe ko read ya dar le' yee ya de..ama yay..photo ne' tin arr ma ya lo home ko lar sar oo me naw...:):)
ငါးကင်လာစားတယ်။ ပြီးတော့ ခရမ်းသီးမီးဖုတ်သုတ်။
ဒီနေ့ တော့ ဒီလောက်ဘဲစားမယ်နော်။
နောက်လူတွေအတွက်ချန်ထားလိုက်ဦးမယ်။
း)
ရှောင်းဂျာရေ..................
မြူးလေးတွက် ငါးကင်နော်....ရှောင်း
ချစ်တဲ့
မြူးလေး
မြူးဆီကမုန့်ဟင်းခါးစားလာတယ်
ဒီရောက်တော့လည်းထပ်စားတယ်
မပိုင်ဘူးလား ဟဟ :)
ဟင်းတွေက စားလို့ကောင်းမှာပဲ၊
ဖက်ဖယ်ရွက်ကို ကြားဖူးတယ်၊ ဘယ်လိုလဲမသိဘူး၊
ကိုယ်လဲ ဟင်းတွေစပယ်ရှယ်ချက်ပြီး စားခါနီးမှ ထမင်းမချက်ရသေးတာ သိတာ ခဏခဏပဲ။
မမရေ
လာစားတာနောက်ကျသွားပြိ။ ကျန်တာလေးတွေနည်းနည်းစားသွားတယ်နော်.
ငါးပေါင်းကင်လာစားတယ်။ အရမ်းကြိုက်တာနော်။ ခရမ်းသီး မီးဖုတ်သုပ်လဲ ကြိုက်တယ်။ ငါးကင်မြင်လို့ အိမ်ကို သတိရတယ်လေ။
တော်ပါသေးရဲ့ မီသေးတယ် ငါးကင် ၂ကောင်စားရင် ကင်နည်းလေးကိုဖတ်သွားတယ် အဟီး တကယ့်စားရလို့ကတော့ အမနော် သရေ ကျအောင် လုပ်တယ်း)
အလကားရရင် ပဒိုင်းသီးတောင် အရူးခံစားတာဗျ ဒီတော့ စားတယ်ဗျာ။ ပါးဖြဲ၊နားဖြဲကိုစားတာ။
မဂျာမုန်းရေ လာသာလာရတာ ခပ်လန့်လန့်ဗျ ဘာလို့လဲ ဆိုတော့ အိမ်ရှင်ကတော့ စေတနာနဲ့ကျွေးတာပဲ ဒါပေမယ့် ဧည့်သည်ကတော့ ဟီး ဟီး မနက်ကတဲ က လာကြည့်သေးတယ်ဗျ..
အဲဒါနဲ့ပဲ ဒီနေ့အလုပ်နားတာနဲ့ LIDL မှာခရမ်းသီးတွေ တွေ့တာနဲ့ ဝယ်လာပီး ကင်သုပ်စား လိုက်တယ် ဟီးးးး
နေ့တိုင်းအပြန်စားကြီးပါလား။ လုစားချင်စိတ်ပေါက်လာပြီနော်။
အစ်မ အဲဒီငါးက Forelle လား..
လတ်လတ်ဆပ်ဆပ်ရတာလား ရေခဲထားတာလားဟင်
အရမ်းတော်တာပဲ
ညီမဆို ချက်ဖို့ မစဉ်းစားဘူး စားဖို့ပဲစဉ်းစားတယ် :P
ခရမ်းသီး မီးဖုတ်သုတ်
အရမ်း စားချင်တာပဲ ...
Post a Comment